*!*!*!*!* မင်္ဂလာပါ *!*!*!*!*
"ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ" ပရဟိတ အဖွဲ့သည် ဘာသာရေး ကို အခြေခံ၍ ပညာရေးနှင့် သက်ဆိုင်သော လူမှုရေး လုပ်ငန်းများကို လုပ်ဆောင်ပေးနေသည့် အဖွဲ့ဖြစ်ပါသည်။
မြန်မာပြည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်ပေးနေသည့်အတွက် ပြည်တွင်း၊ ပြည်ပ အနယ်နယ် အရပ်ရပ်မှ အလှူရှင်များကို ၀မ်းသာလှိုက်လှဲစွာဖြင့် ဖိတ်ခေါ် ကြိုဆိုပါသည်။
အဖွဲ့အတွက် လစဉ်အလှူငွေ တစ်လ တစ်ထောင်ကျပ်မှ စတင်၍ ၄င်းထက် တတ်အားသ၍သော်လည်းကောင်း
မတည်အလှူငွေကိုသော်လည်းကောင်း၊
အလှူရှင်များ တတ်စွမ်းသည့် အင်အားမှ အနည်းအများ မဆို ပါဝင်လှူဒါန်းနိုင်ပါသည်။
ကလေး၊ လူငယ်များအား
ဘာသာ သာသနာကို ချစ်သော စိတ်ဓာတ်၊
ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်တတ်သော စိတ်ဓာတ်၊
တိုင်းပြည်ကို ချစ်သော စိတ်ဓာတ်
စသည်စသည် များစွာတို့ကို မွေးထုတ်ပေးရင်း သာသနာပြုနေသည့် အဖွဲ့ ဖြစ်သဖြင့် အလှူရှင်များ လှူဒါန်းလိုက်သော အလှူဒါနများသည် သာသနာတော်အတွက် သာမက တိုင်းပြည်နှင့် လူမျိုးအတွက်ပါ အထောက်အပံ့များစွာ ဖြစ်သော အလှူဒါနများ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
သာသနာတော် အကျိုးအတွက် အဖွဲ့တွင် ပါဝင်လှူဒါန်းနေကြသည့် အတွက်လည်း ၀မ်းမြောက်ဝမ်းသာစွာ သာဓု အနုမောဒနာ ခေါ်ဆိုရင်း
လောကီအကျိုးအပြင်၊ လောကုတ္တရာ အကျိုးပါ ပြည့်စုံနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းများလည်း တောင်းပေးလိုက်ပါသည်.....
အဖွဲ့၏ ရည်ရွယ်ချက်
(၁) အမှန်တကယ် လိုအပ်နေသော ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင် ပညာရေးကျောင်း (ဘ/က ကျောင်း) များကို လှူဒါန်းထောက်ပံ့ရန်၊
(၂) အမှတ်ကောင်းကောင်းဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ပြီး အဆင့်မြင့် ပညာများ (ဥပမာ - ဆရာဝန်၊ အင်ဂျင်နီယာ… အစရှိသည်တို့) ထပ်မံဆည်းပူးရန် အတွက် ငွေကြေးအခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ဆု ချီးမြှင့် ထောက် ပံ့ရန်၊
(၃) Under Graduate ဘွဲ့ ရရှိပြီးသော်လည်း Post Graduate မဟာတန်းသို့ တက်ရောက်ရန် အရည်အချင်းပြည့်မီပြီး ငွေကြေးအခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူများကိုလည်း ပညာသင်ဆု ချီးမြှင့် ထောက်ပံ့ရန်။
ဤအဖွဲ့မှနေ၍
ပြည်တွင်း၊ ပြည်ပ အလှူရှင်များနှင့် အလှူတော်ငွေများ လချုပ် စာရင်းများ
အလှူဒါန သတင်းအချက်အလက်များ
စသည်တို့ကို အလှူရှင်များ၏ မေးလ်အကောင့်များ သို့လည်း ပို့ပေးပါသည်။
အဖွဲ့နှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို
Facebook Group စာမျက်နှာ http://www.facebook.com/groups/donors2012/ တွင် Join လုပ်ခြင်းဖြင့် လည်းကောင်း၊
ဗုဒ္ဓကမ္ဘာ တရားဓမ္မ ဆိုက်တွင်ရှိသော အဖွဲ့၏ စာမျက်နှာတွင်လည်းကောင်း ၀င်ရောက် လေ့လာနိုင်ပါသည်။
http://buddhismworld.ning.com/group...
(သဘာဝဘေးအန္တရာယ်အတွက်နှင့် အခြားသော လှူဒါန်းမှုများကို အဖွဲ့၏ အလှူငွေ အင်အားများလာသော အခါတွင်သာ ကူညီပေးနိုင်မည်ဖြစ်သည်။
ယခုအခြေအနေတွင် အထက် ဖော်ပြပါ ရည်ရွက်ချက်များကိုသာ စီစဉ်ပေးနိုင်မည်ဖြစ်သည်)
အရှင်ဉာဏဒီပ (ဓမ္မရတနာ)
အဖွဲ့၏ ဦးဆောင်နာယက ဆရာတော်
nyanadipa@gmail.com
http://www.ashinnyanadipa.com
http://www.facebook.com/Ashin.Nyana.Dipa
No comments:
Post a Comment