ရှေးရေစက် ပါရမီ
၁-ရေမြေခြားသော်လည်း ရှေးရေစက်ကြောင့် ဆရာ၊ဒကာ နေနှင့်ကြာတွေ့ ဆုံသောအခါ
၂-ပါရမီ ဖြည့်ဖို့ 
၃-ဆုတောင်းကောင်းလို့
၎-ဆုတောင်းမှန် သောတာပန်
၅-ကုသိုလ်စေရာ နိဗ္ဗာန်သို့ သာ
အတိတ်ဘဝ ရှေးရေစက်များကြောင့် ရေမြေတွေ အဘယ်လောက်ပင် ခြားနေသော်
လည်း အမေရိကန်နိုင်ငံကယ်လီဖိုးနီးယား၊စန်ဖရန် စစ်စကို၊ တက်ကဆက်၊ ကင်တာကီ ၊
နယူးယောက်မြို့ များသို့ မေလ၁၁ရက်မှဇူလိုင်၁၂ရက်၂၀၁၁ နှစ်လတာကြာအရောက်
ကြွလာကာရက်(၂၀)တိတိနယူးယောက်မြသသုပညရှိနန္ဒသစ္စာတရားရိပ်သာတွင်ဝိပဿနာ
အထူးကျင့်စဉ်တရားပွဲ နောက်ဆုံးမပြန်ခင်ရက်နောက်ဆုံးနှုတ်ဆက်တရားလေး
ဟောကြားနေသောမြောက်ဦးဆရာတော်အရှင်ဝါယမိန္ဒ၏တရားအသံများသည်
နယူးယောက်မြို့ ရှိရဟန်းဒကာ ရဟန်းဒကာမများ၏ရင်ဝယ်စွဲနှစ်အောင်ကျန်ခဲ့ရသော
ဓမ္မအနှစ်သာရ အသိဥာဏ်ပွားများစေခဲ့သောတရားများကိုအများသူငါသိစေလိုလွန်းသော
ဆန္ဒ ဖြင့်တရားစကားလုံးများကိုဤ ရှေးရေစက်ပါရမီ ဆောင်းပါးလေးအဖြစ် ရေးသား
တင်ပြလိုက်ရပါသည်၊
----
ရေမြေခြားသော်လည်း ရှေးရေစက်ကြောင့်
ချိုသာအေးငြိမ်းသော ဆရာတော်၏နောက်ဆုံးနေ့ တရားပွဲတွင် နှုတ်ဆက်စကား
တရားသံများမှာ-------------
လောဘကို နှုတ်မည်၊ အလောဘကို ဆက်ရမည်၊
ဒေါသကို နှုတ်မည်၊ အဒေါသကို ဆက်ရမည်၊
မောဟကို နှုတ်မည်၊ အမောဟကို ဆက်ရမည်၊
ဒိဋ္ဌိ မာနကိုဖြုတ်ရမည်၊ ပညာတရားကို ဆက်ရမည်၊
နှုတ်မည်ဆက်မည် နှုတ်ဆက်ခဲ့ပါသည်။
လောဘ၊ဒေါသ၊မောဟ၊မာန နှင့် စည်းစိမ်ဥစ္စာတွေကို အိမ်မှာဘဲထားခဲ့ပါ ရိပ်သာတို့ 
တရားအားထုတ်တဲ့ နေရာတို့ ကို ယူမလာခဲ့ကြနဲ့ ။
ပါရမီဆိုတာ အခုချက်ခြင်းဖြည့်လို့ ရတာမဟုတ်ဘူး၊ ဒီဘဝတခုထဲမှာ ဖြည့်ကျင့်လိုက်
ရတာမဟုတ်ဘူးနော်၊
အတိတ်ဘဝပေါင်းမြောက်မြားစွာ ကဖြည့်ကျင့်လာခဲ့ရတဲ့ပါရမီဓာတ်တို့ သည်ဘုရားနှင့်တွေ့ 
လျှင်ချက်ခြင်း ဖူးပွင့်ကြရသည်။
ရေကန်တွင်းရှိ ပဒုံမာကြာပန်းသည်လည်း နေရောင်မထိခင်ကာလ ငုံနေရပြီး နေရောင်ခြည်
ထိတွေ့ ခွင့်ရသော်ပွင့်အာလာကြရဘိသကဲ့သို့ ၊
အတိတ်ကပါရမီများရှိနေခဲ့သော်လည်းတရားအသိဥာဏ်မရှိသေးသူများသည်သူ့ ဆရာနှင့်
သူ့ ဒကာတွေ့ ခွင့်မရသေးလျှင်တရားအသိများငုံ့လျိုးနေရချေသည်။
သူ့ ဆရာ နှင့် သူ့ ဒကာ တွေ့ သည်နှင့် ချက်ခြင်း ပဒုံမာကြာငုံ နေနှင့်ထိတွေ့ ကပွင့်အာလာ
ရသကဲ့သို့ အတိတ်ဘဝပါရမီဆက် ရှေးရေစက်ရှိခဲ့ကြသောဆရာနှင့် ဒကာဆုံတွေ့ သည်ရှိသော်
ဘာတွေပွင့် လါရသလဲ၊ သစ္စာ၎ပါးဟူသောသစ္စာပန်းတွေပွင့်လါရတာပေါ့ ၊
နေလည်း ကွယ်သွားရော- ကြာပန်းလေးပြန်ငုံသွားတတ်သလိုတချို့ လည်းပွင့်အာသွားတတ်
ကြတယ်။
ကုမုဒြာကြာတွေ ညအခါ လရောင်မှာ ပွင့်လါကာအလွန်လှကြသော်လည်း နေ့ လည်ကျညိုးနွမ်း
ပျက်စီး သွားတတ်ကြသည်၊ ထို့ နည်းအတူ ဆရာနှင့် ဒကာဆိုတာ ဘယ်တုံးကပါလာတာလဲ၊
လွန်လေပြီးသောဘဝအဆက်ဆက်သံသရာအဆက်ဆက်ကကုသိုလ်ကံတရားတွေကြောင့်ပေါ့။
ပဋ္ဌာန်းထဲမှာဘုရားဟောကြားထားတာကြည့်လေ။“ပုရိမာ ပုရိမာ ကုသလာဓမ္မာ၊ပစ္စိမာနံ ပစ္စိမာနံ
ကုသလာနံ ဓမ္မာနံ”။အနန္တရ၊ဥပါနိဿယ၊နိဿယပစ္စည်းများဖြင့်ကျေးဇူးပြုကြသလိုဘဲ
ဆရာ ဒကာ နေနှင့်ကြာ တွေ့ ဆုံသောအခါ
အတိတ်မှကုသိုလ်ရှိသူမှသာကုသိုလ်ရှိသောသူများနှင့်ဆုံစည်းကြရသည်။အတိတ်ကံကြောင့်
ဆုံစည်းလာပါကအံ့မခန်းလောက်သောကုသိုလ်စိတ်များတိုးပွားခွင့်ရရခြင်းသည်အခုဒကာ၊
ဒကာမတို့ ရဲ့ အတိတ်ဘဝပေါင်းများစွာက ဖြည့်ဆည်းကြခဲ့တဲ့ကုသိုလ်ပါရမီ ဖြည့်ဖက်၊
ရှေးကရေစက်တွေကြောင့်ပေါ့ ။
အခုလို့ပြန်လည်ပြီးဘယ်လောက်ဘဲပင်လယ်သမုဒ္ဒရာကန္တာရခရီးတွေကြမ်း တမ်းပြီးဝေးကွာနေပင်ငြား သော်လည်း ပြန်လည်ဆုံဆည်းကြရသောခဏလေးအချိန်
အတွင်းမှာခဏလေးအသံကြားလိုက်ရရုံနှင့်တရားနာချင်၊တရားအားထုတ်ချင်၊တရားတွေ
ရှုမှတ်ချင်လာသောစိတ်များတဖွားဖွားဖြစ်ပေါ်လာရတာဟာအတိတ်ရှေးရေစက်ပါရမီကြောင့်ပါ။
အဲလိုဆုံတွေ့ လိုက်ကြရလို့ တရားတွေနာ၊တရားတွေရှုမှတ်ရင်းထူးခြားသောအသိဥာဏ်လေးတွေ
သိခွင့် ရခဲ့ကြတယ်မဟုတ်လား၊
ဒီလိုထူးခြားသော ဓမ္မအသိ၊သစ္စာတရားအသိ၊ရုပ်နာမ်သင်္ခါရဓမ္မတွေကိုထိုးထိုးထွင်းထွင်း
သိလာသောအသိ၊အနိစ္စ၊ဒုက္ခ၊အနတ္တကိုသိမြင်နိုင်သောအသိတွေ ဖြစ်ပေါ်လာရခြင်းဟာ
အတိတ်ကံတရားများကြောင့်ပါဘဲ။ ဒီအတိတ်ကံတရားတွေက ကျေးဇူးပြုလိုက်လို့ ပစ္စုပ္ပန်မှာ
အကျိုးဖြစ်ရတာပါ။အကြောင်းမရှိဘဲအကျိုးမရှိနိုင်ဘူးနော်၊ဘဝပေါင်းများစွာသော
ဘဝတွေမှာဒီဘုန်းကြီးကြောင့်လည်းဒကာ၊ဒကာမတွေ သောကပရိဒေဝ တွေဖြစ်ခဲ့ရသလို
ဒီဒကာ၊ဒကာမတွေကိုအကြောင်းပြုပြီးဒီဘုန်းကြီးတို့ လည်း သောကတွေအများကြီးရခဲ့ ပြီးပါပြီ။
ဘဝဆိုတာတိုတောင်းသလား၊ အရှည်ကြီးလား၊( တိုတိုလေးပါဘုရား)ဟုတ်တယ်၊ဘဝဆိုတာ
တိုတိုလေး နော်။အမေ၊အဖေအဖြစ်၊အကိုအမညီအကိုမောင်နှမအဖြစ်၊မိသားစုအသိုင်းအဝိုင်း
အဖြစ်နဲ့  ဒါနသီလဘာဝနာပါရမီစသည့် ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့ကြရတာ၊ ဖြည့်ကျင့်ခဲ့
ကြရတာ၊
ဒီနေ့ ဒီနေရာမှာ ပြန်လည်ဆုံစည်းကြချိန်ကုသိုလ်တွေလုပ်ခွင့်ပါရမီတွေ ဖြည့်ခွင့်ရကြရတာပေါ့ ။
ပါရမီဆိုတာ -ဖြည့်ဖို့ 
ဆရာတော်ဘုရား၏ဂရုဏာဖြင့်တိုက်တွန်းချက်များသည်ပါရမီဖြည့်ရန်တွန်းအားပေးနေသကဲ့သို့ ။
အရာရာတိုင်းမှာကောင်းသောအာရုံနှင့် မကောင်းသောအာရုံ၂ ခုရှိသော်လည်း ကောင်းသော
အာရုံကိုသာလက်ခံထား၊ ကောင်းသောမနောကံ၊ ကောင်းသောဝစီကံ၊ကာယကံများကိုဘဲလုပ်သင့်
တယ်နော်၊အကုသိုလ်စကားဆို ခုလဲမပြောနဲ့ ၊ နောက်လည်းမပြောနဲ့ ၊
တရားထိုင်စဉ်မှာသီးခံမှတ်ပါ။သည်းငြီးခံပါ၊ဇွဲရှိပါ၊စိတ်ရှည်ရှည်ထားပါ။သတိနှင့်ဝီရိယကိုတင်ထားကြ ပညာဥာဏ်နှင့်ရှုလို့ အနားမှာထိုင်ရင်းတဖွဖွပြောနေရတာ မုန်းလို့ မဟုတ်ပါဘူးအသိထူးဥာဏ်ထူးတွေ
ရစေချင်လွန်းလို့ ၊ဝီရိယပါရမီ၊ခန္ဓီပါရမီတွေတိုးတက်စေချင်လွန်းလို့ ပါ၊ဘုန်းဘုန်းတို့ အတွက်မဟုတ်၊
မိမိကိုယ်တိုင်ကျင့်မှကိုယ်ပိုင်ရမဲ့ တရားတွေပါ။ဘုန်းဘုန်းဘယ်လောက်ခိုင်းခိုင်း ကိုယ်ကမကျင့်ရင်
၊မရှုမှတ်ရင်၊တရားမထိုင်ရင်ဘာတရားအသိမှမရနိုင်ဘူး၊
ဤနေရာတွင် ရှေးရေစက်ပါရမီ ဖြည့်ကျင့်ခဲ့ရသည်များကိုသိစေချင်သောဆန္ဒဖြင့်စာရေးသူသည်
ပါရမီနှင့်ပတ်သက်၍ အနည်းငယ် ဖြည့်စွက်ရေးသား ပြလိုက်ပါသည်။
ပါရမီ = မြင့်မြတ်သူတို့ ၏လုပ်ငန်းစဉ်
၁-ဒါနပါရမီ = ပေးကမ်းလှုဒါန်းစွန့် ကြဲမှုကို ဖြည့်ကျင့်ခြင်း၊
၂-သီလပါရမီ = ၅ ပါး၊ ၈ ပါး၊ ၁၀ ပါးသီလစောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း၊
၃-နေက္ခမ္မပါရမီ = ကာမဂုဏ်မှ ထွက်မြောက်မှုကို ဖြည့်ကျင့်ခြင်း၊
၎-ခန္တီပါရမီ = သည်းခံခွင့်လွှတ်ခြင်းကို ဖြည့်ကျင့်ခြင်း၊
၅-သစ္စာပါရမီ = အမှန်အတိုင်းပြောဆို၍ ပြောသည့်အတိုင်းလိုက်နာပြုကျင့်မှုသစ္စာကိုဖြည့်ကျင့်ခြင်း၊
၆-မေတ္တာပါရမီ =သတ္တဝါများကိုမိမိနှင့်ထပ်တူ ချစ်ခင်စိတ်ထားရှိရန် ဖြည့်ကျင့်ခြင်း၊
၇-ဥပေက္ခာပါရမီ = ချစ်ခြင်း၊မုန်းခြင်းမရှိ ကောင်းဆိုးနှစ်တန်ကိုခံနိုင်ရည်ရှိစေရန် ဖြည့်ကျင့်ခြင်း၊
၈-အဓိဋ္ဌာန်ပါရမီ =စိတ်ဆုံးဖြတ်ထားသည့်အတိုင်း ခိုင်မြဲစွာလိုက်နာကျင့်သုံးမှုကို ဖြည့်ကျင့်ခြင်း၊
၉-ဝီရိယပါရမီ = ဇွဲ၊လုံ့ လ စွမ်းပကားကြီးမားစေရန် ဖြည့်ကျင့်ခြင်း၊
၁၀-ပညာပါရမီ = ဥာဏ်ပညာ တိုးပွားရင့်ကျက်မှုကို ဖြည့်ကျင့်ခြင်း၊
တကယ်အဟုတ်ပါရမီဖြည့်တော့မည်ဆိုလျှင်၁ မှ၁၀ အထိဂဏန်းစဉ်အတိုင်း ၁ ပြီး၂၊
၂ ပြီး၃ ဟူ၍တရားသေပါရမီ ဖြည့်နေရမည်ကားမဟုတ်ပေ။ပါရမီတစ်ချက်ဖြည့်ခြင်းသည်၊
ပါရမီတစ်ကွက်ဖြည့်ခြင်းသည် လူမိုက်ခေါင်းဆောင်ဖမ်းမိသကဲ့သို့ ကိလေသာအားလုံးကို
တပြိုင်နက်မြှပ်သတ်ပေးနိုင်စွမ်းရှိသည်။
ပါရမီတော်တစ်ခုသည် သံယောဇဉ်နွယ်တစ်ခုကိုတာဝန်ခံ ဖြတ်တောက်ရ၏။ပါရမီ ဆယ်ပါးသည်
သိက္ခာ သုံးပါး ( သီလ၊ သမာဓိ၊ ပညာ) တို့ ၏တရားကိုယ်များပင် ဖြစ်သည်။
အကျဉ်းဆိုသော် - သီလ၊ သမာဓိ၊ ပညာ ပါရမီ
ဒါန၊ သီလ ပါရမီခန်းသည် စိတ်လေ့ကျင့်မှု- သီလပါရမီတော်။
နေက္ခမ္မ၊ ခန္တီ၊ သစ္စာ၊ မေတ္တာ၊ ဥပေက္ခာ တိုင်သည့်ပါရမီများသည် စိတ်တည်မှုအလေးပြုသော-
သမာဓိပါရမီတော်၊
အဓိဋ္ဌာန်၊ ဝီရိယ၊ ပညာ ပါရမီ များသည်သိပိုင်မှုကို အလေးပြုရသော - ပညာပါရမီတော်။
ပါရမီဟူသည် ဖြည့်ကျင့်နေခြင်းဟု အဓိပ္ပါယ်ရသည်၊
ပါရမီသည် အကျင့် ဖြင့် တဏှာဖြတ်၊ အသိဖြင့် တဏှာသတ်ရသည်ကိုမမေ့သင့်၊
လက်ထဲရောက်နေသော အခွင့်အရေးများ
ရခဲလှသောလူ့ ဘဝ ၊ သာသနာတော်အတွင်းမှာလဲ လူဖြစ်ရ၊ခက်ခဲနက်နဲသော တရားများ
ကိုလည်း သင်ယူနားကြားနေရသောယခုဘဝသည် နိဗ္ဗာန်၏ အနီးအပါးသို့ ဆိုက်၍နေသော
ဘဝပေတည်း၊
၁- အလွန်ကျင့်၍ အလွန်ရင့်မှပွင့်လေသောဗုဒ္ဓ နှင့်ဗုဒ္ဓခောတ်တို့ လည်းလက်ဝယ်ရှိနေ၏။
ယခုလူ့ ဘဝ တွင်ပါရမီတော်အဆင့်ဆင့်ကိုကောင်းစွာအဆင့်ဆင့်ဖြည့်ကျင့်ခွင့်ရနေသည်၊
၂-ဘုရားနှင့် အရိယာတို့ သာသိနိုင်သောသစ္စာတရားကိုသိခွင့်ရနေသောလူ့ ဘဝသည်လည်း
လက်ဝယ်ရှိ နေပြီ။
၃-ရတနာ၃ပါးနှင့်သာသနာအပေါ်ယုံကြည်အားကိုးမှုသဒ္ဓါကလည်း ပြည့်ဝစွာ လက်ဝယ်
ရှိနေပေသည်။
၎- ယနေ့ ထွက်ခွါရန် ကြိုးစားသော်ယနေ့ ပင်ထွက်လမ်းကြီး “သာ” နေသည်ကိုလည်း
လက်တွေ့ မြင်နေရ၏၊
၅-ကိုယ်တိုင်သိလမ်းပြပေးနေသောအရိယာသူတော်ကောင်းတို့ ၏ကူညီအားကလည်း
မိမိအနား စောင့်စားလျက်အခွင့်အရေးကောင်းကြီးများပင်၊လမ်းသိပြီးသူ ဆရာမှန်ကို
ဆရာတင်ကသံသရာလွတ်လမ်းနိဗ္ဗာန်လမ်းကို ရာနှုန်း ပြည့်ရောက်မည်သေချာသည်။
လူလည်းသက်သာ၊ပါရမီလည်း အမြန်ဖြည့်ရာ ရောက်စေသည်။
ထိုမျှအဖိုးတန်လှသောလက်ပေါ်ရောက်အခွင့်အရေးများကိုမယူတတ်လျှင်အသုံးမချ
တတ်လျှင်အသုံးချလိုစိတ်မရှိခဲ့လျှင်သင်သည်ထီပေါက်လျက်က ထီလက်မှတ်ပျောက်နေ
သူ နှင့်မခြားနား၊သင်လောက်မိုက်ကန်းသူ လောကတွင်မရှိတော့ပြီ။သင်ပိုင်ဆိုင်သော
သာသနာသည် ဒီနေ့ တရက်ထည်းသာ၊မနက်ဖန်သင်သေခဲ့သော်တရားအသိ၊တရားအကျင့်
မရှိခဲ့သော်သာသနာသည်သင်အတွက်မဟုတ်တော့၊သင်နှင့်မဆိုင်အပယ်သာ ရောက်ရ ချေမည်၊
မျောက်ရယ်၊ကလေးရယ်၊ ပတ္တမြားရယ် ရွေးတတ်ရမယ်
မျောက်သည် ပတ္တမြားနှင့် သစ်သီးပေးသော် သစ်သီးသာမက်၏၊
ကလေးကို အစားနှင့် ပတ္တမြားပေးသော် အစားသာမက်၏၊
မျောက်နှင့်ကလေးသည် ပတ္တမြားကို ကောက်ကြည့်၊ မြှောက်ကြည့်၊ ပြီးတော့ ပြန်ချ ပစ်ချထား၏၊
ငုံ့ ကြည့်လိုက်၊ မော့ကြည့်လိုက်၊မျက်နှာလွှဲထားလိုက်နှင့် တခါတရံပတ္တမြားကို ပစ်လဲမပစ်၊
သုံးလဲမသုံးချေ၊
ကာမအဆိပ်သင့်ကာ မေ့လျော့နေသူများသည်လက်ပေါ်သို့ ရောက်နေသော ပတ္တမြားကို
(ဘုရား၊တရား၊သံ ဃာ) မသုံးတတ်သဖြင့်အလွန်ကံကောင်းနေပါသော်လည်း မျောက်အသိ၊
ကလေးအသိလောက်သာရှိနေပါ သေးသည်။
ယခုဘဝမှာသံသရာမှလွတ်မြောက်ဖို့ ရာ ထိုပါရမီ၁၀ ပါး ကိုလက်ဝယ်ရှိနေသော လူ့ ဘဝအခွင့်အရေးများ နှင့် ရှေးရေစက်ကုသိုလ်ပါရမီကို အသုံးချ၍ မြောက်ဦးဆရာတော်ဘုရား၏
အနီးကပ်သွန်သင်ဆုံးမမှုများဖြင့် ဝိပဿနာတရားများကျင့် ကြံ ပွားများ ဖြည့်ကျင့်ခွင့်ရသော
ရဟန်းဒကာ၊ရဟန်းဒကာမသူတော်ကောင်းအားလုံးတို့ သည် ပါရမီမျိုးစေ့များရရှိကာနိဗ္ဗာန်လမ်းကို
တနေ့ တခြားနီး၍သာသွားသောသူများ ဖြစ်ကြမည်သာ။
ဆုတောင်း ကောင်းခဲ့လို့ 
ဆရာတော်ဘုရား၏ အပြုံးများထဲမှ အဆုံးအမစကားတရားများသည် ကား-
အမေရိကန်က ဒကာ၊ ဒကာမတွေ ဆုတောင်းတွေ ကောင်းခဲ့လို့ အခုလို ဘုန်းဘုန်းတို့ နဲ့ 
သာသနာပြုတဲ့ နေရာ မှာ သိက္ခာတွေထပ်ခွင့်ရ၊ အလှုဒါနတွေပြုကြရ၊ သီလ ဘာဝနာတရားတွေ
အားထုတ်ကြရတယ် မဟုတ်လား။
ဘုရားလက်ထက်တုံးက -ကုမာရမင်းသားလေးက ဘုရားကိုမေးတယ်၊ သူတပါးနားထောင်
ချင်မှန်းမသိ နားမထောင်ချင်မှန်းမသိပါဘဲ အဘယ်ကြောင့်အတင်းတရားတွေဟောပြောနေရ
သနည်း ဟု မေးလတ်သော် မြတ်စွာဘုရားဖြေကြားသည်မှာ
ကုမာရ- သင့်မှာသားသမီးရှိသလား ၊ ( တွားသွားအရွယ်-သားငယ်လေးရှိပါသည်ဘုရားဟုဖြေ၏)။
ထိုအခါဘုရားကမေးပြန်သည်မှာ- ထိုသားလေး ပုလင်းကွဲတွေကို ပါးစပ်ထဲငုံထားတာမြင်ရင် မင်းရဲ့
သားလေး ကို ဒီအတိုင်းကြည့်နေမလား၊ အတင်းပါးစပ်ဟပြီးပုလင်းကွဲတွေထုတ်ပြစ်မလား၊
ကုမာရမင်းသားလေးဖြေဆိုသည်မှာ ပုလင်းကွဲများမျိုချလျှင် အူများပြတ်ကာ သေပွဲဝင်ရတော့မှာမို့ 
သားတော် ပါးစပ်ထဲ ငုံထားသော ပုလင်းကွဲများကို အတင်းပါးစပ်ဟကာထုတ်ပစ်ရပါမည်ဘုရားဟု
ဆိုလေသည်။ ထိုအခါ မြတ်စွာဘုရားက သွေးတွေထွက်မှပေါ့ဟုဆိုရာ ဖခင်ဖြစ်သူ ကုမာရမင်းသား
သည် မြတ်စွာဘုရား၊ တပည့်တော် ၏သားသည် ပါးစပ်မှသွေးထွက်၍ မသေပါ။ ပုလင်းကွဲများမျိုချလိုက်ခဲ့လျှင်သေရတော့မည်ဖြစ်သဖြင့် မမျိုချခင်၊ ဗိုက်ထဲ မရောက်ခင် ရသလို အတင်းထုတ်ရပါမည်ဘုရားဟုပြောခဲ့သောအခါ မြတ်စွာဘုရားအရှင်၏ ပြန်လည် ဆုံးမ ပြောကြား
သည်မှာ - အေး ငါဘုရားလည်း သတ္တဝါတွေကို အရမ်းသနားတော်မူသော်ကြောင့်
အပယ်လေးပုံကို ရောက်ကြရမှာစိုးရိမ်လွန်းလို့ ၊သတ္တဝါတွေဟာအကုသိုလ် လောဘ၊ ဒေါသ၊
မောဟ၊ တွေကိုပါးစပ်ထဲမှာ ငုံထားပြီးပြီ။ ဒါ့ ကြောင့် ငါဘုရား မဂ္ဂင်ဆေးတိုက်ကြွေးကာ အတင်း
အန်ထုတ်ခိုင်းနေရတာပါ။ ငါဘုရားသည် မဂ္ဂင်ဆိုတဲ့ အန်ဆေးကြီးကျွေးနေတာပါလို့ ဖြေခဲ့တယ်၊
ကုမာရမင်းသားလေး သည် ဘုရားရှင်၏တရားကိုနားကြားကာမြတ်စွာ ဘုရား၏မေတ္တာဂရုဏာကို
နားလည် သဘောပေါက်ခဲ့ရလေသည်။
အဲသလိုဘဲဘုန်းဘုန်းတို့ ကလည်းအပယ်ရောက်စေတတ်တဲ့အကုသိုလ်များကို ပါးစပ်ထဲငုံထားနေသော
၊ဗိုက်ထဲကိုမျိုချထားပြီးသောဒီဒကာဒကာမများကိုဘုရားကိုယ်စား မေတ္တာထားကာ ရေမြေခြားသော်
လည်းအရောက်လာပြီးတရားတွေ ပြပေး၊ ဟောပြောပေး၊ဘာဝနာမဂ္ဂင်ဆေးတွေတိုက်ကျွေးနေရ
တာပါဘဲ။
ဘာဖြစ်လို့ လဲ- သေရင် မကောင်းတဲ့ဘဝတွေ ရောက်သွားမှာစိုးရိမ်လို့ ၊ဒကာ၊ဒကာမတွေ ရဲ့
သန္တာန်ထဲမှာအကုသိုလ်တွေပြည့်နှက်နေတာကိုဘာနဲ့ ဖျက်ဆီးပြစ်ရမလဲ။
ကုသိုလ်တွေနဲ့ ဖျက်ဆီးရမယ်။ ကုသိုလ်၎ မျိုးရှိတယ်၊ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ ၊ ကုသိုလ်
၎ မျိုးရှိ သော်လည်းဒါနကုသိုလ်နှင့်လည်းမပယ်နိုင်၊သီလကုသိုလ်ဖြင့် လည်းမကာကွယ်နိုင်၊
သမထကုသိုလ် ဖြင့်လည်းလမ်းမဆုံးနိုင်ပါဘူး၊ဝိပဿနာဘာဝနာကုသိုလ်တခုတည်း
ဖြင့်သာဖျက်ဆီးပြစ်နိုင်တာပါ။ ဒါ့  ကြောင့်ဘုန်းဘုန်းကအတင်းကိုမထိုင်ချင်လဲထိုင်မှတ်ခိုင်း၊
မထချင်လဲထမှတ်ခိုင်း၊ဆက်တိုက်နံနက်၆ နာရီခွဲမှည၉နာရီအထိမပြတ်မလတ်ဒလစပ်
ရှုမှတ်စေခဲ့တာဘဲ။ ဒကာ၊ဒကာမတွေကမထိုင်ချင့်ထိုင်ချင်၊မထချင်ထချင်၊ ကြေးစည်တီးပြီးခေါ်
ရင် မလာချင်လာချင်နဲ့ ဘဲအာနာပါနကနေအားနာပါးနာလာကြထိုင်ကြ ဖြစ်နေကြတယ်။
တရားအလုပ်ဆိုတာလုပ်ချင်ချင်၊မလုပ်ချင်ချင် သည်းခံပြီးကျင့်ရတာပါ။ဒီလိုသည်းခံကျင့်မှသာ
ပါရမီဓာတ် တွေတိုးပွားလာမယ်၊ပါရမီတွေ ရင့်ကျက်လာမယ်၊ဒီပါရမီကုသိုလ်ဓာတ်တွေက
မိမိအတွက် ဘဲ၊ သည်းခံရင်နိဗ္ဗာန်ရောက်တယ်၊ အပယ်တံခါးပိတ်ဖို့ အသိထူးဥာဏ်ထူးတွေ
ရဘို့ ဖြစ်လာမယ်ဆိုရင်ဘုန်းဘုန်းတို့ နဲ့ တွေ့ ရကြိုးမနပ်ဘူးလား၊တခါတွေ့ ရင်တခါလူဖြစ်
ကျိုးနပ်တာဘဲ၊ဘာဖြစ်လို့ လဲ၊ဒကာ၊ဒကာမ တွေအတွက်ဘုန်းဘုန်းကဓမ္မလက်ဆောင်ပေးနေ
တာ၊ဓမ္မအမွေပေးနေတာ၊အိုနာသေဘေးမှလွတ်စေမယ့် ဓမ္မအလှုပေးနေတာနော်။
ဘုရားကဟောထားတယ်
အိုနာသေဒုက္ခဘေးတို့ မှလွတ်ကင်းအောင် အို-ချစ်သား ချစ်သမီးတို့ 
လောကီအာရုံတွေအပေါ်မှာ လောကီစည်းစိမ်၊မိဘတွေပေးခဲ့သောလောကီအမွေ တွေ
အပေါ်မှာယစ်မူးပြီးတော့သူတော်ကောင်းတရားတွေကို မေ့လျော့ပြီးတော့အချိန်ကုန်ပြီးတော့
မနေကြပါနှင့်၊ ထိုသို့  ယစ်မူးကာအချိန်ကုန်နေမယ်ဆိုရင် လူဖြစ်ရကျိုး နပ်လိမ့် မည်မဟုတ်၊
ငါဘုရားပေးသောသစ္စာ၎ ပါးမြတ်တရားကိုသဒ္ဒါတရားသီလတရားတွေ ရှေ့ ဆောင်ထား၍
တရားအမွေကို များများယူကြကုန်လော့၊
တရားအသိနှင့်အကြိမ်ကြိမ်လွဲခဲ့ပြီးပြီ၊တရားအသိမရှိဘဲသေသွားရရင်လူဖြစ်ကျိုးနပ်လိမ့်
မည်မဟုတ်၊
အခုလိုသစ္စာလေးပါးတရားတွေနာကြရ၊မဂ္ဂင်အကျင့်တွေကျင့်နေကြရတာ၊တရားအမွေတွေ
ခံယူခွင့်ရ နေကြရတဲ့ ဒီဒကာ၊ဒကာမတွေ ဘာဖြစ်ခဲ့လို့ လဲ
မင်းတို့ ဆုတောင်းတွေကောင်းခဲ့လို့ ဘဲ၊
စာရေးသူသည်ဆရာတော်၏အသံကိုနားဆိုက်ထောင်ရင်း တွေးတောဆုံးဖြတ်မိသည်မှာ -
မိမိ နှင့်အတူ အမေရိကန်ရှိ ဓမ္မမိတ်ဆွေများအားလုံးသည်အမှောင်အတိဘုရားမရှိတရားမသိ
သံဃာနဲပါးလှသော ရေခြားမြေခြားဝေးကွာသောအရပ်ဒေသတွင် နေပင်နေကြရငြားသော်လည်း
ရှေးဘဝ ရေစက်နှင့်ပါရမီများကြောင့် တဖန်ထပ်ဆင့်ဆုတောင်းကောင်းခဲ့ရသောကြောင့်
ဆရာသမားအစစ် နှင့်တရားအနှစ်များကို တွေ့ ကြုံ နာကြား နေရလေပြီ။ကျင့်ကြံနေရလေပြီ၊
အမှန်တရား သစ္စာလေးပါးကို ဒီဘဝ ဒီခန္ဓာ ဒီသာသနာ တွင်း မှာပင် တရားထူးတရားမြတ်များ
တဆင့်ပြီးတဆင့်ရကာဆရာ့ကျေးဇူးလည်းဆပ်၊သာသနာ့အကျိုးလည်း ရွက် ဆောင်ရင်း
နောက်ဆုံးအချိန်ထိတိုင် မပြတ်မလတ်ကျိုးစားအားထုတ်တော့မည်ဟု သံဒိဋ္ဌာန်ချမိလေ၏။
စာရေးသူ၏ ပြုလုပ်ခဲ့သမျှသော ကုသိုလ်ကောင်းမှုများသည် ဗောဓိဥာဏ်၊ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်
ရရှိရေးအတွက် သာ ဖြစ်ပါစေ၊ နိဗ္ဗာန် ရရှိရေးအတွက်သာ ဖြစ်ပါစေ ၊ ပါရမီကုသိုလ်များဖြစ်ဖို့ 
ထပ်ခါထပ်ခါ ဆုတောင်းလျက်။
ဆုတောင်းမှန် ၊ သောတာပန်
ဘုရားတောင် ဘုရားဖြစ်ဘို့ ဘဝပေါင်းများစွာဆုတောင်းခဲ့ရတာ၊ ဒကာဒကာမတွေလည်း နိဗ္ဗာန်ကို
ရည်မှန်းပြီးဆုတောင်းကြရမယ်။
ဆုတောင်းမှန်ဘို့ ဒီဘဝမှာအပယ်တံခါးပိတ်တဲ့ သောတာပန်ဖြစ်ဘို့ ကြိုးစားကြရမယ်၊ နောက်
သကဒါဂါမ်၊အနာဂါမ်၊ရဟန်းတာဖြစ်ဖို့ ကဓမ္မက ဆောင်သွားပါလိမ့်မယ်၊
နယူးယောက်မှသိက္ခာထပ်ခဲ့ကြသောရဟန်းဒကာ၊ရဟန်းဒကာမများဟိုတနေ့ ကလာလျှောက်
ကြတယ် -ဘုန်းဘုန်းဘုရား ၊ တပည့်တော်များသည် ဘုန်းဘုန်း၏သာသနာပြုနေရာမှာရဟန်းတစ်ခါ
မဟုတ်ဘဲတကယ့်ရဟန်းဒကာ၊ရဟန်းဒကာမများအဖြစ်နှင့်လစဉ်နှစ်စဉ်ထောက်ပံ့ဆောင်ရွက်ကြ
ပါမည်ဘုရားဆိုသော စကားကိုဒီတခါဘဲ ကြားလိုက်ရလို့ ဘုန်းဘုန်းဝမ်းသာရပါတယ်၊ ဒါက
မိမိရဲ့ စေတနာပေါ်မူတည်တာကိုး၊
တချို့ ကမေးတယ်၊ဘုန်းဘုန်းမှာ ရဟန်းဒကာ၊ဒကာမတွေအများကြီးရှိမှာဘဲတဲ့ ။ အေး-အများကြီး
ရှိပင်ရှိသော် လည်း ၇၅%လောက်ကရဟန်းတခါ ဒကာ၊ဒကာမတွေသာများတတ်ကြတယ်၊
ပြီးပြီးရောပုဂ္ဂိုလ်တွေအများကြီးရှိတယ်၊လူပျောက်သွားပြီးသိက္ခာထပ်တဲ့ နံပါတ်သာကျန်ခဲ့
တာများတယ်၊လူကတော့ပေါ်ကိုမလာတော့ဘူး၊တချို့ ဆိုကိုယ့်ဒကာဆိုတာတောင်မမှတ်မိဘူး၊
နံပါတ်ဘဲမှတ်မိရတယ်၊
နှစ်ပေါင်းများစွာပျောက်သွားပြီးမှ ဆရာတော်ရဲ့ ရဟန်းဒကာပါလို့ ပြောလာတဲ့အခါ ဘုန်းကြီး
ဆိုတာအကောင်းဘက်ကဘဲအမြဲကြည့်ရတာကိုး၊အကောင်းဘက်ကဘဲအမြဲကြည့်ပြီး ကိုယ့်ဒကာ၊
ဒကာမတွေရဲ့ အကျိုးအတွက်တရားဓမ္မတွေသာရစေချင်တာပါဘဲ၊ သာသနာတော်ကြီးအ
တွက်ထောက်ပံ့ချင်တဲ့စိတ်ကိုယ့်စေတနာတွေကကိုယ့်ကိုအကျိုးပေးမှာပါ၊ ပါရမီဖြစ်စေမှာပါ၊
မိမိရဲ့ကုသိုလ်စေတနာတွေကမိမိတို့ အတွက်ပါဘဲ၊ကိုယ်တိုင်ကျင့်မှကိုယ်ပိုင်ရမှာပါ၊
ဘုန်းဘုန်းအတွက်မဟုတ်ဘူး၊
ဘဝများစွာသံသရာတလျှောက်လုံးမှာတရားအမွေတွေနဲ့ အကြိမ်ကြိမ်လွဲခဲ့ပြီး ဘုံဆိုင်
အလုပ်တွေနဲ့ ဘဲအချိန်ကုန်ခဲ့ကြပြီးပါပြီ၊ကိုယ်ပိုင်အလုပ်ကအနဲငယ်သာရှိခဲ့ကြတာပါ၊
ကိုယ်ပိုင်အလုပ်မြန်မြန်လုပ်ကြ၊ မှန်မှန်လုပ်ကြ ဘို့ ကအဓိကဘဲ၊ အခုဒီနေ့ ဒီအချိန်မှာ
ထိုင်ရင်း၊ ရပ်ရင်း၊စင်္ကြန်လျောက်ရင်း ကျင့်ကြံအားထုတ်ခွင့်ရနေကြပြီ၊ ကိုယ်ပိုင်တရားတွေ
ရှိသွားပြီဆိုရင် အနေလဲလှ၊ အသေလဲလှမယ်၊ အနေကောင်းရင်၊ အသေလဲ ကောင်းလိမ့်မယ်၊
သဒ္ဒါ၊ပညာရှိသောပုဂ္ဂိုလ်တို့ သည်သဒ္ဒါ စေတနာ ပညာကောင်းလေလေ၊ကံကောင်းလေလေဘဲ၊
သဒ္ဒါ ကောင်းလေလေ၊ စေတနာ ထက်လေလေ၊မြင့်လေလေ၊ ကံအကျိုးပေး ထက်လေလေမြင့်လေလေ
ပါဘဲ။ စေတနာဆိုတာ သဒ္ဒါ၊ သဒ္ဒါဆို တာ ပညာဖြစ်တာဘဲ၊သဒ္ဒါ စေတနာ ပညာကို လက်ကိုင်
ထားပြီးခန္ဓာ၅ ပါးအပေါ်မှာ ဥာဏ်၅ပါးနဲ့ ကြည့်ပါ၊ ဥာဏ် ၅ ပါးဆိုတာ မဂ္ဂင် ၅ ပါးဘဲ
(သမ္မာဒိဋ္ဌိ၊သမ္မာသင်္ကပ္ပဆိုတဲ့ ပညာမဂ္ဂင်၂ ပါးနဲ့ သမ္မာဝါယာမ၊သမ္မာသတိ၊သမ္မာသမာဓိဆိုတဲ့
သမာဓိမဂ္ဂင် ၃ပါး ၊ရှုမှတ်နေတာနဲ့ သမ္မာဝါစာ၊သမ္မာကမ္မန္တ၊သမ္မာအာဇီဝသီလမဂ္ဂင်၃ပါးက
ပြည့်နေပြီးသား-) ၊သင်္ခါရတွေအားလုံးဟာ ဖြစ်ပြီးပျက်စီးသွားလို့ ဘာမှမရှိတော့ဘူး၊
မရှိတော့တာကိုသိနေတာကဥာဏ်ဘဲ၊မရှိတာကိုလှမ်းလှမ်းပြီးကြည့်နေတာကမဂ္ဂသစ္စာ၊
၅ ကို ၅ နှင့် စားရင်ဘာတခုမှမကျန်သဘိသကဲ့သို့ ၊တဖန် ဒီခန္တာ ၅ ပါးကိုဖွဲ့ စည်းထားတဲ့ 
ဓာတ်ကြီး ၄ပါး( ပထဝီ၊တေဇော၊အာပေါ၊ဝါယော )ကိုသစ္စာ ၄ပါး (သမုဒယသစ္စာ၊ဒုက္ခသစ္စာ၊
မဂ္ဂသစ္စာ၊နိရောဓသစ္စာ) ၄ကို၎ နှင့်စားလျှင်လဲဘာကျန်လဲ၊ဘာမှမကျန်တော့သလို၊
ကျောင်းဆရာမလို တွက်ရင်တော့ သုံညကျန် တယ ပြောမှာပေါ့လေ၊
“သုညတော ဘိက္ခဝေ ဝိဟရတာ “ လို့ ဘုရားရှင်ဟောကြားခဲ့တယ်၊
မိမိတို့ ပြုကျင့်ခဲ့တဲ့ဒါနတွေ၊ စောင့်တည်ခဲ့ကြတဲ့သီလတွေ၊ပွားများနေတဲ့သမထ၊ဝိပဿနာ
ဘာဝနာကုသိုလ်အပေါ်မှာငါသူ၊ယောက်ျား၊မိန်မရယ်လို့ ဒိဋ္ဌိအစွဲမထားဘဲအိုနာသေးရေး
ဒုက္ခခပ်သိမ်းကင်းငြိမ်းရာအမှန် နိဗ္ဗာန်ကိုသာရည်စူး၍ဆုတောင်းတတ်ရမယ်၊ဆုတောင်းကြရမယ်၊
နိဗ္ဗာန်သုံးမျိုးရှိတယ်၊သုံညတနိဗ္ဗာန်၊အနိမိတ္တနိဗ္ဗာန်၊အပါနိတနိဗ္ဗာန် ကိုသဥပါဒိသေသ
နိဗ္ဗာန်ဟုလဲ ခေါ်တယ်၊ဒီပစ္စုပ္ပန်ဘဝမှာရတယ်၊ခန္ဓာတော့ရှိပါရဲ့ ၊အပယ်လေးပုံရောက်စေနိုင်တဲ
့အကုသိုလ် အောက်သံယောဇဉ်၅ပါး (ဒိဋ္ဌိ၊ဝီစိကိစ္ဆာ၊သီလဗ္ဗတ္တပရာမသ၊ဣသာ မဇ္စရိယ၊)
မရှိတော့ဘူး၊ဒိဋ္ဌိ နဲ့ ဝီစိကိစ္စ ပြုတ်ထွက်သွားရင်အဲဒါ သောတာပန်ဘဲ။အရာရာကိုငါမဟုတ်
နာမ်ရုပ်သာဟုမှန်စွာမြင်သွားပြီ၊ သောတာပန်ဖြစ်လို့ ဒိဋ္ဌိ ဝီစိကိစ္စ ပြုတ်သွားသူသည် မိမိခန္တာ
ကိုယ်ကိုဘဲကြည့်ကြည့်၊ မိမိအိမ်ကြီးကိုဘဲ ကြည့်ကြည့်၊ကိုယ်ဝတ်ထားတဲ့လက်ကောက်၊နာရီ၊
စိန်ရွှေရတနာတွေကိုငါနဲ့ မဆိုင်ငါမပိုင်ဆိုပြီးသိသွား တော့တယ်။ သောတာပန်အရိယာနွယ်
တဦးဖြစ်သွားရင် မြင်တာ၊ကြားတာ၊နံတာ၊စားတာ၊ တွေ့ ထိတာ၊ကြံစည်တာတွေအားလုံးကို
ငါမဟုတ်နာမ်နှင့်ရုပ်ဘဲထင်လာမြင်လာတော့တယ်။
အားလုံးနာမ်ရုပ်ဥာဏ်နဲ့ ဖြုတ်၊
အနုပါဒိသေသနိဗ္ဗာန်ဆိုတာကခန္ဓာမရှိတော့ဘူး၊ခန္ဓာပရိနိဗ္ဗာန်စံပြီးမှရတာ၊
မသေခင်စပ်ကြားမှာကြိုတင်ပြင်ဆင်ပြီးလူတန်းခဲ့သောဒါန၊ စောင့်တည်ခဲ့သောသီလ၊
ကျင့်သုံးခဲ့သောဘာဝနာကုသိုလ် တွေသာကိုယ်နောက်ကလိုက်မှာပါ၊ကျန်တာတွေ
ပိုင်ဆိုင်သောဥစ္စာပစ္စည်းတွေဘာတခုမှမလိုက်ဘူး၊ကိုယ့်ရုပ်နာမ်အိုးစားကွဲလို့ သေရတဲ့အခါ
ကိုယ့်နောက်ကိုဘာမှပါမှာမဟုတ်ဘူး၊ဒါ့ကြောင့်အချိန်ရှိချိန်တရားကိုရအောင်ကျင့်၊ရအောင်ယူ၊
ကုသိုလ်စိတ်များအမြဲတိုးပွားအောင်သတိနဲ့ ဥာဏ်လေးနဲ့ နေရင်း လောကီအလုပ် လုပ်နေရင်းနဲ့  လောကုတ္တရာအလုပ်ပါ နှစ်ခုစလုံးပြီးစေနိုင်ပါတယ်၊
နေစဉ် နှင့် နေ့ စဉ်မှန်မှန်ကျင့်သုံးကာအမတသုခနိဗ္ဗာန်ကိုဒီဘဝ၊ဒီခန္ဓာ၊ဒီသာသနာကြီးမှာပင်
ဒီဒကာ၊ဒကာမတွေအားလုံး ကျင့်ကြံပွားများ အားထုတ်ကာရနိုင် ရောက်နိုင်ကြပါစေလို့ ဘုန်းဘုန်း
ဆု တောင်း ရင်း၊ အများပြည်သူု ကုသိုလ်တွေရဘို့ အရေးနှင့် သာသနာတော်၏အကျိုးကို အမြဲမပြတ်ချီးမြောက်ရွက် ဆောင်ရန်အရေးအတွက် ဤအရှင်သည် အမေရိကန်နိုင်ငံရှိ ဒကာဒကာမများကို ကျောခိုင်း၍ မြန်မာနိုင်ငံသူ နိုင်ငံသားများနေထိုင်ရာ မြန်မာနိုင်ငံသို့ ပြန်
ခွင့်ပြုကြပါ၊
အကြောင်းညီညွတ်တိုင်း ကံကြုံတဲ့အခါတိုင်း ပြန်လည်ဆုံတွေ့ ကြပါအုံးစို့ ၊
ကုသိုလ်စေရာ နိဗ္ဗာန်သို့ သာ
ဆရာတော်၏သာယာနာပျော်ဘွယ်ကောင်းလှသော ဆုတောင်းမေတ္တာပို့ သံ၏အဆုံးမှာ
သာဓုသာဓုသာဓု ဆိုသောပတ္တာနုမောဒနအသံများသည် စာရေးသူ၏ရင်တွင်း၌ ဝမ်းသာ
ပီတိမျက်ရည်ဝဲသည် အထိ နင့်ကာစိမ့်ကာခံစားလိုက်ရလေပြီးနောက် သံဒိဋ္ဌာန်ချလိုက်
မိသည်ကား
သာသနာတော်ကြီးကို အကျွန်ုပ်သည်လည်းဘဲ ဆရာ၏တပည့်ကောင်းအဖြစ်ခံယူလျက်
အများသူငါ ကုသိုလ်များရစေရန်၊ သာသနာအကျိုးအတွက်အုပ်တချပ် သဲတပွင့်ကဲ့သို
့ထောက်ပံ့ချီးမြောက်ပေးနိုင်ရန်အကျွန်ုပ်သည်အသက်သေသည့်တိုင်အောင်ဆရာဒကာ
ပျော်ရွှင်စွာ ညီညွတ်စွာနှင့် ကုသိုလ်အရေး ဆောင်ရွက်ပေးရင်း လောကုတ္တရာအရေး အတွက်ဦးတည်ထားလျှက် နေစဉ်နှင့် နေ့ စဉ်ကျင့်ကြံကျိုးစား အားထုတ်ပြီး ပါရမီ်ဖြည့်ကာ
နေတော့မည်ဟူ၍ဆုံးဖြတ်ချက်ချလိုက်သောစကားလုံးများသည်ရင်ထဲနှလုံးသားထဲတွင်
ပဲ့တင်သံထပ်၍ နေနေတော့သည်။
အကျွန်ုပ်သည် ဒါသ၊သီလ၊ဘာဝနာကုသိုလ်များကိုအာရုံပြု၍ အဓိဋ္ဌာန်ပါ၏၊သစ္စာပြုပါ၏၊
ဆုတောင်းလိုက်ပါ၏၊သာသနာတော်ကြီးနှင့်သတ္တဝါအားလုံးပါရမီမျိုးစေ့ ကြီးပွားရေး၊ တိုးတက်ရေး၊
ချမ်းသာရေးတို့ ကိုတတ်အား သ၍ ဆောင်နှင်းနိုင်ကာဤဘဝ၊ဤခန္ဓာ၊ဤသာသနာတော်ကြီးမှာပင်
မဂ်ဖိုလ်နိဗ္ဗာန်အဆင့်ဆင့်ကိုကျင့်ကြံအားထုတ်ကာ မြင်နိုင်တွေ့ နိုင်ခံစားသိရှိ နိုင်ရပါစေသား၊
မြောက်ဦးဆရာတော်အရှင်ဝါယာမိန္ဒအားဦးညွတ်ရိုကြိုးမာန်ကိုချိုးကာအကြိမ်ကြိမ်ရှစ်ခိုး
ဦးချကတော့လိုက်ပါသည်အရှင်ဘုရား ဘုရား၊
Dr. Tin Mar Tun
နန္ဒသစ္စာအလှုရှင်
( နယူးယောက်မြို့ အမေရိကန်နိုင်ငံ ) ဇူလိုင်လ ၁၈ ၂၀၁၁။
No comments:
Post a Comment