Tuesday, November 22, 2011

အာဖရိက အလယ်ပိုင်းတွင် ပွင့်လန်းလာသော ဓမ္မပန်းတစ်ပွင့်




ဗုဒ္ဓဘာသာနိုင်ငံများတွင် နေထိုင်နေကြသော ကျွန်တော်တို့လို လူများအတွက် ဘုရား ၊ကျောင်းကန် ၊စေတီ ၊ပုထိုး ၊ ရဟန်း ၊ ဗုဒ္ဓဘာသာဝင် လူပဂ္ဂိုလ် စသည်တို့သည် မည်သို့မျှ ထူးဆန်းသည် ဟု မမှတ်ယူမိပေမယ့် ၊ အာဖရိကတိုက် အလယ်ပိုင်း ရှိ ယူဂန်ဒါနိုင်ငံတွင်တော့ အဆန်းတကြယ်လို ဖြစ်လို့နေပါသည် ။ ထို ယူဂန်ဒါ တစ်နိုင်ငံလုံးတွင် ဘုန်းကြီးတစ်ပါးတည်းသာ ရှိသည် ။ သူကလည်း ယူဂန်ဒါနိုင်ငံသားတစ်ဦး ဖြစ်ပြီး အခြားဘာသာမှနေ၍ ဗုဒ္ဓဘာသာသို့ သက်ဝင်ယုံကြည်ရင်း မြင့်မြတ်သော ရဟန်းဘောင်အထိပါ တက်လှမ်းနိုင်ခဲ့သော လေးစားဖွယ် အာဖရိကလူမည်း လူမျိုးတစ်ယောက်ဖြစ်ပါသည် ။ သူ၏ ဘွဲ့အမည်က အရှင် ဗုဒ္ဓရက္ခိတ ။

အရှင် ဗုဒ္ဓရက္ခိတ သည် ယူဂန်ဒါနိုင်ငံတွင် မွေးဖွားကြီးပြင်းလာခဲ့သော လူတစ်ဦးဖြစ်ပါသည် ။သူသည် ဗုဒ္ဓဘာသာကို အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေစဉ် ၁၉၉၀ ခုနှစ် တွင် စတင်လေ့လာခဲ့ပါသည် ။ ထို့နောက် ၁၉၉၃ ခုနှစ်တွင် ၀ိပသနာ ဘာဝနာ ပွားများအားထုပ်ခြင်းကို စတင့်လေ့လာခဲ့ပါသည် ။ အာရှ၌ ၇ နှစ်ကြာမျှနေထိုင်ပြီးသောအခါ ၂၀၀၁ ခုနှစ်တွင် အမေရိကသို့ ပြောင်းလည်း၍ တရားအလုပ်အားထုပ်ခြင်းကို ပြုလုပ်ခဲ့ပါသည် ။ ၂၀၀၂ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ရှိ တထဂ္ဂတ ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်း ၏ ဆရာတော် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြု မြန်မာရဟန်းတော် ဘန္ဒတ အရှင်သီလာနန္ဒ မထေရ်သူမြတ်အား ဥပဇယ် ပြုလျက် မြင့်မြတ်သော ရဟန်းဘောင်သို့ ရောက်ရှိတော်မူပါသည် ။ ထို့နောက် အရှင် ဗုဒ္ဓရက္ခိတ သည် အမေရိကန်ပြည်ထောင်စု ၊ ၀က်စ်ဗာဂျီးနီးယားရှိ အရှင်ဂုဏရတန ဦးစီးတည်ထောင်ထားသော ဘာဝနာအသင်းတွင် ၀ိပသာဘာဝနာများကို ( ၈ ) နှစ်တိုင်တိုင် ပွားများအားထုပ်ခဲ့ပါသည် ။ အရှင် ဂုဏရတနသည် Planting Dhamma Seeds: The Emergence of Buddhism in Africa စာအုပ်ကိုရေးသားထုပ်ဝေခဲ့သူတစ်ဦးဖြစ်ပြီးယူဂန်ဒါ နိုင်ငံတွင်ရှိသော ၊ ယူဂန်ဒါ ဗုဒ္ဓသာသနာ့ရိပ်သာ ၏ ဦးစီးပဓါန ဆရာတော်တစ်ဦးလည်းဖြစ်ပါသည် ။ ထို့အပြင် သူသည် အာဖရိက ၊ဘရာဇီး ၊ ဥရောပနှင့် အမေရိကန်နိုင်ငံတို့တွင် ၀ိပသနာ ဘာဝနာပွားများအားထုပ်ပုံ တို့ကို လှည့်လည်ဟောပြောလျက်ရှိပြီး ၊ ယူဂန်ဒါ ဗုဒ္ဓသာသနာ့ရိပ်သာနှင့် အမေရိကန်ပြည်ထောင်စု ၊ မစ်စ်စပီပြည်နယ် ၊မက်နိုလီယားမြို့ရှိ lotus foundation ၏ တရားဟောတရားပြ ဆရာတော်အဖြစ်လည်းကောင်း ၊ဘာဝနာရိပ်သာ၏ ဆရာအဖြစ်လည်းကောင်း ဗုဒ္ဓသာသနာကို အာဖရိကနှင့် အနောက်နိုင်ငံများတွင် ပြန့်ပွားတိုးတက်အောင် ကြိုးစားနေသော သူတစ်ယောက်ဖြစ်ပါသည် ၊


အရှင် ဗုဒ္ဓရက္ခိတသည် ယူဂန်ဒါ ဗုဒ္ဓသာသနာ့ရိပ်သာကို အရှင်ဂုဏရတန နှင့်အတူ ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည် ။စတင်တည်ထောင်စဉ်က ကမ်ပလာ မြို့တော်တွင် အခြေချဖွင့်လှစ်ထားပြီး ၂၀၀၆ ခုနှစ်တွင် မြေနေရာကျယ်ဝန်းသော တောင်ကုန်းဘက်ချမ်းသို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည် ။ ထို့အပြင် သီလရှင် ဒေါ်ဓမ္မကာမိ ( အရှင်ဗုဒ္ဓရက္ခိတ ၏မိခင် ) သည် ယူဂန်ဒါ နိုင်ငံ၏ ပထမဦးဆုံးသော အမျိုးသမီး သီလရှင်တစ်ဦး ဖြစ်ပါသည် ။ အရှင် ဗုဒ္ဓရက္ခိတ က သူ၏ သာသနာပြုပုံကို အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာရဟန်းတော်များ၏ တွေ့ဆုံဆွေးနွေးပွဲမှာ ယခုလိုပြောကြားပါတယ် ။



တပည့်တော်က အာဖရိကတိုက်အလယ်ပိုင်းက ဗုဒ္ဓဘာသာဝင် ရဟန်းတစ်ပါဖြစ်ပါတယ် ။ တပည့်တော်တို့ နိုင်ငံက လူတွေဟာ ခရစ်ယန်ဘာသာကို သက်ဝင်ယုံကြည်ကြတာဖြစ်ပြီး တပည့်တော်က ဒီဗုဒ္ဓဘာသာကို ယူဂန်ဒါနိုင်ငံက လူတွေကို ပထမဆုံးမိတ်ဆက်ပေးတာဖြစ်ပါတယ် ။ ပထမဆုံး ယူဂန်ဒါပြန်ရောက်ရောက်ချင်း တပည့်တော် အမေကို တရားအရင်ဟောပါတယ် ။ အခုဆိုရင် ယူဂန်ဒါဗုဒ္ဓဘာသာဝင်အပေါင်းက ( ၁၄ ) ယောက်ရှိပါပြီ ။ ဒီအရေအတွက် ဟာ အရှင်ဘုရားတို့ အနေနဲ့ နည်းပါးတယ်လို့ထင်ရပေမယ့် တပည့်တော် အနေနဲ့ကတော့ တော်တော်ကို များတယ်လို့ ပြောလို့ရပါတယ် ။ တဖြည်းဖြည်းလည်း ယူဂန်ဒါမှာ ဗုဒ္ဓဘာသာဝင်အရေအတွက် တိုးတက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ် ။ ဒီယူဂန်ဒါသာသနာ့ရိပ်သာမှာ စေတနာ့ဝန်ထမ်းလုပ်အားပေးတွေလည်း မကြာမကြာလာရောက်လုပ်ကိုင်ပေးလျက်ရှိပါတယ် ။ အဲဒီအထဲကမှ ဗမာလူမျိုး ဒကာမတစ်ယောက် ရဲ့တိုက်တွန်းမှုနဲ့ တပည့်တော်ရဲ့အမေကို မြင့်မြတ်တဲ့သီလရှင် ဘ၀ကို ချီးမြင့်နိုင်ခဲ့ပါတယ် ။

ဗုဒ္ဓဘာသာဝင် ယူဂန်ဒါလူမျိုးတွေ များပြားလာမှာဖြစ်ပေမယ့် ရဟန်းအဖြစ် ပြောင်းလဲဖို့ကတော့ ခက်ခဲပါလိမ့်မယ့် ၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ မိသားစုအရေး ၊ သာရေး ၊နာရေးတွေလည်း ရှိလို့ပါဘဲ ။ ဒါပေမယ့် သူတို့ကို ဗုဒ္ဓဘာသာအကြောင်းနားလည်အောင် သင်ကြားပြသပေးသွားမှာပါ ။ အခုဘုန်းကြီးကျောင်းလည်းဆောက်နေပါပြီ ၊ အဲဒါအပြင် စာကြည့်တိုက် ၊ စာသင်ခန်းတွေထားရှိပြီး ဓမ္မနဲ့ပတ်သက်တာတွေကို သင်ကြားပြသပေးသွားမှာပါ ၊ ဟု အရှင် ဗုဒ္ဓရက္ခိတ က သူ၏ အာဖရိကတိုက်အလယ်ပိုင်း ယူဂန်ဒါနိုင်ငံတွင် သာသနာပြုပုံနှင့်ပတ်သက်ပြီး ပြောကြားသွားပါတယ် ။


အရှင် ဗုဒ္ဓရက္ခိတရဲ့ မဆုတ်မနစ်တဲ့ ဇွဲ၊လုံ့လ ၊၀ီရိယနဲ့ အာဖရိကတိုက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာ ဆထက်တစ်ပိုး တိုးပွားပါစေကြောင်းဆုမွန်ကောင်းတောင်းရင်း …… ။

ယူဂန်ဒါဗုဒ္ဓသာသနာ့ရိပ်သာသို့ သဒ္ဓါပေါက်၍ လှူဒန်းလိုသော အလှူ့ရှင်များလှူဒန်းကုသိုလ်ယူနိုင်စေရန် လိပ်စာကိုပါဖော်ပြပေးလိုက်ပါတယ် ။

မှတ်ချက် ။ ။ အင်တာနက်စာမျက်နှာပေါ်ရှိ အချက်အလက်များနှင့် အရှင် ဗုဒ္ဓရက္ခိတ၏ ဗွိဒီယို ပြောကြားချက်များအပေါ်တွင်မူတည်၍ ဆီလျော်အောင်ဘာသာပြန်ဆိုတင်ပြထားခြင်းဖြစ်ပါကြောင်း ။



Contacts and Directions

Physical and Postal address:

Uganda Buddhist Centre

Off – Entebbe Road, Bulega,Garuga, Entebbe

P.O. BOX 898, ENTEBBE, UGANDA

EAST AFRICA

Tel: +256-(0)782-159985

E-mail: ugandabuddhistcentre@gmail.org

Website: www.ugandabudhistcenter.org

Tradition: Theravada (also open to other spiritual and religious traditions)

Founder: Venerable Bhikkhu Buddharakkhita


Spiritual Director and teacher : Venerable Bhikhu Buddharakkhita

Contact Person: Edward Kiwanuka , Operation officer

Tel: +256-(0)782-159985

Jacob Waiswa is our Community out-reach volunteer.

Advisory Board:

Dr. Juuko Ndawula

Dr. Ilamyo Mike

Eng. Frank Ntwasi

E-Board Members living in the U.S.A :

Dr. Mi Khin Khin Soe (Burmese)

Patrice Binaisa (Ugandan)

Kagendo Murungi (Kenyan)

Ofosu Sumano (Ghanaian)

Alem Makonnen ( Ethoipian)

Dora King ( Siera Leone)

Azara Turaki ( Nigerian)

John Haywood ( U.S.A)

Patron:

Bhante Henepola Gumaratana ( Abbot of Bhavana Society, U.S.A)

The Uganda Buddhist Centre (UBC) is located at Bulega, Garuga, and Entebbe. It is situated about 5 kms from Kitala (near the milestone 15 kms to Entebbe and 23 kms to Kampala), off the Kampala-Entebbe Highway. It takes 15 minutes drive from the Entebbe International Airport and about 45 minutes from Kampala city.

Branch off at Kitala and take the unpaved road heading towards Gerenge landing site or Katomi Kingdom Resort. On reaching Bulega village, you will see the sign post to the Uganda Buddhist Centre (near motor cycle circuit) on your right hand side. Bear your right and follow the directions to the Centre. The Centre is conveniently located about 28 kms from Kampala city centre.

From Entebbe International Airport:

Take a special taxi from Entebbe Airport and ask the driver to take you to the Uganda Buddhist Centre (near Katomi Kingdom Resort) at Bulega, Garuga. The Centre is conveniently located about 20 kms from the Entebbe International airport. It takes 15 minutes to reach the Temple.

From Kampala City:

Take a taxi from the Kampala Taxi Park. Please ask the driver to drop you at the Uganda Buddhist Centre at Bulega, Garuga.

It takes about 45 minutes to reach the Temple.

Uganda Buddhist Centre

From Kitoro, Entebbe:

Take the Entebbe-Kampala taxi from the Kitoro Taxi Park or Entebbe town. Alight at Kitara and ask Boda Boda (motor cycle) drivers to take you to the Uganda Buddhist Centre (near Katomi Kingdom Resort) at Bulega, Garuga. It takes about 15 minutes to reach the Temple.

Safe travels...

Monday, November 21, 2011

ဗုဒ္ဓ၀ါဒပြဿနာများ

ဗုဒ္ဓ၀ါဒပြဿနာများ

ဦးကိုလေး ( မြတ်ဗုဒ ဒေဿနာ )

ဦးကိုလေး ( မြတ်ဗုဒ ဒေဿနာ )

လယ်တီဆရာတော် ( နိုင်ငံခြား အဖြေပေါင်းချုပ် )

လယ်တီဆရာတော် ( နိုင်ငံခြား အဖြေပေါင်းချုပ် )

အရှင်ကောဝိဒ ( အင်တာနက် အမေးအဖြေများ )

အရှင်ကောဝိဒ ( အင်တာနက် အမေးအဖြေများ )

ဦးဃောသိတ ( တဘ၀သာသနာ )

ဦးဃောသိတ ( တဘ၀သာသနာ )

Tuesday, November 8, 2011

"ပေးဆပ်ခြင်းမှာ ပျော်မွေ့သူတို့၏ ပီတိကိုစား အားရှိပါ၏... အပိုင်း (၁) (ဖြစ်ရပ်မှန်ကို တန်ဆာဆင်၍ ရေးဖွဲ့သီကုံးထားပါသည်)

“ကကြီး”
“ကကြီး”
“ခခွေး”
“ခခွေး”
“ဂငယ်”
“ဂငယ်”
“……..”
“……..”
သူငယ်တန်း သင်ရိုးညွန်းတမ်း စာအုပ်ထဲက မြန်မာသင်ပုန်းကြီး ဖတ်စာသင်ခန်းစာလေးကို ကျွန်ုပ်က ပထမ တစ်ခေါက် အရင်ဆိုပြ။ နောက်မှ ကလေးတွေကို လိုက်ဆိုခိုင်းရင်း စိတ်ပါလက်ပါ စာသင်ကြားနေစဉ်မှာ
“ဘုန်းဘုန်း၊ သမီးရဲ့နံဘေးက သူငယ်ချင်းလေ…ဘာဖြစ်လဲ မသိဘူး။ ငိုနေတယ်”
“ဟေ ဟုတ်လား၊ ဘယ်သူလဲ?”
“ချောစု ပါ ဘုန်းဘုန်း”
ကျွန်ုပ်လည်း ကမန်းကတန်း သွားကြည့်လိုက်တော့
“၀ါး…..၀ါး…..”
သမီးငယ် ချောစုက ကျွန်ုပ် သူ့အနီး ရောက်လာကာမှ ပိုပြီးတော့ ငိုချလိုက်ပါလေရော။ ဘယ်အချိန် ကတည်းက ၀မ်းနည်းနေပြီး မျိုသိပ်ထားလဲတော့ မသိ။ ကျိတ်ပြီးတော့ ငိုနေခဲ့တာ။
“သမီးချောစု၊ ဘာကြောင့်မို့ ၀မ်းနည်းပြီး ငိုနေရတာလဲ? ဘုန်းဘုန်းကို ပြောပြပါဦး”
“အင့်…..အင့်…..ဒီနေ့မနက်က သမီးရဲ့ သူငယ်ချင်းတွေဆီကို သူတို့ရဲ့ ဖေဖေနဲ့ မေမေ လာကြတယ်။ သမီးမှာကတော့…..”

"ပေးဆပ်ခြင်းမှာ ပျော်မွေ့သူတို့၏ ပီတိကိုစား အားရှိပါ၏... အပိုင်း (၂) (ဖြစ်ရပ်မှန်ကို တန်ဆာဆင်၍ ရေးဖွဲ့သီကုံးထားပါသည်)

ကျွန်ုပ်ရဲ့ အသံကို ကြားလိုက်တော့ ရန်ဖြစ်နေတဲ့ ယောက်ျားလေး နှစ်ယောက် ငြိမ်သွားပါလေရော။
“ဘာဖြစ်လို့ ရန်ဖြစ်နေရတာလဲ?”
“သားရဲ့ လွယ်အိတ်ထဲက ဘုန်းဘုန်းပေးထားတဲ့ မုန့်ဖိုးကို သူက သားမသိခင် ယူထားတယ်။ သားက ပြန်တောင်းတော့ ပြန်မပေးဘူး ဘုန်းဘုန်း။ အဲဒါကြောင့် သား သူ့ကို လက်သီးနဲ့ ထိုးလိုက်တာပါ”
“သူများရဲ့ ပစ္စည်းကို ခွင့်ပြုချက် မရပဲနဲ့ မယူရဘူးလို့ ဘုန်းဘုန်း သင်ပေးထားတယ် မဟုတ်လား? ပြန်ပေးလိုက်စမ်း! ရန်မဖြစ်ရဘူးလို့လည်း ဘုန်းဘုန်း ပြောထားတယ် မဟုတ်လား?”
အင်း….. အရွယ်မရောက်သေးတဲ့ ကလေးတွေကို အကျင့်စာရိတ္တ ကောင်းမွန်ဖို့ သင်ကြားရေးမှာလည်း ကျွန်ုပ်တာဝန်ပဲလေ။ ကလေးတွေရဲ့ ပညာရေးသာမက အသိဉာဏ်ပညာ ဖွံ့ဖြိုးရေးမှာလည်း ဘ၀အတွက် လိုအပ်ချက်ပဲ။ အဲဒီ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးချင်လို့ ကျွန်ုပ်ရဲ့ ဘ၀ကို ပေးဆပ်ထားတာပေါ့။

ပေးဆပ်ခြင်းမှာ ပျော်မွေ့သူတို့၏ ပီတိကိုစား အားရှိပါ၏... အပိုင်း (၃) (ဖြစ်ရပ်မှန်ကို တန်ဆာဆင်၍ ရေးဖွဲ့သီကုံးထားပါသည်)

ဟာ…..! ဘယ်လို ဖြစ်သွားပါလိမ့် ကျွန်ုပ်ရဲ့ ပညာ့ဘုံဗိမာန်ကျောင်းလေး မိုးလေပြင်းထန်တဲ့ ဒဏ်ကို မခံနိုင်တော့ဘူး။ ကလေးတွေလည်း အော်တဲ့သူက အော်၊ ငိုတဲ့သူက ငို၊ ထွက်ပြေးနေတဲ့ကလေးက ပြေး ဖြစ်နေပါပေါ့လား။ ကောင်းကင်ပြင်ကြီးမှာလည်း မဲမှောင်လို့။ လျှပ်စီးအလင်းရောင်တန်း တွေကလည်း မိုးတိမ်မဲတွေ ကြားမှာ ခြိမ်းခြောက်သံတွေပေးပြီး တဖျပ်ဖျပ်နဲ့။ ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်ထုက လွှမ်းမိုးနေပြီး မိုးက သဲကြီးမဲကြီး တစ်ရှိန်ထိုး ဆင်းလာပြီကော။
အားလုံးဟာ အလန့်တကြား ဖြစ်နေကြပြီ။ ဟုတ်တယ်။ ကျွန်ုပ်ရဲ့  စာသင်ကျောင်းလေး ပြိုကျသွားပြီ။ တကယ်ကို ပြိုလဲကျသွားပြီ။ ကျွန်ုပ်ကိုယ်တိုင်လည်း ပြိုကျနေတဲ့ ကျောင်းရဲ့ အောက်ကို ရောက်နေပြီ။

ပေးဆပ်ခြင်းမှာ ပျော်မွေ့သူတို့၏ ပီတိကိုစား အားရှိပါ၏... အပိုင်း (၄) (ဖြစ်ရပ်မှန်ကို တန်ဆာဆင်၍ ရေးဖွဲ့သီကုံးထားပါသည်)

အောက် အီးအီး…….အွတ် !!!
မနေ့က ယာယီ အမိုးအကာ ဆောက်ထားတဲ့ တဲနံရံ ဓနိဖက်စကာပေါက်လေးတွေ ကြားထဲမှ ကျိုးတိုးကျဲတဲ နေရောင်က ကျွန်ုပ် မျက်နှာပေါ်ကို ကျလာတယ်။ ကျွန်ုပ်ကို အိပ်ယာက ထခိုင်းနေပြီ။ ခေတ်မမီပေမဲ့ အချိန်မှန်ကို ပြနေသေးတဲ့ ကျွန်ုပ်ရဲ့ စားပွဲတင် နာရီအိုလေးတောင် မနေ့ကတည်းက ဘယ်နားရောက်သွား မှန်း မသိတော့။ ဘယ်အချိန်ရှိလို့ ရှိမှန်းကို မပြောတတ်တော့ဘူး။ ကိုကြက်ဖကြီးလည်း ဘယ်ချိန်ကတည်းက ကျွန်ုကို နှိုးနေသလဲ မသိ။ အော်နှိုးရလွန်းလို့ အာညောင်းနေပြီနဲ့ တူတယ်။
အိပ်ယာထဲမှာ လှဲနေရင်းက ကျွန်ုပ်ရဲ့ ဦးခေါင်းကို မော့ပြီး ဘယ်ညာ ကြည့်လိုက်မိတယ်။ ကလေးတွေကတော့ မနေ့က ပင်ပန်းလွန်းအားကြီးလို့ အိပ်နေလိုက်ကြတာ။ အတုံးအရုံးပါပဲ။ ဒီနေ့မနက် ကျွန်ုပ်ရဲ့ အရုဏ်ဆွမ်းလေးလည်း ဘယ်ဆီမှာများ ခရီးလွန် နေမှန်းကို မတွေးနိုင်တော့ဘူး။
ဟင်….. ကျွန်ုပ်နားထဲ ဆူညံသံတွေ ကြားနေရပါလား။ စကားပြောသံတွေပဲ။ လူသံတွေ။ ထူးဆန်းလှ ချည်လား။ စောစောစီးစီး ဘာများဖြစ်ကြတာပါလိမ့်။ ကျွန်ုပ်လည်း ကမန်းကတန်း အပြင်ကို ထွက်လာခဲ့တော့ တယ်။
လူတွေပါလား။ ကျွန်ုပ်ဆီကို လာတဲ့ ဧည့်သည်တွေလားပဲ။ မြင်ဖူးတဲ့ လူတွေရော မမြင်ဖူးသေးတဲ့ လူတွေရော။

ပေးဆပ်ခြင်းမှာ ပျော်မွေ့သူတို့၏ ပီတိကိုစား အားရှိပါ၏…အပိုင်း(၅-ဇာတ်သိမ်းပိုင်း) (ဖြစ်ရပ်မှန်ကို တန်ဆာဆင်၍ ရေးဖွဲ့သီကုံးထားပါသည်)

(ဇာတ်သိမ်းပိုင်း)
 “ဒကာကြီး ဘုရားစေတီ တည်ချင်ရင် စေတီတွေ ပေါများလှပြီ ဖြစ်တဲ့ စစ်ကိုင်းတောင်မှာ မတည်ပါနဲ့တော့လား။ စေတီ မရှိသေးတဲ့ ဝေးလံတဲ့ နေရာတွေမှာ လူတွေ ကြည်ညိုသဒ္ဓါ ပွားများနိုင်အောင် သွားတည်ပါလား ဒကာကြီး။ ဒါမှ မဟုတ်ရင်လည်း အခု စေတီတည်ဖို့ ကုန်ကျတဲ့စရိတ်တွေ အားလုံးကို ကလေးတွေရဲ့ နှလုံးသားမှာ ဘုရားတည်ပေးနေတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို သွားပြီးတော့ လှူလိုက်ရင် ပိုကောင်းလိမ့်မယ်။ တကယ်လိုအပ်နေတဲ့ နေရာတွေကို လှူတာဟာ တကယ်ကို အကျိုးကြီးလှပါတယ် ဒကာကြီး။ အဲဒါဟာ လူသားတွေရဲ့ နှလုံးသားထဲ ဘုရားတည်ပေးလိုက်တာပါပဲ”
အဲဒီ ဒကာကြီး ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ။ ကျွန်ုပ်ကတော့ ပြောလိုက်တာပဲ။ သာသနာ့ ခေါင်းဆောင် လုပ်နေတဲ့ ရဟန်းသံဃာ ပုဂ္ဂိလ်တွေဟာ သာသနာ အကျိုးအတွက် ဆိုရင် အမုန်းခံပြီး ပြောသင့် ရင်လည်း ပြောရမှာပဲလို့ ကျွန်ုပ်ကတော့ ခံယူထားတယ်။ မြန်မာနိုင်ငံမှာ မလိုအပ်တဲ့နေရာတွေမှာ စေတီတွေကများလာပြီး ဗုဒ္ဓဘာသာ ကလေးတွေက ဘာသာခြားတွေရဲ့ နောက်ကို ပါသွားလို့ လျော့လျော့ ကုန်တာကို ပြန်ပြီးတော့ ကယ်တင်ရမယ် ဆိုတာက ကျွန်ုပ်ရဲ့ တာဝန်တစ်ရပ်ပေပဲ ဗျ။

Saturday, November 5, 2011

ဘဝထဲက ဆင်းရဲဒုက္ခနဲ့ပျော်ရွှင်ခြင်း

ဘဝထဲက ဆင်းရဲဒုက္ခနဲ့ပျော်ရွှင်ခြင်း


လူ့ဘဝတစ်သက်မှာ လူတိုင်းလူတိုင်း ပျော်ရွှင်ခြင်းကိုခံစားဖူးသလို ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့လည်း ရင်ဆိုင်ဖူးကြတယ်။ ပျော်ရွှင်ချိန်မှာ အချိန်ကတိုတောင်းလွန်းတယ်လို့ ကျွန်တော်တို့ခံစားရတယ်။ ဆင်းရဲဒုက္ခရောက်ချိန်မှာ အချိန်ကရှည်လျားလိုက်တာလို့ ကျွန်တော်တို့ညည်းတွားကြတယ်။ ပျော်ရွှင်ခြင်းနဲ့ ဆင်းရဲဒုက္ခဆိုတာ ခွဲလို့မရတဲ့ အမွှာပါ။ ဘုရားသခင်က လူတိုင်းအပေါ် မျှတခဲ့ပါတယ်။ ဆင်းရဲဒုက္ခဆိုတာ ပျော်ရွှင်ခြင်းနဲ့ အမြဲတွန်တွဲနေပါတယ်။ ပျော်ရွှင်ခြင်းကိုခံစားတတ်ရင် ဆင်းရဲဒုက္ခကိုလည်း ခံစားရတတ်ပါမယ်။ ပျော်ရွှင်ခြင်းကိုခံစားတာက သင့်ရဲ့ပြီးမြောက်ခြင်း၊ အောင်မြင်ခြင်းကို ဆတိုးစေပါတယ်။ ဆင်းရဲဒုက္ခ၊ နာကျင်ခြင်းကို ခံစားတာက သင့်ရဲ့မိမိကိုယ်ကိုယ်ယုံကြည်မှု၊ သည်းခံစိတ်ကို ပိုတိုးစေပါတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ရင်ဆိုင်ရချိန် သင်တုန်လှုပ်တွေဝေပါသလား? မျှော်လင့်ချက်မဲ့တဲ့ အခြေအနေရောက်ချိန် မလျော့တဲ့ဇွဲနဲ့ သင်ကြံ့ကြံ့ခိုင်နိုင်ပါသလား? ဒါကတော့ သင့်ရဲ့ခိုင်မာတဲ့ယုံကြည်မှုနဲ့ ကြံ့ခိုင်တဲ့စိတ်ဓာတ်ပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

ဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ကြုံချိန် စိတ်မပျက်၊ လက်မလျော့ဘူး၊ သက်ပြင်းမချဘူး၊ ရှေ့ဆက်ခြေလှမ်းတွေ မရပ်ဘူး။ ဒါဟာ ဘဝရဲ့လေ့ကျင့်မှုတစ်ခုလို့ မှတ်ယူမယ်။ ဘဝရဲ့ ကြီးပြင်းရှင်သန်မှုတစ်ခုလို့ သဘောထားခဲ့မယ်ဆိုရင် အဲဒီအခက်အခဲတွေက သင့်ဘဝကို အရောင်စုံစုံနဲ့ ရေးခြယ်သီကုံးနိုင်ဖို့ ကူညီပါလိမ့်မယ်။

လူ့ဘဝမှာ ဆင်းရဲဒုက္ခ၊ အခက်အခဲဆိုတာ ရှိကိုရှိပါတယ်။ ဒါဟာ အောင်မြင်ဖို့အတွက် ရှေ့ဆောင်လမ်းပြပါ။ ဆင်းရဲဒုက္ခကို မကြောက်လန့်၊ မတွန့်ဆုတ်တာက အောင်မြင်စိတ်ပြင်းပြတာထက် ပိုတန်ဖိုးရှိပါတယ်။ ဆင်းရဲဒုက္ခနဲ့ကြုံချိန် မကြောက်၊ မရွံ့ဘူး။ အခြားတစ်ဘက်ကကြည့်ရင် ဆင်းရဲဒုက္ခဆိုတာ ကျွန်တော်တို့ရဲ့စွမ်းရည်ကို တိုးမြင့်ပေးတာဖြစ်တယ်။ ကျွန်တော်တို့ကို သန်မာအောင်၊ ရှေ့ဆက်တိုးရဲအောင် လေ့ကျင့်ပေးနေတာဖြစ်တယ်။

ဆင်းရဲဒုက္ခ၊ အခက်အခဲက လူတစ်ယောက်ရဲ့ စိတ်အားထက်သန်မှုကို လှောင်မြိုက်စေတယ်။ ငုပ်လျှိုးနေတဲ့ စွမ်းရည်တွေကို လှုပ်နှိုးစေပြီး အောင်မြင်မှုပန်းတိုင်ဆီ အရောက်လှမ်းစေတယ်။ ထက်မြက်သူတွေ၊ ကြံ့ခိုင်သူတွေက “ကျရှုံးခြင်း”ကို “အင်အား”တစ်ရပ်အဖြစ် ပြောင်းလဲတယ်။ ကမာကောင်တွေလို သဲဆိုတဲ့အနှောင့်အယှက်ကို လှပတဲ့ပုလဲအသွင်ပြောင်းတယ်။

မိုးသက်လေပြင်းဆိုတာမရှိရင် လှပတဲ့သက်တန့်ဆိုတာလည်း မပေါ်နိုင်ပါဘူး။ မဆုံးရှုံးဖူးတဲ့လူ့ဘဝက လှပပြည့်စုံတဲ့ဘဝ မဟုတ်ဘူး။ ကျရှုံးခြင်းကိုအောင်နိုင်ပြီးမှ ရလာတဲ့ အောင်မြင်မှုမျိုးက သင့်ကို ပိုယုံကြည်မှုတိုးစေတယ်။ ပိုအားရကျေနပ်စေတယ်။ လူ့ဘဝကို ပိုလှပစေပါတယ်။

တကယ့်အောင်မြင်တဲ့လူတွေက ကျရှုံးခြင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ပြီးမှ အောင်မြင်လာတာဖြစ်တယ်။ ဆင်းရဲဒုက္ခကို မခံစားဖူးသူဟာ အောင်မြင်ခြင်းရဲ့ပျော်ရွှင်မှုကိုလည်း မခံစားတတ်ခဲ့ပါဘူး။

လူ့ဘဝကို အလွယ်တကူ လက်မလွတ်ပါနဲ့။ ရှည်လျားတဲ့လူ့ဘဝမှာ ဘယ်သူကမှ အရာရာ အဆင်ပြေချောမွတ်ကြတာ မဟုတ်ဘူး။ လူတိုင်းလူတိုင်း ဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ မလွဲမသွေကြုံကြရတယ်။ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ရသူတိုင်းဟာ ပိုကြံ့ခိုင်သန်မာလာတယ်၊ ပိုရင့်ကျက်လာတယ်၊ ပိုသတ္တိရှိ ရဲရင့်လာတယ်။ အောင်မြင်မှုနဲ့ ပိုနီးကပ်လာပါတယ်။ ဆင်းရဲဒုက္ခက လူကိုအတွေ့အကြုံတွေ ပိုတိုးစေရုံမက ဘဝကိုလည်း မပြတ်မြင့်တင်ပေးပါတယ်။ ဆင်းရဲဒုက္ခကြောင့် လူ့ဘဝကို ပိုတန်ဖိုးထားသင့်၊ ပိုချစ်ခင်မြတ်နိုးသင့်ကြောင့် ကျွန်တော်တို့ကို ပိုနားလည်စေခဲ့ပါတယ်။

ဘဝက ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပါ။ အနာဂတ်ဆိုတာလည်း ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပါပဲ။ ပျော်ရွှင်ခြင်းဆိုတာကလည်း ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပါပဲ။ ဒါကြောင့် ဘဝကို ပိုတန်ဖိုးထားရပါတယ်။ ဆင်းရဲဒုက္ခက ကျွန်တော်တို့ကို ရှေ့တိုးအောင်၊ အတွေ့အကြုံ၊ ရင့်ကျက်မှုတွေ စုပေးနိုင်သလို တစ်ဘက်မှာလည်း ချောက်နက်ထဲကို တွန်းပို့နိုင်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့စိတ်နေသဘောထားနဲ့ ကျွန်တော်တို့ ပြုမူဆက်ဆံရပါတယ်။ ဆင်းရဲဒုက္ခရဲ့အကျိုးကို မှန်မှန်ကန်ကန် နားလည်ပြီး အဲဒီဆင်းရဲဒုက္ခကို အင်အားတစ်ရပ်အဖြစ် ပြောင်းလဲမယ်။ အောင်နိုင်မယ်ဆိုရင် ဘယ်လိုအခက်အခဲကမှ သင့်ကိုနလန်မထအောင် မတွန်းဖြိုနိုင်ပါဘူး။

လူ့ဘဝမှာ ပျော်ရွှင်ခြင်းက ကျွန်တော်တို့ကို ပြုံးပျော်ကြည်နူးမှုတွေပေးတယ်။ ဆင်းရဲဒုက္ခက ကျွန်တော်တို့ကို ပြန်လည်တမ်းတမှုတွေပေးတယ်။ လူ့တစ်သက်မှာ တကယ့်ပျော်ခဲ့ရတဲ့ ပျော်ရွှင်ခြင်းတွေကို ကျွန်တော်တို့ သတိမရတတ်ကြဘဲ ဆင်းရဲဒုက္ခ နာကျင်ခြင်းတွေကိုကျတော့ တော်ရုံနဲ့ မမေ့တတ်ကြဘူး။ ဆင်းရဲဒုက္ခ၊ နာကျင်ခြင်းတွေကို ကျွန်တော်တို့ရှောင်လို့လည်းမရ၊ ငြင်းဆန်လို့လည်းမရတဲ့အခါ ဖြစ်လာသမျှ ဆင်းရဲဒုက္ခတွေကို အပြုံးနဲ့ရင်ဆိုင်ပြီး အင်အားတစ်ရပ်အဖြစ် ဘာဖြစ်လို့ ကျွန်တော်တို့မပြောင်းနိုင်ရမလဲ?

လက်ခံတတ်အောင် သင်ယူပါ။ သည်းခံတတ်အောင် သင်ယူပါ။ ခံစားတတ်အောင် သင်ယူပါ။ ခွင့်လွှတ်တတ်အောင် သင်ယူပါ။ တန်ဖိုးထားတတ်အောင် သင်ယူပါ။ ကိုယ်ချင်းစာတတ်အောင် သင်ယူပါ။ ဒါမှ သင့်ဘဝဟာ ပိုထွန်းတောက် အရောင်စုံပါလိမ့်မယ်။

original post from --- http://www.duwenzhang.com

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ရှေးရေစက် ပါရမီ

ရှေးရေစက် ပါရမီ

၁-ရေမြေခြားသော်လည်း ရှေးရေစက်ကြောင့် ဆရာ၊ဒကာ နေနှင့်ကြာတွေ့ ဆုံသောအခါ

၂-ပါရမီ ဖြည့်ဖို့ 

၃-ဆုတောင်းကောင်းလို့

၎-ဆုတောင်းမှန် သောတာပန်

၅-ကုသိုလ်စေရာ နိဗ္ဗာန်သို့ သာ

အတိတ်ဘဝ ရှေးရေစက်များကြောင့် ရေမြေတွေ အဘယ်လောက်ပင် ခြားနေသော်

လည်း အမေရိကန်နိုင်ငံကယ်လီဖိုးနီးယား၊စန်ဖရန် စစ်စကို၊ တက်ကဆက်၊ ကင်တာကီ ၊

နယူးယောက်မြို့ များသို့ မေလ၁၁ရက်မှဇူလိုင်၁၂ရက်၂၀၁၁ နှစ်လတာကြာအရောက်

ကြွလာကာရက်(၂၀)တိတိနယူးယောက်မြသသုပညရှိနန္ဒသစ္စာတရားရိပ်သာတွင်ဝိပဿနာ

အထူးကျင့်စဉ်တရားပွဲ နောက်ဆုံးမပြန်ခင်ရက်နောက်ဆုံးနှုတ်ဆက်တရားလေး

ဟောကြားနေသောမြောက်ဦးဆရာတော်အရှင်ဝါယမိန္ဒ၏တရားအသံများသည်

နယူးယောက်မြို့ ရှိရဟန်းဒကာ ရဟန်းဒကာမများ၏ရင်ဝယ်စွဲနှစ်အောင်ကျန်ခဲ့ရသော

ဓမ္မအနှစ်သာရ အသိဥာဏ်ပွားများစေခဲ့သောတရားများကိုအများသူငါသိစေလိုလွန်းသော

ဆန္ဒ ဖြင့်တရားစကားလုံးများကိုဤ ရှေးရေစက်ပါရမီ ဆောင်းပါးလေးအဖြစ် ရေးသား

တင်ပြလိုက်ရပါသည်၊

----

ရေမြေခြားသော်လည်း ရှေးရေစက်ကြောင့်

ချိုသာအေးငြိမ်းသော ဆရာတော်၏နောက်ဆုံးနေ့ တရားပွဲတွင် နှုတ်ဆက်စကား

တရားသံများမှာ-------------

လောဘကို နှုတ်မည်၊ အလောဘကို ဆက်ရမည်၊

ဒေါသကို နှုတ်မည်၊ အဒေါသကို ဆက်ရမည်၊

မောဟကို နှုတ်မည်၊ အမောဟကို ဆက်ရမည်၊

ဒိဋ္ဌိ မာနကိုဖြုတ်ရမည်၊ ပညာတရားကို ဆက်ရမည်၊

နှုတ်မည်ဆက်မည် နှုတ်ဆက်ခဲ့ပါသည်။

လောဘ၊ဒေါသ၊မောဟ၊မာန နှင့် စည်းစိမ်ဥစ္စာတွေကို အိမ်မှာဘဲထားခဲ့ပါ ရိပ်သာတို့ 

တရားအားထုတ်တဲ့ နေရာတို့ ကို ယူမလာခဲ့ကြနဲ့ ။

ပါရမီဆိုတာ အခုချက်ခြင်းဖြည့်လို့ ရတာမဟုတ်ဘူး၊ ဒီဘဝတခုထဲမှာ ဖြည့်ကျင့်လိုက်

ရတာမဟုတ်ဘူးနော်၊

အတိတ်ဘဝပေါင်းမြောက်မြားစွာ ကဖြည့်ကျင့်လာခဲ့ရတဲ့ပါရမီဓာတ်တို့ သည်ဘုရားနှင့်တွေ့ 

လျှင်ချက်ခြင်း ဖူးပွင့်ကြရသည်။

ရေကန်တွင်းရှိ ပဒုံမာကြာပန်းသည်လည်း နေရောင်မထိခင်ကာလ ငုံနေရပြီး နေရောင်ခြည်

ထိတွေ့ ခွင့်ရသော်ပွင့်အာလာကြရဘိသကဲ့သို့ ၊

အတိတ်ကပါရမီများရှိနေခဲ့သော်လည်းတရားအသိဥာဏ်မရှိသေးသူများသည်သူ့ ဆရာနှင့်

သူ့ ဒကာတွေ့ ခွင့်မရသေးလျှင်တရားအသိများငုံ့လျိုးနေရချေသည်။

သူ့ ဆရာ နှင့် သူ့ ဒကာ တွေ့ သည်နှင့် ချက်ခြင်း ပဒုံမာကြာငုံ နေနှင့်ထိတွေ့ ကပွင့်အာလာ

ရသကဲ့သို့ အတိတ်ဘဝပါရမီဆက် ရှေးရေစက်ရှိခဲ့ကြသောဆရာနှင့် ဒကာဆုံတွေ့ သည်ရှိသော်

ဘာတွေပွင့် လါရသလဲ၊ သစ္စာ၎ပါးဟူသောသစ္စာပန်းတွေပွင့်လါရတာပေါ့ ၊

နေလည်း ကွယ်သွားရော- ကြာပန်းလေးပြန်ငုံသွားတတ်သလိုတချို့ လည်းပွင့်အာသွားတတ်

ကြတယ်။

ကုမုဒြာကြာတွေ ညအခါ လရောင်မှာ ပွင့်လါကာအလွန်လှကြသော်လည်း နေ့ လည်ကျညိုးနွမ်း

ပျက်စီး သွားတတ်ကြသည်၊ ထို့ နည်းအတူ ဆရာနှင့် ဒကာဆိုတာ ဘယ်တုံးကပါလာတာလဲ၊

လွန်လေပြီးသောဘဝအဆက်ဆက်သံသရာအဆက်ဆက်ကကုသိုလ်ကံတရားတွေကြောင့်ပေါ့။

ပဋ္ဌာန်းထဲမှာဘုရားဟောကြားထားတာကြည့်လေ။“ပုရိမာ ပုရိမာ ကုသလာဓမ္မာ၊ပစ္စိမာနံ ပစ္စိမာနံ

ကုသလာနံ ဓမ္မာနံ”။အနန္တရ၊ဥပါနိဿယ၊နိဿယပစ္စည်းများဖြင့်ကျေးဇူးပြုကြသလိုဘဲ

ဆရာ ဒကာ နေနှင့်ကြာ တွေ့ ဆုံသောအခါ

အတိတ်မှကုသိုလ်ရှိသူမှသာကုသိုလ်ရှိသောသူများနှင့်ဆုံစည်းကြရသည်။အတိတ်ကံကြောင့်

ဆုံစည်းလာပါကအံ့မခန်းလောက်သောကုသိုလ်စိတ်များတိုးပွားခွင့်ရရခြင်းသည်အခုဒကာ၊

ဒကာမတို့ ရဲ့ အတိတ်ဘဝပေါင်းများစွာက ဖြည့်ဆည်းကြခဲ့တဲ့ကုသိုလ်ပါရမီ ဖြည့်ဖက်၊

ရှေးကရေစက်တွေကြောင့်ပေါ့ ။

အခုလို့ပြန်လည်ပြီးဘယ်လောက်ဘဲပင်လယ်သမုဒ္ဒရာကန္တာရခရီးတွေကြမ်း တမ်းပြီးဝေးကွာနေပင်ငြား သော်လည်း ပြန်လည်ဆုံဆည်းကြရသောခဏလေးအချိန်

အတွင်းမှာခဏလေးအသံကြားလိုက်ရရုံနှင့်တရားနာချင်၊တရားအားထုတ်ချင်၊တရားတွေ

ရှုမှတ်ချင်လာသောစိတ်များတဖွားဖွားဖြစ်ပေါ်လာရတာဟာအတိတ်ရှေးရေစက်ပါရမီကြောင့်ပါ။

အဲလိုဆုံတွေ့ လိုက်ကြရလို့ တရားတွေနာ၊တရားတွေရှုမှတ်ရင်းထူးခြားသောအသိဥာဏ်လေးတွေ

သိခွင့် ရခဲ့ကြတယ်မဟုတ်လား၊

ဒီလိုထူးခြားသော ဓမ္မအသိ၊သစ္စာတရားအသိ၊ရုပ်နာမ်သင်္ခါရဓမ္မတွေကိုထိုးထိုးထွင်းထွင်း

သိလာသောအသိ၊အနိစ္စ၊ဒုက္ခ၊အနတ္တကိုသိမြင်နိုင်သောအသိတွေ ဖြစ်ပေါ်လာရခြင်းဟာ

အတိတ်ကံတရားများကြောင့်ပါဘဲ။ ဒီအတိတ်ကံတရားတွေက ကျေးဇူးပြုလိုက်လို့ ပစ္စုပ္ပန်မှာ

အကျိုးဖြစ်ရတာပါ။အကြောင်းမရှိဘဲအကျိုးမရှိနိုင်ဘူးနော်၊ဘဝပေါင်းများစွာသော

ဘဝတွေမှာဒီဘုန်းကြီးကြောင့်လည်းဒကာ၊ဒကာမတွေ သောကပရိဒေဝ တွေဖြစ်ခဲ့ရသလို

ဒီဒကာ၊ဒကာမတွေကိုအကြောင်းပြုပြီးဒီဘုန်းကြီးတို့ လည်း သောကတွေအများကြီးရခဲ့ ပြီးပါပြီ။

ဘဝဆိုတာတိုတောင်းသလား၊ အရှည်ကြီးလား၊( တိုတိုလေးပါဘုရား)ဟုတ်တယ်၊ဘဝဆိုတာ

တိုတိုလေး နော်။အမေ၊အဖေအဖြစ်၊အကိုအမညီအကိုမောင်နှမအဖြစ်၊မိသားစုအသိုင်းအဝိုင်း

အဖြစ်နဲ့  ဒါနသီလဘာဝနာပါရမီစသည့် ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့ကြရတာ၊ ဖြည့်ကျင့်ခဲ့

ကြရတာ၊

ဒီနေ့ ဒီနေရာမှာ ပြန်လည်ဆုံစည်းကြချိန်ကုသိုလ်တွေလုပ်ခွင့်ပါရမီတွေ ဖြည့်ခွင့်ရကြရတာပေါ့ ။

ပါရမီဆိုတာ -ဖြည့်ဖို့ 

ဆရာတော်ဘုရား၏ဂရုဏာဖြင့်တိုက်တွန်းချက်များသည်ပါရမီဖြည့်ရန်တွန်းအားပေးနေသကဲ့သို့ ။

အရာရာတိုင်းမှာကောင်းသောအာရုံနှင့် မကောင်းသောအာရုံ၂ ခုရှိသော်လည်း ကောင်းသော

အာရုံကိုသာလက်ခံထား၊ ကောင်းသောမနောကံ၊ ကောင်းသောဝစီကံ၊ကာယကံများကိုဘဲလုပ်သင့်

တယ်နော်၊အကုသိုလ်စကားဆို ခုလဲမပြောနဲ့ ၊ နောက်လည်းမပြောနဲ့ ၊

တရားထိုင်စဉ်မှာသီးခံမှတ်ပါ။သည်းငြီးခံပါ၊ဇွဲရှိပါ၊စိတ်ရှည်ရှည်ထားပါ။သတိနှင့်ဝီရိယကိုတင်ထားကြ ပညာဥာဏ်နှင့်ရှုလို့ အနားမှာထိုင်ရင်းတဖွဖွပြောနေရတာ မုန်းလို့ မဟုတ်ပါဘူးအသိထူးဥာဏ်ထူးတွေ

ရစေချင်လွန်းလို့ ၊ဝီရိယပါရမီ၊ခန္ဓီပါရမီတွေတိုးတက်စေချင်လွန်းလို့ ပါ၊ဘုန်းဘုန်းတို့ အတွက်မဟုတ်၊

မိမိကိုယ်တိုင်ကျင့်မှကိုယ်ပိုင်ရမဲ့ တရားတွေပါ။ဘုန်းဘုန်းဘယ်လောက်ခိုင်းခိုင်း ကိုယ်ကမကျင့်ရင်

၊မရှုမှတ်ရင်၊တရားမထိုင်ရင်ဘာတရားအသိမှမရနိုင်ဘူး၊

ဤနေရာတွင် ရှေးရေစက်ပါရမီ ဖြည့်ကျင့်ခဲ့ရသည်များကိုသိစေချင်သောဆန္ဒဖြင့်စာရေးသူသည်

ပါရမီနှင့်ပတ်သက်၍ အနည်းငယ် ဖြည့်စွက်ရေးသား ပြလိုက်ပါသည်။

ပါရမီ = မြင့်မြတ်သူတို့ ၏လုပ်ငန်းစဉ်

၁-ဒါနပါရမီ = ပေးကမ်းလှုဒါန်းစွန့် ကြဲမှုကို ဖြည့်ကျင့်ခြင်း၊

၂-သီလပါရမီ = ၅ ပါး၊ ၈ ပါး၊ ၁၀ ပါးသီလစောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း၊

၃-နေက္ခမ္မပါရမီ = ကာမဂုဏ်မှ ထွက်မြောက်မှုကို ဖြည့်ကျင့်ခြင်း၊

၎-ခန္တီပါရမီ = သည်းခံခွင့်လွှတ်ခြင်းကို ဖြည့်ကျင့်ခြင်း၊

၅-သစ္စာပါရမီ = အမှန်အတိုင်းပြောဆို၍ ပြောသည့်အတိုင်းလိုက်နာပြုကျင့်မှုသစ္စာကိုဖြည့်ကျင့်ခြင်း၊

၆-မေတ္တာပါရမီ =သတ္တဝါများကိုမိမိနှင့်ထပ်တူ ချစ်ခင်စိတ်ထားရှိရန် ဖြည့်ကျင့်ခြင်း၊

၇-ဥပေက္ခာပါရမီ = ချစ်ခြင်း၊မုန်းခြင်းမရှိ ကောင်းဆိုးနှစ်တန်ကိုခံနိုင်ရည်ရှိစေရန် ဖြည့်ကျင့်ခြင်း၊

၈-အဓိဋ္ဌာန်ပါရမီ =စိတ်ဆုံးဖြတ်ထားသည့်အတိုင်း ခိုင်မြဲစွာလိုက်နာကျင့်သုံးမှုကို ဖြည့်ကျင့်ခြင်း၊

၉-ဝီရိယပါရမီ = ဇွဲ၊လုံ့ လ စွမ်းပကားကြီးမားစေရန် ဖြည့်ကျင့်ခြင်း၊

၁၀-ပညာပါရမီ = ဥာဏ်ပညာ တိုးပွားရင့်ကျက်မှုကို ဖြည့်ကျင့်ခြင်း၊

တကယ်အဟုတ်ပါရမီဖြည့်တော့မည်ဆိုလျှင်၁ မှ၁၀ အထိဂဏန်းစဉ်အတိုင်း ၁ ပြီး၂၊

၂ ပြီး၃ ဟူ၍တရားသေပါရမီ ဖြည့်နေရမည်ကားမဟုတ်ပေ။ပါရမီတစ်ချက်ဖြည့်ခြင်းသည်၊

ပါရမီတစ်ကွက်ဖြည့်ခြင်းသည် လူမိုက်ခေါင်းဆောင်ဖမ်းမိသကဲ့သို့ ကိလေသာအားလုံးကို

တပြိုင်နက်မြှပ်သတ်ပေးနိုင်စွမ်းရှိသည်။

ပါရမီတော်တစ်ခုသည် သံယောဇဉ်နွယ်တစ်ခုကိုတာဝန်ခံ ဖြတ်တောက်ရ၏။ပါရမီ ဆယ်ပါးသည်

သိက္ခာ သုံးပါး ( သီလ၊ သမာဓိ၊ ပညာ) တို့ ၏တရားကိုယ်များပင် ဖြစ်သည်။

အကျဉ်းဆိုသော် - သီလ၊ သမာဓိ၊ ပညာ ပါရမီ

ဒါန၊ သီလ ပါရမီခန်းသည် စိတ်လေ့ကျင့်မှု- သီလပါရမီတော်။

နေက္ခမ္မ၊ ခန္တီ၊ သစ္စာ၊ မေတ္တာ၊ ဥပေက္ခာ တိုင်သည့်ပါရမီများသည် စိတ်တည်မှုအလေးပြုသော-

သမာဓိပါရမီတော်၊

အဓိဋ္ဌာန်၊ ဝီရိယ၊ ပညာ ပါရမီ များသည်သိပိုင်မှုကို အလေးပြုရသော - ပညာပါရမီတော်။

ပါရမီဟူသည် ဖြည့်ကျင့်နေခြင်းဟု အဓိပ္ပါယ်ရသည်၊

ပါရမီသည် အကျင့် ဖြင့် တဏှာဖြတ်၊ အသိဖြင့် တဏှာသတ်ရသည်ကိုမမေ့သင့်၊

လက်ထဲရောက်နေသော အခွင့်အရေးများ

ရခဲလှသောလူ့ ဘဝ ၊ သာသနာတော်အတွင်းမှာလဲ လူဖြစ်ရ၊ခက်ခဲနက်နဲသော တရားများ

ကိုလည်း သင်ယူနားကြားနေရသောယခုဘဝသည် နိဗ္ဗာန်၏ အနီးအပါးသို့ ဆိုက်၍နေသော

ဘဝပေတည်း၊

၁- အလွန်ကျင့်၍ အလွန်ရင့်မှပွင့်လေသောဗုဒ္ဓ နှင့်ဗုဒ္ဓခောတ်တို့ လည်းလက်ဝယ်ရှိနေ၏။

ယခုလူ့ ဘဝ တွင်ပါရမီတော်အဆင့်ဆင့်ကိုကောင်းစွာအဆင့်ဆင့်ဖြည့်ကျင့်ခွင့်ရနေသည်၊

၂-ဘုရားနှင့် အရိယာတို့ သာသိနိုင်သောသစ္စာတရားကိုသိခွင့်ရနေသောလူ့ ဘဝသည်လည်း

လက်ဝယ်ရှိ နေပြီ။

၃-ရတနာ၃ပါးနှင့်သာသနာအပေါ်ယုံကြည်အားကိုးမှုသဒ္ဓါကလည်း ပြည့်ဝစွာ လက်ဝယ်

ရှိနေပေသည်။

၎- ယနေ့ ထွက်ခွါရန် ကြိုးစားသော်ယနေ့ ပင်ထွက်လမ်းကြီး “သာ” နေသည်ကိုလည်း

လက်တွေ့ မြင်နေရ၏၊

၅-ကိုယ်တိုင်သိလမ်းပြပေးနေသောအရိယာသူတော်ကောင်းတို့ ၏ကူညီအားကလည်း

မိမိအနား စောင့်စားလျက်အခွင့်အရေးကောင်းကြီးများပင်၊လမ်းသိပြီးသူ ဆရာမှန်ကို

ဆရာတင်ကသံသရာလွတ်လမ်းနိဗ္ဗာန်လမ်းကို ရာနှုန်း ပြည့်ရောက်မည်သေချာသည်။

လူလည်းသက်သာ၊ပါရမီလည်း အမြန်ဖြည့်ရာ ရောက်စေသည်။

ထိုမျှအဖိုးတန်လှသောလက်ပေါ်ရောက်အခွင့်အရေးများကိုမယူတတ်လျှင်အသုံးမချ

တတ်လျှင်အသုံးချလိုစိတ်မရှိခဲ့လျှင်သင်သည်ထီပေါက်လျက်က ထီလက်မှတ်ပျောက်နေ

သူ နှင့်မခြားနား၊သင်လောက်မိုက်ကန်းသူ လောကတွင်မရှိတော့ပြီ။သင်ပိုင်ဆိုင်သော

သာသနာသည် ဒီနေ့ တရက်ထည်းသာ၊မနက်ဖန်သင်သေခဲ့သော်တရားအသိ၊တရားအကျင့်

မရှိခဲ့သော်သာသနာသည်သင်အတွက်မဟုတ်တော့၊သင်နှင့်မဆိုင်အပယ်သာ ရောက်ရ ချေမည်၊

မျောက်ရယ်၊ကလေးရယ်၊ ပတ္တမြားရယ် ရွေးတတ်ရမယ်

မျောက်သည် ပတ္တမြားနှင့် သစ်သီးပေးသော် သစ်သီးသာမက်၏၊

ကလေးကို အစားနှင့် ပတ္တမြားပေးသော် အစားသာမက်၏၊

မျောက်နှင့်ကလေးသည် ပတ္တမြားကို ကောက်ကြည့်၊ မြှောက်ကြည့်၊ ပြီးတော့ ပြန်ချ ပစ်ချထား၏၊

ငုံ့ ကြည့်လိုက်၊ မော့ကြည့်လိုက်၊မျက်နှာလွှဲထားလိုက်နှင့် တခါတရံပတ္တမြားကို ပစ်လဲမပစ်၊

သုံးလဲမသုံးချေ၊

ကာမအဆိပ်သင့်ကာ မေ့လျော့နေသူများသည်လက်ပေါ်သို့ ရောက်နေသော ပတ္တမြားကို

(ဘုရား၊တရား၊သံ ဃာ) မသုံးတတ်သဖြင့်အလွန်ကံကောင်းနေပါသော်လည်း မျောက်အသိ၊

ကလေးအသိလောက်သာရှိနေပါ သေးသည်။

ယခုဘဝမှာသံသရာမှလွတ်မြောက်ဖို့ ရာ ထိုပါရမီ၁၀ ပါး ကိုလက်ဝယ်ရှိနေသော လူ့ ဘဝအခွင့်အရေးများ နှင့် ရှေးရေစက်ကုသိုလ်ပါရမီကို အသုံးချ၍ မြောက်ဦးဆရာတော်ဘုရား၏

အနီးကပ်သွန်သင်ဆုံးမမှုများဖြင့် ဝိပဿနာတရားများကျင့် ကြံ ပွားများ ဖြည့်ကျင့်ခွင့်ရသော

ရဟန်းဒကာ၊ရဟန်းဒကာမသူတော်ကောင်းအားလုံးတို့ သည် ပါရမီမျိုးစေ့များရရှိကာနိဗ္ဗာန်လမ်းကို

တနေ့ တခြားနီး၍သာသွားသောသူများ ဖြစ်ကြမည်သာ။

ဆုတောင်း ကောင်းခဲ့လို့ 

ဆရာတော်ဘုရား၏ အပြုံးများထဲမှ အဆုံးအမစကားတရားများသည် ကား-

အမေရိကန်က ဒကာ၊ ဒကာမတွေ ဆုတောင်းတွေ ကောင်းခဲ့လို့ အခုလို ဘုန်းဘုန်းတို့ နဲ့ 

သာသနာပြုတဲ့ နေရာ မှာ သိက္ခာတွေထပ်ခွင့်ရ၊ အလှုဒါနတွေပြုကြရ၊ သီလ ဘာဝနာတရားတွေ

အားထုတ်ကြရတယ် မဟုတ်လား။

ဘုရားလက်ထက်တုံးက -ကုမာရမင်းသားလေးက ဘုရားကိုမေးတယ်၊ သူတပါးနားထောင်

ချင်မှန်းမသိ နားမထောင်ချင်မှန်းမသိပါဘဲ အဘယ်ကြောင့်အတင်းတရားတွေဟောပြောနေရ

သနည်း ဟု မေးလတ်သော် မြတ်စွာဘုရားဖြေကြားသည်မှာ

ကုမာရ- သင့်မှာသားသမီးရှိသလား ၊ ( တွားသွားအရွယ်-သားငယ်လေးရှိပါသည်ဘုရားဟုဖြေ၏)။

ထိုအခါဘုရားကမေးပြန်သည်မှာ- ထိုသားလေး ပုလင်းကွဲတွေကို ပါးစပ်ထဲငုံထားတာမြင်ရင် မင်းရဲ့

သားလေး ကို ဒီအတိုင်းကြည့်နေမလား၊ အတင်းပါးစပ်ဟပြီးပုလင်းကွဲတွေထုတ်ပြစ်မလား၊

ကုမာရမင်းသားလေးဖြေဆိုသည်မှာ ပုလင်းကွဲများမျိုချလျှင် အူများပြတ်ကာ သေပွဲဝင်ရတော့မှာမို့ 

သားတော် ပါးစပ်ထဲ ငုံထားသော ပုလင်းကွဲများကို အတင်းပါးစပ်ဟကာထုတ်ပစ်ရပါမည်ဘုရားဟု

ဆိုလေသည်။ ထိုအခါ မြတ်စွာဘုရားက သွေးတွေထွက်မှပေါ့ဟုဆိုရာ ဖခင်ဖြစ်သူ ကုမာရမင်းသား

သည် မြတ်စွာဘုရား၊ တပည့်တော် ၏သားသည် ပါးစပ်မှသွေးထွက်၍ မသေပါ။ ပုလင်းကွဲများမျိုချလိုက်ခဲ့လျှင်သေရတော့မည်ဖြစ်သဖြင့် မမျိုချခင်၊ ဗိုက်ထဲ မရောက်ခင် ရသလို အတင်းထုတ်ရပါမည်ဘုရားဟုပြောခဲ့သောအခါ မြတ်စွာဘုရားအရှင်၏ ပြန်လည် ဆုံးမ ပြောကြား

သည်မှာ - အေး ငါဘုရားလည်း သတ္တဝါတွေကို အရမ်းသနားတော်မူသော်ကြောင့်

အပယ်လေးပုံကို ရောက်ကြရမှာစိုးရိမ်လွန်းလို့ ၊သတ္တဝါတွေဟာအကုသိုလ် လောဘ၊ ဒေါသ၊

မောဟ၊ တွေကိုပါးစပ်ထဲမှာ ငုံထားပြီးပြီ။ ဒါ့ ကြောင့် ငါဘုရား မဂ္ဂင်ဆေးတိုက်ကြွေးကာ အတင်း

အန်ထုတ်ခိုင်းနေရတာပါ။ ငါဘုရားသည် မဂ္ဂင်ဆိုတဲ့ အန်ဆေးကြီးကျွေးနေတာပါလို့ ဖြေခဲ့တယ်၊

ကုမာရမင်းသားလေး သည် ဘုရားရှင်၏တရားကိုနားကြားကာမြတ်စွာ ဘုရား၏မေတ္တာဂရုဏာကို

နားလည် သဘောပေါက်ခဲ့ရလေသည်။

အဲသလိုဘဲဘုန်းဘုန်းတို့ ကလည်းအပယ်ရောက်စေတတ်တဲ့အကုသိုလ်များကို ပါးစပ်ထဲငုံထားနေသော

၊ဗိုက်ထဲကိုမျိုချထားပြီးသောဒီဒကာဒကာမများကိုဘုရားကိုယ်စား မေတ္တာထားကာ ရေမြေခြားသော်

လည်းအရောက်လာပြီးတရားတွေ ပြပေး၊ ဟောပြောပေး၊ဘာဝနာမဂ္ဂင်ဆေးတွေတိုက်ကျွေးနေရ

တာပါဘဲ။

ဘာဖြစ်လို့ လဲ- သေရင် မကောင်းတဲ့ဘဝတွေ ရောက်သွားမှာစိုးရိမ်လို့ ၊ဒကာ၊ဒကာမတွေ ရဲ့

သန္တာန်ထဲမှာအကုသိုလ်တွေပြည့်နှက်နေတာကိုဘာနဲ့ ဖျက်ဆီးပြစ်ရမလဲ။

ကုသိုလ်တွေနဲ့ ဖျက်ဆီးရမယ်။ ကုသိုလ်၎ မျိုးရှိတယ်၊ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ ၊ ကုသိုလ်

၎ မျိုးရှိ သော်လည်းဒါနကုသိုလ်နှင့်လည်းမပယ်နိုင်၊သီလကုသိုလ်ဖြင့် လည်းမကာကွယ်နိုင်၊

သမထကုသိုလ် ဖြင့်လည်းလမ်းမဆုံးနိုင်ပါဘူး၊ဝိပဿနာဘာဝနာကုသိုလ်တခုတည်း

ဖြင့်သာဖျက်ဆီးပြစ်နိုင်တာပါ။ ဒါ့  ကြောင့်ဘုန်းဘုန်းကအတင်းကိုမထိုင်ချင်လဲထိုင်မှတ်ခိုင်း၊

မထချင်လဲထမှတ်ခိုင်း၊ဆက်တိုက်နံနက်၆ နာရီခွဲမှည၉နာရီအထိမပြတ်မလတ်ဒလစပ်

ရှုမှတ်စေခဲ့တာဘဲ။ ဒကာ၊ဒကာမတွေကမထိုင်ချင့်ထိုင်ချင်၊မထချင်ထချင်၊ ကြေးစည်တီးပြီးခေါ်

ရင် မလာချင်လာချင်နဲ့ ဘဲအာနာပါနကနေအားနာပါးနာလာကြထိုင်ကြ ဖြစ်နေကြတယ်။

တရားအလုပ်ဆိုတာလုပ်ချင်ချင်၊မလုပ်ချင်ချင် သည်းခံပြီးကျင့်ရတာပါ။ဒီလိုသည်းခံကျင့်မှသာ

ပါရမီဓာတ် တွေတိုးပွားလာမယ်၊ပါရမီတွေ ရင့်ကျက်လာမယ်၊ဒီပါရမီကုသိုလ်ဓာတ်တွေက

မိမိအတွက် ဘဲ၊ သည်းခံရင်နိဗ္ဗာန်ရောက်တယ်၊ အပယ်တံခါးပိတ်ဖို့ အသိထူးဥာဏ်ထူးတွေ

ရဘို့ ဖြစ်လာမယ်ဆိုရင်ဘုန်းဘုန်းတို့ နဲ့ တွေ့ ရကြိုးမနပ်ဘူးလား၊တခါတွေ့ ရင်တခါလူဖြစ်

ကျိုးနပ်တာဘဲ၊ဘာဖြစ်လို့ လဲ၊ဒကာ၊ဒကာမ တွေအတွက်ဘုန်းဘုန်းကဓမ္မလက်ဆောင်ပေးနေ

တာ၊ဓမ္မအမွေပေးနေတာ၊အိုနာသေဘေးမှလွတ်စေမယ့် ဓမ္မအလှုပေးနေတာနော်။

ဘုရားကဟောထားတယ်

အိုနာသေဒုက္ခဘေးတို့ မှလွတ်ကင်းအောင် အို-ချစ်သား ချစ်သမီးတို့ 

လောကီအာရုံတွေအပေါ်မှာ လောကီစည်းစိမ်၊မိဘတွေပေးခဲ့သောလောကီအမွေ တွေ

အပေါ်မှာယစ်မူးပြီးတော့သူတော်ကောင်းတရားတွေကို မေ့လျော့ပြီးတော့အချိန်ကုန်ပြီးတော့

မနေကြပါနှင့်၊ ထိုသို့  ယစ်မူးကာအချိန်ကုန်နေမယ်ဆိုရင် လူဖြစ်ရကျိုး နပ်လိမ့် မည်မဟုတ်၊

ငါဘုရားပေးသောသစ္စာ၎ ပါးမြတ်တရားကိုသဒ္ဒါတရားသီလတရားတွေ ရှေ့ ဆောင်ထား၍

တရားအမွေကို များများယူကြကုန်လော့၊

တရားအသိနှင့်အကြိမ်ကြိမ်လွဲခဲ့ပြီးပြီ၊တရားအသိမရှိဘဲသေသွားရရင်လူဖြစ်ကျိုးနပ်လိမ့်

မည်မဟုတ်၊

အခုလိုသစ္စာလေးပါးတရားတွေနာကြရ၊မဂ္ဂင်အကျင့်တွေကျင့်နေကြရတာ၊တရားအမွေတွေ

ခံယူခွင့်ရ နေကြရတဲ့ ဒီဒကာ၊ဒကာမတွေ ဘာဖြစ်ခဲ့လို့ လဲ

မင်းတို့ ဆုတောင်းတွေကောင်းခဲ့လို့ ဘဲ၊

စာရေးသူသည်ဆရာတော်၏အသံကိုနားဆိုက်ထောင်ရင်း တွေးတောဆုံးဖြတ်မိသည်မှာ -

မိမိ နှင့်အတူ အမေရိကန်ရှိ ဓမ္မမိတ်ဆွေများအားလုံးသည်အမှောင်အတိဘုရားမရှိတရားမသိ

သံဃာနဲပါးလှသော ရေခြားမြေခြားဝေးကွာသောအရပ်ဒေသတွင် နေပင်နေကြရငြားသော်လည်း

ရှေးဘဝ ရေစက်နှင့်ပါရမီများကြောင့် တဖန်ထပ်ဆင့်ဆုတောင်းကောင်းခဲ့ရသောကြောင့်

ဆရာသမားအစစ် နှင့်တရားအနှစ်များကို တွေ့ ကြုံ နာကြား နေရလေပြီ။ကျင့်ကြံနေရလေပြီ၊

အမှန်တရား သစ္စာလေးပါးကို ဒီဘဝ ဒီခန္ဓာ ဒီသာသနာ တွင်း မှာပင် တရားထူးတရားမြတ်များ

တဆင့်ပြီးတဆင့်ရကာဆရာ့ကျေးဇူးလည်းဆပ်၊သာသနာ့အကျိုးလည်း ရွက် ဆောင်ရင်း

နောက်ဆုံးအချိန်ထိတိုင် မပြတ်မလတ်ကျိုးစားအားထုတ်တော့မည်ဟု သံဒိဋ္ဌာန်ချမိလေ၏။

စာရေးသူ၏ ပြုလုပ်ခဲ့သမျှသော ကုသိုလ်ကောင်းမှုများသည် ဗောဓိဥာဏ်၊ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်

ရရှိရေးအတွက် သာ ဖြစ်ပါစေ၊ နိဗ္ဗာန် ရရှိရေးအတွက်သာ ဖြစ်ပါစေ ၊ ပါရမီကုသိုလ်များဖြစ်ဖို့ 

ထပ်ခါထပ်ခါ ဆုတောင်းလျက်။

ဆုတောင်းမှန် ၊ သောတာပန်

ဘုရားတောင် ဘုရားဖြစ်ဘို့ ဘဝပေါင်းများစွာဆုတောင်းခဲ့ရတာ၊ ဒကာဒကာမတွေလည်း နိဗ္ဗာန်ကို

ရည်မှန်းပြီးဆုတောင်းကြရမယ်။

ဆုတောင်းမှန်ဘို့ ဒီဘဝမှာအပယ်တံခါးပိတ်တဲ့ သောတာပန်ဖြစ်ဘို့ ကြိုးစားကြရမယ်၊ နောက်

သကဒါဂါမ်၊အနာဂါမ်၊ရဟန်းတာဖြစ်ဖို့ ကဓမ္မက ဆောင်သွားပါလိမ့်မယ်၊

နယူးယောက်မှသိက္ခာထပ်ခဲ့ကြသောရဟန်းဒကာ၊ရဟန်းဒကာမများဟိုတနေ့ ကလာလျှောက်

ကြတယ် -ဘုန်းဘုန်းဘုရား ၊ တပည့်တော်များသည် ဘုန်းဘုန်း၏သာသနာပြုနေရာမှာရဟန်းတစ်ခါ

မဟုတ်ဘဲတကယ့်ရဟန်းဒကာ၊ရဟန်းဒကာမများအဖြစ်နှင့်လစဉ်နှစ်စဉ်ထောက်ပံ့ဆောင်ရွက်ကြ

ပါမည်ဘုရားဆိုသော စကားကိုဒီတခါဘဲ ကြားလိုက်ရလို့ ဘုန်းဘုန်းဝမ်းသာရပါတယ်၊ ဒါက

မိမိရဲ့ စေတနာပေါ်မူတည်တာကိုး၊

တချို့ ကမေးတယ်၊ဘုန်းဘုန်းမှာ ရဟန်းဒကာ၊ဒကာမတွေအများကြီးရှိမှာဘဲတဲ့ ။ အေး-အများကြီး

ရှိပင်ရှိသော် လည်း ၇၅%လောက်ကရဟန်းတခါ ဒကာ၊ဒကာမတွေသာများတတ်ကြတယ်၊

ပြီးပြီးရောပုဂ္ဂိုလ်တွေအများကြီးရှိတယ်၊လူပျောက်သွားပြီးသိက္ခာထပ်တဲ့ နံပါတ်သာကျန်ခဲ့

တာများတယ်၊လူကတော့ပေါ်ကိုမလာတော့ဘူး၊တချို့ ဆိုကိုယ့်ဒကာဆိုတာတောင်မမှတ်မိဘူး၊

နံပါတ်ဘဲမှတ်မိရတယ်၊

နှစ်ပေါင်းများစွာပျောက်သွားပြီးမှ ဆရာတော်ရဲ့ ရဟန်းဒကာပါလို့ ပြောလာတဲ့အခါ ဘုန်းကြီး

ဆိုတာအကောင်းဘက်ကဘဲအမြဲကြည့်ရတာကိုး၊အကောင်းဘက်ကဘဲအမြဲကြည့်ပြီး ကိုယ့်ဒကာ၊

ဒကာမတွေရဲ့ အကျိုးအတွက်တရားဓမ္မတွေသာရစေချင်တာပါဘဲ၊ သာသနာတော်ကြီးအ

တွက်ထောက်ပံ့ချင်တဲ့စိတ်ကိုယ့်စေတနာတွေကကိုယ့်ကိုအကျိုးပေးမှာပါ၊ ပါရမီဖြစ်စေမှာပါ၊

မိမိရဲ့ကုသိုလ်စေတနာတွေကမိမိတို့ အတွက်ပါဘဲ၊ကိုယ်တိုင်ကျင့်မှကိုယ်ပိုင်ရမှာပါ၊

ဘုန်းဘုန်းအတွက်မဟုတ်ဘူး၊

ဘဝများစွာသံသရာတလျှောက်လုံးမှာတရားအမွေတွေနဲ့ အကြိမ်ကြိမ်လွဲခဲ့ပြီး ဘုံဆိုင်

အလုပ်တွေနဲ့ ဘဲအချိန်ကုန်ခဲ့ကြပြီးပါပြီ၊ကိုယ်ပိုင်အလုပ်ကအနဲငယ်သာရှိခဲ့ကြတာပါ၊

ကိုယ်ပိုင်အလုပ်မြန်မြန်လုပ်ကြ၊ မှန်မှန်လုပ်ကြ ဘို့ ကအဓိကဘဲ၊ အခုဒီနေ့ ဒီအချိန်မှာ

ထိုင်ရင်း၊ ရပ်ရင်း၊စင်္ကြန်လျောက်ရင်း ကျင့်ကြံအားထုတ်ခွင့်ရနေကြပြီ၊ ကိုယ်ပိုင်တရားတွေ

ရှိသွားပြီဆိုရင် အနေလဲလှ၊ အသေလဲလှမယ်၊ အနေကောင်းရင်၊ အသေလဲ ကောင်းလိမ့်မယ်၊

သဒ္ဒါ၊ပညာရှိသောပုဂ္ဂိုလ်တို့ သည်သဒ္ဒါ စေတနာ ပညာကောင်းလေလေ၊ကံကောင်းလေလေဘဲ၊

သဒ္ဒါ ကောင်းလေလေ၊ စေတနာ ထက်လေလေ၊မြင့်လေလေ၊ ကံအကျိုးပေး ထက်လေလေမြင့်လေလေ

ပါဘဲ။ စေတနာဆိုတာ သဒ္ဒါ၊ သဒ္ဒါဆို တာ ပညာဖြစ်တာဘဲ၊သဒ္ဒါ စေတနာ ပညာကို လက်ကိုင်

ထားပြီးခန္ဓာ၅ ပါးအပေါ်မှာ ဥာဏ်၅ပါးနဲ့ ကြည့်ပါ၊ ဥာဏ် ၅ ပါးဆိုတာ မဂ္ဂင် ၅ ပါးဘဲ

(သမ္မာဒိဋ္ဌိ၊သမ္မာသင်္ကပ္ပဆိုတဲ့ ပညာမဂ္ဂင်၂ ပါးနဲ့ သမ္မာဝါယာမ၊သမ္မာသတိ၊သမ္မာသမာဓိဆိုတဲ့

သမာဓိမဂ္ဂင် ၃ပါး ၊ရှုမှတ်နေတာနဲ့ သမ္မာဝါစာ၊သမ္မာကမ္မန္တ၊သမ္မာအာဇီဝသီလမဂ္ဂင်၃ပါးက

ပြည့်နေပြီးသား-) ၊သင်္ခါရတွေအားလုံးဟာ ဖြစ်ပြီးပျက်စီးသွားလို့ ဘာမှမရှိတော့ဘူး၊

မရှိတော့တာကိုသိနေတာကဥာဏ်ဘဲ၊မရှိတာကိုလှမ်းလှမ်းပြီးကြည့်နေတာကမဂ္ဂသစ္စာ၊

၅ ကို ၅ နှင့် စားရင်ဘာတခုမှမကျန်သဘိသကဲ့သို့ ၊တဖန် ဒီခန္တာ ၅ ပါးကိုဖွဲ့ စည်းထားတဲ့ 

ဓာတ်ကြီး ၄ပါး( ပထဝီ၊တေဇော၊အာပေါ၊ဝါယော )ကိုသစ္စာ ၄ပါး (သမုဒယသစ္စာ၊ဒုက္ခသစ္စာ၊

မဂ္ဂသစ္စာ၊နိရောဓသစ္စာ) ၄ကို၎ နှင့်စားလျှင်လဲဘာကျန်လဲ၊ဘာမှမကျန်တော့သလို၊

ကျောင်းဆရာမလို တွက်ရင်တော့ သုံညကျန် တယ ပြောမှာပေါ့လေ၊

“သုညတော ဘိက္ခဝေ ဝိဟရတာ “ လို့ ဘုရားရှင်ဟောကြားခဲ့တယ်၊

မိမိတို့ ပြုကျင့်ခဲ့တဲ့ဒါနတွေ၊ စောင့်တည်ခဲ့ကြတဲ့သီလတွေ၊ပွားများနေတဲ့သမထ၊ဝိပဿနာ

ဘာဝနာကုသိုလ်အပေါ်မှာငါသူ၊ယောက်ျား၊မိန်မရယ်လို့ ဒိဋ္ဌိအစွဲမထားဘဲအိုနာသေးရေး

ဒုက္ခခပ်သိမ်းကင်းငြိမ်းရာအမှန် နိဗ္ဗာန်ကိုသာရည်စူး၍ဆုတောင်းတတ်ရမယ်၊ဆုတောင်းကြရမယ်၊

နိဗ္ဗာန်သုံးမျိုးရှိတယ်၊သုံညတနိဗ္ဗာန်၊အနိမိတ္တနိဗ္ဗာန်၊အပါနိတနိဗ္ဗာန် ကိုသဥပါဒိသေသ

နိဗ္ဗာန်ဟုလဲ ခေါ်တယ်၊ဒီပစ္စုပ္ပန်ဘဝမှာရတယ်၊ခန္ဓာတော့ရှိပါရဲ့ ၊အပယ်လေးပုံရောက်စေနိုင်တဲ

့အကုသိုလ် အောက်သံယောဇဉ်၅ပါး (ဒိဋ္ဌိ၊ဝီစိကိစ္ဆာ၊သီလဗ္ဗတ္တပရာမသ၊ဣသာ မဇ္စရိယ၊)

မရှိတော့ဘူး၊ဒိဋ္ဌိ နဲ့ ဝီစိကိစ္စ ပြုတ်ထွက်သွားရင်အဲဒါ သောတာပန်ဘဲ။အရာရာကိုငါမဟုတ်

နာမ်ရုပ်သာဟုမှန်စွာမြင်သွားပြီ၊ သောတာပန်ဖြစ်လို့ ဒိဋ္ဌိ ဝီစိကိစ္စ ပြုတ်သွားသူသည် မိမိခန္တာ

ကိုယ်ကိုဘဲကြည့်ကြည့်၊ မိမိအိမ်ကြီးကိုဘဲ ကြည့်ကြည့်၊ကိုယ်ဝတ်ထားတဲ့လက်ကောက်၊နာရီ၊

စိန်ရွှေရတနာတွေကိုငါနဲ့ မဆိုင်ငါမပိုင်ဆိုပြီးသိသွား တော့တယ်။ သောတာပန်အရိယာနွယ်

တဦးဖြစ်သွားရင် မြင်တာ၊ကြားတာ၊နံတာ၊စားတာ၊ တွေ့ ထိတာ၊ကြံစည်တာတွေအားလုံးကို

ငါမဟုတ်နာမ်နှင့်ရုပ်ဘဲထင်လာမြင်လာတော့တယ်။

အားလုံးနာမ်ရုပ်ဥာဏ်နဲ့ ဖြုတ်၊

အနုပါဒိသေသနိဗ္ဗာန်ဆိုတာကခန္ဓာမရှိတော့ဘူး၊ခန္ဓာပရိနိဗ္ဗာန်စံပြီးမှရတာ၊

မသေခင်စပ်ကြားမှာကြိုတင်ပြင်ဆင်ပြီးလူတန်းခဲ့သောဒါန၊ စောင့်တည်ခဲ့သောသီလ၊

ကျင့်သုံးခဲ့သောဘာဝနာကုသိုလ် တွေသာကိုယ်နောက်ကလိုက်မှာပါ၊ကျန်တာတွေ

ပိုင်ဆိုင်သောဥစ္စာပစ္စည်းတွေဘာတခုမှမလိုက်ဘူး၊ကိုယ့်ရုပ်နာမ်အိုးစားကွဲလို့ သေရတဲ့အခါ

ကိုယ့်နောက်ကိုဘာမှပါမှာမဟုတ်ဘူး၊ဒါ့ကြောင့်အချိန်ရှိချိန်တရားကိုရအောင်ကျင့်၊ရအောင်ယူ၊

ကုသိုလ်စိတ်များအမြဲတိုးပွားအောင်သတိနဲ့ ဥာဏ်လေးနဲ့ နေရင်း လောကီအလုပ် လုပ်နေရင်းနဲ့  လောကုတ္တရာအလုပ်ပါ နှစ်ခုစလုံးပြီးစေနိုင်ပါတယ်၊

နေစဉ် နှင့် နေ့ စဉ်မှန်မှန်ကျင့်သုံးကာအမတသုခနိဗ္ဗာန်ကိုဒီဘဝ၊ဒီခန္ဓာ၊ဒီသာသနာကြီးမှာပင်

ဒီဒကာ၊ဒကာမတွေအားလုံး ကျင့်ကြံပွားများ အားထုတ်ကာရနိုင် ရောက်နိုင်ကြပါစေလို့ ဘုန်းဘုန်း

ဆု တောင်း ရင်း၊ အများပြည်သူု ကုသိုလ်တွေရဘို့ အရေးနှင့် သာသနာတော်၏အကျိုးကို အမြဲမပြတ်ချီးမြောက်ရွက် ဆောင်ရန်အရေးအတွက် ဤအရှင်သည် အမေရိကန်နိုင်ငံရှိ ဒကာဒကာမများကို ကျောခိုင်း၍ မြန်မာနိုင်ငံသူ နိုင်ငံသားများနေထိုင်ရာ မြန်မာနိုင်ငံသို့ ပြန်

ခွင့်ပြုကြပါ၊

အကြောင်းညီညွတ်တိုင်း ကံကြုံတဲ့အခါတိုင်း ပြန်လည်ဆုံတွေ့ ကြပါအုံးစို့ ၊



ကုသိုလ်စေရာ နိဗ္ဗာန်သို့ သာ

ဆရာတော်၏သာယာနာပျော်ဘွယ်ကောင်းလှသော ဆုတောင်းမေတ္တာပို့ သံ၏အဆုံးမှာ

သာဓုသာဓုသာဓု ဆိုသောပတ္တာနုမောဒနအသံများသည် စာရေးသူ၏ရင်တွင်း၌ ဝမ်းသာ

ပီတိမျက်ရည်ဝဲသည် အထိ နင့်ကာစိမ့်ကာခံစားလိုက်ရလေပြီးနောက် သံဒိဋ္ဌာန်ချလိုက်

မိသည်ကား

သာသနာတော်ကြီးကို အကျွန်ုပ်သည်လည်းဘဲ ဆရာ၏တပည့်ကောင်းအဖြစ်ခံယူလျက်

အများသူငါ ကုသိုလ်များရစေရန်၊ သာသနာအကျိုးအတွက်အုပ်တချပ် သဲတပွင့်ကဲ့သို

့ထောက်ပံ့ချီးမြောက်ပေးနိုင်ရန်အကျွန်ုပ်သည်အသက်သေသည့်တိုင်အောင်ဆရာဒကာ

ပျော်ရွှင်စွာ ညီညွတ်စွာနှင့် ကုသိုလ်အရေး ဆောင်ရွက်ပေးရင်း လောကုတ္တရာအရေး အတွက်ဦးတည်ထားလျှက် နေစဉ်နှင့် နေ့ စဉ်ကျင့်ကြံကျိုးစား အားထုတ်ပြီး ပါရမီ်ဖြည့်ကာ

နေတော့မည်ဟူ၍ဆုံးဖြတ်ချက်ချလိုက်သောစကားလုံးများသည်ရင်ထဲနှလုံးသားထဲတွင်

ပဲ့တင်သံထပ်၍ နေနေတော့သည်။

အကျွန်ုပ်သည် ဒါသ၊သီလ၊ဘာဝနာကုသိုလ်များကိုအာရုံပြု၍ အဓိဋ္ဌာန်ပါ၏၊သစ္စာပြုပါ၏၊

ဆုတောင်းလိုက်ပါ၏၊သာသနာတော်ကြီးနှင့်သတ္တဝါအားလုံးပါရမီမျိုးစေ့ ကြီးပွားရေး၊ တိုးတက်ရေး၊

ချမ်းသာရေးတို့ ကိုတတ်အား သ၍ ဆောင်နှင်းနိုင်ကာဤဘဝ၊ဤခန္ဓာ၊ဤသာသနာတော်ကြီးမှာပင်

မဂ်ဖိုလ်နိဗ္ဗာန်အဆင့်ဆင့်ကိုကျင့်ကြံအားထုတ်ကာ မြင်နိုင်တွေ့ နိုင်ခံစားသိရှိ နိုင်ရပါစေသား၊

မြောက်ဦးဆရာတော်အရှင်ဝါယာမိန္ဒအားဦးညွတ်ရိုကြိုးမာန်ကိုချိုးကာအကြိမ်ကြိမ်ရှစ်ခိုး

ဦးချကတော့လိုက်ပါသည်အရှင်ဘုရား ဘုရား၊

Dr. Tin Mar Tun
နန္ဒသစ္စာအလှုရှင်

( နယူးယောက်မြို့ အမေရိကန်နိုင်ငံ ) ဇူလိုင်လ ၁၈ ၂၀၁၁။

ကမ္ဘာကျော်မျက်လှည့် ပညာရှင်ကြီး David Copperfield


copperfield

စဉ်ဆက်မပြတ်အားပေးနေကြတဲ့ ပရိသတ်ကြီးများအားလုံးပဲ မင်္ဂလာပါဗျာ။ အားလုံးပဲ မှတ်မိနေကြပြီထင်ပါတယ်။ ကျွန်တော်ကတော့ နတ်မင်းကြီးပါ။ ဒီတစ်ပတ်အတွက်တော့ ကမ္ဘာကျော်မျက်လှည့် ပညာရှင်ကြီး David Copperfield ကို ရွေးထားပါတယ်။ မျက်လှည့်ပညာ Magic ဆိုတာဟာ Latin စာလုံး “Magi” ကနေ ဆင်းသက်လာတယ်လို့ ကျွန်တော် မှတ်သားဖူးပါတယ်။ Magi ဆိုတာက Zoroastrians တွေကို ကိုယ်စားပြုဖို့ ခေါ်ဝေါ်သုံးနှုန်းတဲ့ အမည်နာမတစ်ခုဖြစ်ပါတယ်။ ဒီ... “Zoroastrianism” ဆိုတာကလည်း ဟိုးအရင်တုန်းက Zoroaster ဆိုတဲ့ ပရောဟိတ်ကြီးတစ်ပါး ဖြန့်ဝေပို့ချခဲ့တဲ့ ပညာရပ်တွေကို အခြေခံထားတဲ့ သဘာဝတ္ထဗေဒ တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ တချို့ကလည်း ဒါကို Religion တစ်ခုအနေနဲ့ကို ယုံကြည်ထားကြပါတယ်။


အခု 21st century ကြီးရဲ့ မျက်လှည့်ပညာရှင်တစ်ဦးဖြစ်သူ David Copperfield အကြောင်းကို ဒီတစ်ပတ် ကျွန်တော်တို့တင်ဆက်ပေးပါမယ်။ သူဟာ ၂၁ရာစု မျက်လှည့်လောကတစ်ခုလုံးရဲ့ Legend တစ်ခု၊ မှတ်တိုင်တစ်ခုလို့တောင် ပြောလို့ရပါတယ်။ သူ့ကိုတော့ တော်တော်များများက သိကြပြီးဖြစ်မှာပါ။ American magician, illusionist, director, producer, writer တစ်ယောက်ပါ။ သူ့ရဲ့ occupation တွေကတော့ တော်တော်များတယ်နော်။ သူဟာ နာမည်ကြီးသလောက် အစွမ်းလည်းအရမ်းထက်တဲ့ ပါရမီရှင်ပညာသည် တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ပညာစွမ်း၊ သူ့အတတ်စွမ်းတွေဟာ စစ်မှန်ပါတယ်လို့ ကျွန်တော်တို့က ထောက်ခံပေးသွားမှာမဟုတ်သလို ဒါတွေဟာ အစစ်မဟုတ်ဘူးဘာညာစတဲ့ criticism တွေကိုလည်း ကျွန်တော်တို့က အတည်ပြု လက်ခံပေးမှာမဟုတ်ဘူး။ ထုံးစံအတိုင်း အသိပညာ ဗဟုသုတတစ်ခုအနေနဲ့ပဲ လူငယ်တွေ သိသင့်သိထိုက်တယ် ထင်တဲ့အတွက် မျှဝေပေးသွားမှာဖြစ်ပါတယ်။ ကဲ.. အခု.. ထုံးစံအတိုင်း DJ αмє∂єσ ကနေပြီးတော့ David Copperfield ရဲ့ ဟိုးငယ်စဉ် ဘဝအကြောင်းလေးကနေ စပြောပြပါလိမ့်မယ်။ အားလုံးပဲ နားဆင်အားပေးကြပါဦးဗျာ။



ငယ်စဉ်ဘဝ

သူ့ရဲ့ငယ်နာမည်ကတော့ David Seth Kotkin ဖြစ်ပြီး သူ့ကို Metuchen, New Jersey မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မွေးနေ့ကတော့ ၁၉၅၆ စက်တင်ဘာ ၁၆ ပါ။ Jewish အနွယ်ဝင် မိဘများဖြစ်ကြတဲ့ ဖခင် Hyman Kotkin ဟာ “Korby's” လို့အမည်ရတဲ့ Metuchen မှာဖွင့်ထားတဲ့ အမျိုးသားသီးသန့် သာမန် အဝတ်အထည် အပိုပစ္စည်းဆိုင်လေးတစ်ခုကို ပိုင်ဆိုင်ပြီး မိခင်ဖြစ်တဲ့ Rebecca ကတော့ အာမခံဌာနတစ်ခုက Insurance Adjuster တစ်ယောက်ဖြစ်ပါတယ်။ သူ့မိခင်ကို Israel နိုင်ငံ Jerusalem မြို့မှာမွေးဖွားခဲ့ပြီး သူ့ဖခင်ရဲ့မိဘများကတော့ ရုရှားကနေ ရွှေ့ပြောင်းလာတဲ့ ဂျူးလူမျိုး နိုင်ငံသားတွေဖြစ်ကြပါတယ်။

၁၀ နှစ်သားအရွယ်ရောက်တဲ့အခါမှာ သူဟာ "Davino the Boy Magician" လို့ သူ့ကိုယ်သူအမည်တပ်ပြီး အိမ်နီးနားတဝိုက်မှာ မျက်လှည့်ပညာကို စတင်သင်ယူရင်းနဲ့ လေ့ကျင့်ခဲ့ပါတယ်။ ၁၄နှစ်အရွယ်မှာတော့ the Society of American Magicians အဖွဲ့မှာ အငယ်ဆုံးမျက်လှည့်ပညာရှင်လေး ဖြစ်လာခဲ့ပါပြီ။ ရှိုးတိုးရှန်းတန်းနဲ့ တစ်ကိုယ်တည်းနေလေ့ရှိတဲ့ လူငယ်လေး Copperfield ဟာ “ပဉ္စလက်” ဆိုတာကို အံဝင်ခွင်ကျဖြစ်အောင်လုပ်တဲ့ နည်းလမ်းတစ်မျိုးလို့ မြင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကောင်မလေးတွေရဲ့ စိတ်အာရုံဝင်စားမှုကို အများဆုံးခံရတဲ့အတတ်ပဲလို့ ခပ်ရွှင်ရွှင်သဘောပေါက်လိုက်ပါတယ်။ ဆယ်ကျော်သက် ကောင်လေးဖြစ်တဲ့ အလျောက် အများနည်းတူ Broadway theatrical performances (Theater စင်တင်ဖျော်ဖြေရေး) တွေကို စိတ်ဝင်စားလာခဲ့ပြီး နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ show ပွဲတွေမှာ ပါဝင်လာဖို့ အခွင့်အလမ်းတွေရခဲ့ပါတယ်။ နာမည်ကြီး ဂီတပညာရှင်တွေဖြစ်တဲ့ Stephen Sondheim တို့၊ Bob Fosse တို့ရဲ့ အော်ပရာတီးဝိုင်းကြီးတွေရဲ့ နောက်ခံအထောက်အပံ့နဲ့ သူ့ရဲ့မျက်လှည့်ပညာအစွမ်းအစကို ဖြစ်ဖြစ်မြောက်မြောက် စင်တင်ပြသခွင့် ရရှိခဲ့ပါတယ်။ အသက် ၁၆ နှစ် အရွယ်မှာတော့ သူဟာ New York University မှာ မျက်လှည့်ပညာသင်တန်းတစ်ခုကိုတောင် သင်ကြားပို့ချနေရပါပြီ။ လူငယ်ပေမယ့် အင်မတန် အစွမ်းထက်တဲ့ကောင်လေးပါ။ ကဲ.. ဆက်လက်ပြီးတော့ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းမှု အပိုင်းနဲ့ business ပိုင်းတချို့ကတော့



အသက်မွေးဝမ်းကျောင်းလုပ်ငန်း

သူ အသက်၁၈နှစ်အရွယ်မှာ Fordham University မှာ တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။ fresher တက္ကသိုလ်ကျောင်းသားလေးစဖြစ်ပြီး သုံးပတ်အတွင်းမှာပဲ စာရေးဆရာမ Barbara D'Amato ရေးသားတဲ့ Chicago-based musical ရုပ်ရှင်တစ်ခုဖြစ်တဲ့ “The Magic Man” ဆိုတဲ့ဇာတ်ကားမှာ အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်ဖို့ ရွေးချယ်ခံလိုက်ရပါတယ်။ အသက် ၁၉နှစ်ရောက်တော့ Honolulu, Hawaii ကျွန်းက Pagoda Hotel မှာ သူ့ကို နာမည်ကြီး headliner တစ်ယောက်အဖြစ်နဲ့ မြင်တွေ့နေကြရပါပြီ။

8စောစောက အပေါ်မှာ DJ αмє∂єσ ပြောသွားခဲ့တဲ့ Broadway shows တွေ Television specials တွေရဲ့ အဓိက producer တစ်ဦးဖြစ်သူ Joseph Cates နဲ့ သိကျွမ်းခင်မင်သွားတဲ့အချိန်မှာ Copperfield လေးအတွက် တီဗွီထဲမှာ ပါဝင်ဖျော်ဖြေရတဲ့ အလုပ်ကိုစပြီးရခဲ့ပါတယ်။ အဲဒီ producer ကပဲ Copperfield အဓိက host လုပ်တဲ့ "The Magic of ABC" မျက်လှည့်အစီအစဉ်လို့ ခေါင်းစဉ်တပ်ပြီး ၁၉၇၇ ခုနှစ်မှာ ABC (American Broadcasting Company) ကနေ produce လုပ်လိုက်ပါတယ်။ ပြီးတော့ ၁၉၇၈-၉၈ ခုနှစ်တွေအတွင်း တောက်လျှောက်ကို "The Magic of David Copperfield" အထူးအစီအစဉ်တွေကို CBS ကနေတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပါတယ်။ ၁၉၇၇ ကနေ ၂၀၀၁ ခုနှစ်အထိ Copperfield ရဲ့ တီဗွီအစီအစဉ်ပေါင်း ၂၀ ရှိခဲ့ပါတယ်။

Copperfield ဟာ ၁၉၈၀ ခုနှစ်က horror film တစ်ခုဖြစ်တဲ့ “Terror Train” ရုပ်ရှင်ရဲ့ "Ken the Magician" ဆိုတဲ့ ဇာတ်ကောင်နေရာကနေပြီး ပါဝင်ခဲ့ရပါတယ်။ ၁၉၉၄ ခုနှစ်မှာလည်း Prêt-à-Porter (Ready to wear) ဆိုတဲ့ ရုပ်ရှင်ထဲမှာလည်း မထင်မရှားဇာတ်ကောင်နေရာတစ်ခုမှာ ပါဝင်ခဲ့ဖူးပါသေးတယ်။ သူ့ရဲ့ လူသိများတဲ့ မီဒီယာလှုပ်ရှားမှုတွေကိုတော့ တီဗွီအထူးအစဉ်တွေ၊ ဧည့်သည်သရုပ်ဆောင်နေရာတွေမှာ တွင်တွင်ကျယ်ကျယ် တွေ့မြင်နိုင်ပါတယ်။ သူ့ရဲ့ အထူးမျက်လှည့်ပြကွက်ဆန်းတွေထဲမှာ the Statue of Liberty ရုပ်ထုကြီးကို ပျောက်သွားအောင်လုပ်ပြတာ၊ လေထဲမှာ ပျံသန်းပြတာ၊ အင်မတန်နက်တဲ့ the Grand Canyon ချောက်ကြီးပေါ်ကနေ ဈာန်ကြွပြတာ၊ the Grate Wall of China နံရံထဲမှာ ဖြတ်ပြီးလမ်းလျှောက်ပြတာ စတဲ့ပြကွက်တွေက အရမ်းနာမည်ကြီးခဲ့ပါတယ်။






၁၉၉၆ ခုနှစ်မှာ Copperfield ဟာ Dean Koontz, Joyce Carol Oates, Ray Bradbury ဆိုတဲ့ 2နာမည်ကျော် စာရေးဆရာကြီး ၃ဦးအပါအဝင် တခြားစာရေးဆရာတွေနဲ့အတူပေါင်းပြီးတော့ ပဉ္စလက်မျက်လှည့်ကမ္ဘာရဲ့ တကယ့် original fiction တွေကိုပဲ ဖော်ကြူးရေးသားထားတဲ့ “David Copperfield’s Tales of the Impossible” ဆိုတဲ့ စာပေညွှန့်ပေါင်းတစ်ခုကို ဖန်တီးထုတ်ဝေခဲ့ပါတယ်။ “David Copperfield's Beyond Imagination” လို့ အမည်ရတဲ့ စာအုပ်ကိုတော့ ၁၉၉၇ ခုနှစ်မှာ နောက်ဆက်တွဲအနေနဲ့ ထပ်မံထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်နှစ်အုပ်အပြင် သူဟာ NPR (National Public Radio) ရဲ့ “This I believe” ဆိုတဲ့ Radio program series တစ်ခုမှာလည်း အက်ဆေးတချို့ကို ရေးသားပေးခဲ့ပါသေးတယ်။ ၁၉၉၆ ခုနှစ်အတွင်းက Francis Ford Coppola, David Ives, Eiko Ishioka တို့နဲ့ ပူးပေါင်းဖန်တီးထားတဲ့ သူ့ရဲ့ Broadway show တစ်ခုဖြစ်တဲ့ “Dreams & Nightmares” ဆိုတဲ့ show ဟာ Box Office မှာ စံချိန်ချိုးသွားခဲ့ပါတယ်။

သူ့ရဲ့ role models တွေဟာ magicians တွေမဟုတ်ဘူးလို့ သူက ပြောခဲ့ဖူးသလို “ကျွန်တော် အထင်ကြီးလေးစားပြီး အတုခိုးရမယ့်သူတွေကတော့ Gene Kelly ရယ်၊ Fred Astaire ရယ်၊ Orson Welles နဲ့ Walt Disney တို့ပါပဲ။ သူတို့က သူတို့ကျွမ်းကျင်ပိုင်နိုင်တဲ့ အနုပညာပုံစံတစ်ခုစီနဲ့ တစ်မျိုးစီ လူတွေကို ဆွဲဆောင်သွားနိုင်တယ်။ ကျွန်တော်လည်း အဲ့ဒီလိုမျိုးဖြစ်အောင် မျက်လှည့်ပညာနဲ့ အစွမ်းပြချင်ခဲ့တယ်။ ကျွန်တော်က မျက်လှည့်အတတ်ကို romantic ဖြစ်စေမယ်၊ sexy ဖြစ်စေမယ်၊ ပျော်ရွှင်စရာ တစ်ခုဖြစ်စေမယ်၊ ခပ်မိုက်မိုက် ခပ်အအဖြစ်သွားစေမယ် .. အဲ့ဒီလိုမျိုး ဖြစ်ချင်ခဲ့တာကိုး။ သီချင်းရေးဆရာတွေ၊ ရုပ်ရှင်ရိုက်သူတွေ မျက်စိကျလောက်မယ့် ကွဲပြားခြားနားနေတဲ့ အရာတွေမှန်သမျှကို ကျွန်တော်က မျက်လှည့်နဲ့လုပ်ပြချင်ခဲ့တာ” လို့ ပြောဖူးပါတယ်။ ၂၀၀၉ ခုနှစ် သြဂုတ်လမှာတော့ သူ့ show တစ်ခုကို Australia မှာ ပြုလုပ်ခဲ့ပါတယ်။




David Copperfield နဲ့အတူ လိုက်စမ်းသပ်လို့ရမယ့် မျက်လှည့်ပြကွက်လေးတစ်ခုပါ။


ပိုင်ဆိုင်မှုများ

Copperfiled ဟာ International Museum and Library of the Conjuring Arts ဆိုတဲ့ ကမ္ဘာ့အကြီးဆုံး မျက်လှည့်အတတ်နဲ့ ပက်သက်ပြီးထင်ရှားတဲ့ သမိုင်းဝင်စာအုပ်မှတ်တမ်းတွေ၊ ရှေးဟောင်းလက်ရာတွေနဲ့ မှတ်တမ်းမှတ်ရာတွေ စုဆောင်းသိုမှီးရာဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ မျက်လှည့်နှင့်မှော်အတတ်များဆိုင်ရာ ပြတိုက်နှင့်စာကြည့်တိုက်ကြီးကိုလည်း ပိုင်ဆိုင်ပါတယ်။ ဒီပြတိုက်ကြီးထဲမှာဆိုရင် Copperfield စုဆောင်းရှာဖွေထားတဲ့ ခေတ်ဟောင်းမျက်လှည့် အတတ်ပညာရှင်များရဲ့ အထင်ကရမျက်လှည့်ပစ္စည်းတွေလည်း အများအပြားရှိနေပါတယ်။ ဒီလိုမျိုး မျက်လှည့်ပညာရှင်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ မှတ်တမ်းမှတ်ရာတွေရှိနေတဲ့ ပြတိုက်နဲ့ စာကြည့်တိုက်ကြီးကို Copperfield ဟာ တန်ဖိုးထားတဲ့အနေနဲ့ လူတိုင်းကိုဝင်ရောက်ခွင့်မပေးဘဲ မျက်လှည့်လောကအတွင်းရှိ လုပ်ဖော်ကိုင်ဖက်များ၊ လေ့လာနေဆဲပညာရှင်များနှင့် စုဆောင်းသူများကိုသာ ၀င်ရောက်ခွင့်ပေးထားပါတယ်။ ဒီပြတိုက်ကြီးဟာ Las Vegas မှာတည်ရှိနေပြီးတော့ ပြတိုက်ထဲကိုဝင်ဖို့အတွက်ကို လျှို့ဝှက်တံခါးပေါက် သက်သက်ရှိနေပါတယ်လို့လည်း သိရပါတယ်။

၂၀၀၆ ခုနှစ်မှာတော့ Copperfield ဟာ Atlantic Ocean ထဲမှာရှိတဲ့ Caribbean က Musha Cay လို့အမည်ရတဲ့ Bahamian ကျွန်းဆွယ် ၁၁ ခုကိုလည်း ၀ယ်ယူခဲ့ပါသေးတယ်။ ဒီကျွန်းဆွယ်တွေကို The Islands of Copperfield Bay လို့ အမည်ပေးထားပြီးတော့ ကိုယ်ပိုင်အပန်းဖြေစခန်းအနေနဲ့ထားရှိထားပါတယ်။ လာရောက်ဖူးတဲ့ဧည့်သည်တွေထဲမှာတော့ Oprah Winfrey နဲ့ John Travolta စတဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေပါဝင်ပြီးတော့ Google နဲ့ co-founder ဖြစ်တဲ့ Sergey Brin ကတော့ ဒီကျွန်းပေါ်မှာ လက်ထပ်မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။



မတော်တဆဖြစ်ပွားမှုများ

11Copperfield ဟာ အပြောင်မြောင်ဆုံးမျက်လှည့်အတတ်ပညာရှင်လို့ ဆိုနိုင်ပေမယ့် သူ့မှာလည်း မတော်တဆဖြစ်မှုတွေနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေပါတယ်။ လက်လှမ်းမီသလောက်ပြောပြရမယ်ဆိုရင် ၁၉၈၄ ခုနှစ် မတ်လ ၁၁ ရက်နေ့တုန်းက Copperfield ဟာ Escape from Death ဆိုတဲ့ အမြင်လှည့်မှုကို လေ့ကျင့်နေတုန်းမှာ လက်ထိပ်ခတ်ထားတဲ့ Copperfield ဟာ သံကြိုးကွင်းတွေကြားထဲမှာညပ်ပြီး ရေတိုင်ကီထဲကို နစ်မြှပ်သွားခဲ့တာ ၁ မိနစ်နဲ့ စက္ကန့် ၂၀ ကြာမှ အပေါ်ကိုပြန်ရောက်ခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားတဲ့ သံကြိုးကွင်းတွေနဲ့ သူ့ရဲ့ရုန်းကန်မှုကြောင့် လက်နဲ့ခြေထောက်မှာ ထိခိုက်မှုပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး Copperfield ဟာ Burbank ဆေးရုံကို ခေါ်ဆောင်သွားခြင်းခံရပြီးတော့ ဆေးကုသမှုခံယူခဲ့ရပါတယ်။ ဆေးရုံကဆင်းပြီး တစ်ပတ်ကြာတဲ့အထိ Wheelchair ပေါ်မှာ နေခဲ့ရပြီးတော့ အချိန်အကန့်အသတ်တစ်ခုအထိ လမ်းလျှောက်တုတ်ကိုအသုံးပြုခဲ့ရပါတယ်။ ကြိုးနဲ့ပြသရတဲ့ အမြင်လှည့်မှုတစ်ခုမှာတော့ Copperfield ဟာ မထင်မှတ်ဘဲ သူ့ရဲ့လက်ချောင်းထိပ်ကို ချွန်ထက်နေတဲ့ကတ်ကြေးနဲ့ ကိုက်ဖြတ်မိခဲ့ပါတယ်။ ဆေးရုံကိုအချိန်မှီရောက်သွားနိုင်ခဲ့တာကြောင့် သူ့ရဲ့ပြတ်သွားတဲ့လက်ချောင်းထိပ်ကလေး ပြန်ဆက်နိုင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် December လ ၁၇ ရက်နေ့မှာတော့ Las Vegas မှာကျင်းပတဲ့ Live Performance တစ်ခုမှာ Copperfield ရဲ့ လက်ထောက်တစ်ယောက်ဟာ Copperfield လမ်းလျှောက်မျက်လှည့်ပြသမယ့် ပန်ကာကြီးထဲကို မတော်မဆ စုပ်သွင်းခံလိုက်ရပါတယ်။ လက်ထောက်ဖြစ်သူဟာ သူရဲ့လက်မောင်းနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တော်တော်များများမှာ ထိခိုက်ဒဏ်ရာရရှိသွားပြီးတော့ သွေးထွက်မှုလည်း လွန်ကဲခဲ့ပါတယ်။ Copperfield ဟာ ဒီအဖြစ်အပျက်ကြောင့် ပွဲစဉ်ကိုဖျက်သိမ်းလိုက်ပြီး လာရောက် ကြည့်ရှုသူများကိုလည်း လက်မှတ်ဖိုးပြန်အမ်းခဲ့တယ်လို့ သိရပါတယ်။



တရားစွဲဆိုခြင်းများ

သူ့မှာလည်း တရားခွင်ရင်ဆိုင်ရတဲ့ အဖြစ်အပျက်တွေ ဒုနဲ့ဒေးရှိပါတယ်။ တချို့ကို ကျွန်တော်က ပြောပြပါ့မယ်။ ၁၉၉၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာ Copperfield ဟာ စာရေးဆရာ တစ်ယောက်လည်းဖြစ် မျက်လှည့်ပညာရှင်တစ်ယောက်လည်းဖြစ်တဲ့ Herbert L. Becker ကို သူရေးသားတဲ့ မျက်လှည့်ပညာရှင်တို့ရဲ့ လူတွေကိုလှည့်စားတဲ့ လှည့်ကွက်တွေကို ထုတ်ဖော် ရေးသားထားတဲ့ စာအုပ်ကြောင့် တရားစွဲဆိုခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတရားခွင်မှာတော့ Becker ကပဲအောင်မြင်ခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီစာအုပ်မှာ Copperfield ရဲ့ လျှို့ဝှက်ချက်တွေနဲ့ပတ်သက်ပြီး ဘာမှထုတ်ဖော်မရေးသားထားလို့ပါ။ Copperfield နဲ့ Becker တို့ လျှို့ဝှက်ချက် သဘောတူလက်မှတ်ရေးထိုးထားတဲ့ စာချုပ်ပါအချက်တွေအရရော၊ Beckerက ဖော်ပြထားတဲ့ Copperfield နဲ့ပတ်သက်တဲ့ ထုတ်ဖော်ရေးသားမှုတွေကရော တိကျမှန်ကန်မှုမရှိခဲ့လို့ စာအုပ်ထုတ်ဝေသူက စာအုပ်မထွက်ခင်မှာ ကြိုတင်ဖယ်ဖျက်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ Becker ကပြန်ပြီး Copperfield နဲ့ သူရေးသားတဲ့ “All the secrets of Magic Revealed” စာအုပ်ကို ထုတ်ဝေသူ Lifetime Books တို့ကို စာချုပ်ဖောက်ဖျက်မှုနဲ့ ဒေါ်လာမီလျံ ၅၀ လျော်ကြေးတောင်းဆိုပြီး တရားစွဲခဲ့ပြန်ပါတယ်။3

၁၉၉၇ ခုနှစ်မှာပဲ Copperfield နဲ့ Claudia Schiffer တို့က ပြင်သစ်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Paris Match မဂ္ဂဇင်းကို သူတို့ နှစ်ဦးရဲ့ဆက်ဆံရေးဟာ စတန့်တစ်ခုသာဖြစ်ပြီး၊ Schiffer ဟာ Copperfield ကို တကယ်မကြိုက်ဘဲနဲ့ စေ့စပ်ထားသူတစ်ယောက်အဖြစ် ငွေပေးဟန်ဆောင်ခိုင်းထားသူ တစ်ဦးဖြစ်တယ်လို့ ဖော်ပြခဲ့တဲ့အတွက် ဒေါ်လာ ၃၀ မီလျံ လျော်ကြေးတောင်းဆိုပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ Copperfield ဟာ Paris Match မဂ္ဂဇင်းနဲ့ တရားခွင်ကို အောင်မြင်ခဲ့ပါတယ်။ Copperfield ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ Schiffer ဟာ ဘာလင်မှာပြုလုပ်တဲ့ Copperfield ရဲ့ ပြပွဲမှာ စတင်တွေ့ဆုံခဲ့ပြီး သူ့ရဲ့ပြပွဲတွေမှာ ပူးပေါင်းတင်ဆက်သူအနေနဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်တဲ့၊ ဒါပေမယ့် သူ့ရဲ့ ဇနီးမယားအဖြစ်တော့ မဟုတ်ပါဘူးဆိုပြီး တိကျစွာ ပြောဆိုခဲ့ပါတယ်။

၂၀၀၇ ခုနှစ်ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာလည်း Copperfield ကို Viva Art International Ltd. နဲ့ Mac Concerts Inc. တို့က စာချုပ်ချိုးဖောက်မှုကြောင့် ဒေါ်လာ ၂မီလျံခန့်ကို တောင်းဆိုတရားစွဲဆိုခဲ့ပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာပြုလုပ်ဖို့ စီစဉ်ထားပြီးမှ ပျက်သွားရတဲ့ပြပွဲအတွက် ကုန်ကျငွေ ဒေါ်လာ ၅ သိန်းကျော်နဲ့ညီမျှတဲ့ ပစ္စည်းငှားရမ်းခတွေကို Copperfield ဆီက ပြန်လည်မရသေးတဲ့အတွက်ကြောင့်လည်း ပါဝင်ပါတယ်။ ဒီတရားစွဲဆိုမှုကိုလည်း Copperfield က ၂၀၀၉ ခုနှစ်မှ ပြီးဆုံးအောင်ဖြေရှင်းနိုင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာပဲ Copperfield ကို Lacey L.Carroll ကနေပြီးတော့ ကိုယ်ထိလက်ရောက် အဓမ္မကြူးလွန်မှုနဲ့ စွဲချက်တင်ခြင်း ခံရပါသေးတယ်။ ဒီတရားစွဲဆိုမှုကိုတော့ Seattle က Federal Grand Jury တရားရုံးကနေ စုံစမ်း စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဇန်န၀ါရီလမှာ Copperfield ဘက်က မှားယွင်းမှုတစုံတရာမရှိကြောင်း ကြေငြာပြီးတရားစွဲဆိုမှုကို ရုပ်သိမ်းခဲ့ပါတယ်။



လက်တွေ့ဘဝ

14 Copperfield ဟာ စူပါမော်ဒယ်လ်တစ်ဦးဖြစ်သူ Claudia Schiffer နဲ့ စေ့စပ်ကြောင်းလမ်းခဲ့ပြီး ခြောက်နှစ် ကြာလောက်အထိ လက်တွဲခဲ့ပြီးတော့ အလုပ်ချိန်အခက်အခဲတွေကြောင့် ၁၉၉၉ ခုနှစ်မှာ လက်တွဲ ဖြုတ်ခဲ့ကြပါတယ်။၂၀၀၆ ခုနှစ် April လမှာ Copperfield နဲ့ သူရဲ့လက်ထောက်နှစ်ယောက်ဟာ Florida မှာ ရှိတဲ့ West Palm Beach က ပြပွဲအပြီးမှာ သေနတ်ကိုင်သမားတွေရဲ့ လုယှက်ခြင်းကိုခံခဲ့ရပါတယ်။ သူရဲ့လက်ထောက်တွေကတော့ သူတို့ရဲ့ ပိုက်ဆံတွေ passports တွေနဲ့ လက်ကိုင်ဖုန်းတွေကို ပေးလိုက်ရတယ်လို့ဆိုပါတယ်။ Copperfield ရဲ့ ရဲဘက်ဆိုင်ရာထွက်ဆိုမှုအရကတော့ သူ့ပစ္စည်းတွေကိုတော့ မပေးလိုက်ဘူးလို့ဆိုထားပါတယ်။ Sleight of hand လို့ခေါ်တဲ့ ကဒ်တွေ အကြွေစေ့တွေကို လှည့်ကွက်နဲ့သိမ်းထားတဲ့ မျက်လှည့်ပြကွက်တွေနဲ့ သူ့ရဲ့ပစ္စည်းတွေကို ၀ှက်ခဲ့လို့ပါတဲ့။ နောက်ထပ်လက်ထောက် တစ်ယောက်ကလည်း ကားနံပါတ်တွေကို ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် သိပ်မကြာခင်မှာပဲ သေနတ်ကိုင်လုယက်သူတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။


ဝင်ငွေ

Forbes မဂ္ဂဇင်းကနေ ထုတ်ပြန်ကြေညာတဲ့စာရင်းမှာ Copperfield ဟာ ၂၀၀၃ ခုနှစ်မှာ ဒေါ်လာ ၅မီလျံခန့်ရရှိခဲ့ပြီး ၁၀ ယောက်မြောက် ၀င်ငွေအများဆုံး အောင်မြင်ကျော်ကြားသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် Forbes မဂ္ဂဇင်းအရပဲ Copperfield ဟာ ၂၀၀၄ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်တွေမှာ ဒေါ်လာ ၅၇မီလျံခန့်ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ ဒေါ်လာမီလျံ ၃၀ ခန့်သာ ဖျော်ဖြေမှုတွေကနေ ရရှိခဲ့တယ်လို့ဆိုပါတယ်။ Copperfield ဟာ တစ်နှစ်ကို ပြပွဲပေါင်း ၅၀၀ ကျော်လောက် ကမ္ဘာတလွှားမှာ ပြသလေ့ရှိပါတယ်။



ပရဟိတဆောင်ရွက်မှုများ

၁၉၈၂ ခုနှစ်မှာ Copperfield ဟာ Project Magic လို့ခေါ်တဲ့ အဖွဲ့လေးကို မျက်လှည့်ပညာရှင်တွေနဲ့ ပူးပေါင်းတည်ထောင်ခဲ့ပါတယ်။5 အဲဒီအဖွဲ့လေးက Sleight of hand လို့ခေါ်တဲ့ လက်ဝှက်မျက်လှည့်ပညာကို မသန်စွမ်းတဲ့လူနာတွေအတွက် ကုထုံးနည်းပညာတစ်ခုအနေနဲ့ သင်ကြားပေးတဲ့ အဖွဲ့လေးပါ။ အဲ့ဒီအဖွဲ့လေးနဲ့ လှုပ်ရှားမှုတွေဟာ American Occupational Therapy Association ရဲ့အသိအမှတ်ပြုခြင်းကိုခံရပြီး အခုအခါမှာတော့ နိုင်ငံပေါင်း ၃၀ မှာရှိတဲ့ ဆေးရုံပေါင်း ၁၁၀၀ ခုမှာ ဒီနည်းလမ်းကို ကုထုံးနည်းတစ်ခုအနေနဲ့ အသုံးချနေပါပြီ။ ဒါ့အပြင် Copperfield ဟာ ၂၀၀၈ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာ Oprah Radio ရဲ့ ကျန်းမာရေးအစီအစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်တဲ့ Dr. Mehmet Oz နဲ့အတူ ကိုယ်လက်အင်္ဂါ ချို့ယွင်းသူတွေကို ဘယ်လို မျက်လှည့်နည်းပညာတွေက ကူညီနိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ပါသေးတယ်။


ဂင်းနက်စ်စံချိန်နှင့် ဆုတံဆိပ်များ

Copperfield ရယူခူးဆွတ်နိုင်ခဲ့တဲ့ ဆုတံဆိပ်တွေ ဂုဏ်ထူးဆောင်ဘွဲ့တွေ အမြောက်အများရှိပါတယ်။ ဒီအထဲက တချို့ကို ကျွန်တော်ပြောပြပါ့မယ်။ သူဟာ Emmy Awards ဆုအတွက် ၃၈ကြိမ် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး ၂၁ ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ Living Legend Award ဆုတစ်ဆုကို the Library of Congress ကနေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ Hollywood ရဲ့ အလွန်အောင်မြင်ကျော်ကြားသူ starတွေထဲမှာလည်း သူဟာ ပထမဦးဆုံး magician တစ်ဦးဖြစ်ခဲ့ပါတယ်။ ပြင်သစ်အစိုးရက တိုက်ရိုက်ချီးမြှင့်တဲ့ the Chevalier of Arts and Letters ဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒီဆုဟာဆိုရင် ပထမဦးဆုံးသော ရာသက်ပန်မျက်လှည့်ပညာရှင်ဆု ဖြစ်ပါတယ်။ ၁၉၈၀ နဲ့ ၁၉၈၇ ခုနှစ်မှာလည်း Academy of Magical Arts က ချီးမြှင့်တဲ့ “Magician of the Year” ဆုတွေကိုလည်း ရရှိခဲ့ပါတယ်။ Forbes မဂ္ဂဇင်းရဲ့ ၂၀၀၉အတွက်ရွေးချယ်တဲ့ “The Celebrity 100” စာရင်းမှာလည်း အမေရိကန်ဒေါ်လာ မီလျံ၃၀ ပိုင်ဆိုင်တဲ့ နံပါတ် ၈၀ နေရာကိုချိတ်ခဲ့ပါတယ်။

Copperfield ဟာ ကမ္ဘာ့ဂင်းနက်စ်စံချိန် ၁၁ခုတင်ခဲ့ပါတယ်။ ဒါဟာ အင်မတန်ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒီလို ကမ္ဘာ့ဂင်းနက်စ်စံချိန် ၁၁ ခုတောင် ချိုးဖို့ဆိုတာ တကယ်မလွယ်တဲ့ကိစ္စလည်းဖြစ်ပါတယ်။ အဲ့ဒီ ၁၁ ခုကတော့...


1. Largest private collection of magic artifacts

2. Most tickets sold worldwide by a solo entertainer

3. Highest career earnings as a magician

4. Highest Broadway gross in a week

5. Largest Broadway attendance in a week

6. Largest international television audience for a magician

7. Most magic shows performed in a year

8. Most valuable magic poster

9. Largest work archive for a magician

10. Highest annual earnings for a magician

11. Largest illusion ever staged တို့ပဲဖြစ်ပါတယ်။







အခြားနာမည်ကြီးမျက်လှည့်ပညာရှင်တွေဖြစ်တဲ့ David Blaine White, Criss Angel နဲ့ Lance Burton



1 David Copperfield အပြင် အခုနောက်ပိုင်း လူကြီးလူငယ်ပိုင်းက တချို့တွေထဲမှာလည်း နာမည်ရပြီးဖြစ်ကြတဲ့ တခြားမျက်လှည့်ပညာရှင်တွေကို ကြိုက်နှစ်သက်သူတွေရှိပါတယ်။ ဥပမာအားဖြင့် ခေတ်ပေါ် တခြား American Illusionist တွေဖြစ်တဲ့ Lance Burton တို့၊ David Blaine White တို့၊ Criss Angel (Christopher Nicholas Sarantakos) တို့ စသဖြင့်ပေါ့.. သူတို့တွေရဲ့ show တွေ concert တွေကို မလွတ်တမ်းကြည့်နေကြတဲ့ ပရိသတ်တွေလည်းရှိပါတယ်။ တချို့ သိပ်ပြီး လေ့လာလိုက်စားသူတွေကတော့ ဟိုးအရင် ၁၈ ရာစုလောက်က ထင်ရှားခဲ့တဲ့ ပထမဦးဆုံး modern magician ဖြစ်တဲ့ ပြင်သစ်လူမျိုး Jean Eugène Robert-Houdin တို့၊ ဟန်ဂေရီ-အမေရိကန်လူမျိုး Harry Houdini တို့ ခေတ်ကအကြောင်းတွေကိုပါ အတုယူလေ့လာကြပါတယ်။ ဒီထက်ပိုပြီး အသေးစိတ်သိချင်တယ်၊ လေ့လာချင်တယ်ဆိုရင်တော့ ၁၇ ရာစု ၁၅ ရာစုနှောင်းပိုင်းခေတ်တွေက မျက်လှည့်ပညာရှင်အကြောင်းတွေကိုပါ ထပ်ဆင့်ရှာဖွေ မှတ်ဖတ်နိုင်ကြပါတယ်ခင်ဗျာ။ ကျွန်တော်တို့ MYMC ကတော့ လက်လှမ်းမှီသလောက်ကို အလျဉ်းသင့်သလို ဖြန့်ဝေပေးသွားချင်ပါတယ်။ မသိသေးသူတွေရော၊ နည်းနည်းလေးသိသူတွေရော၊ သိပြီးသူတွေရောအတွက် အားလုံးအဆင်ပြေအောင်၊ တစ်စုံတစ်ခု ဗဟုသုတပွားများနိုင်အောင် ကြားခံပေါင်းကူးတံတားလေးတစ်ခုလောက်ပဲ ဖြစ်မယ်ဆိုရင်တောင် ကျွန်တော်တို့တင်ဆက်ပေးရကျိုးနပ်ပါတယ်။

ကဲ.. အခုလောက်ဆိုရင်တော့ ဒီတစ်ပတ် အစီအစဉ်လေးအတွက် အတန်အသင့် လုံလောက်ပြီလို့ထင်ပါတယ်။ ဧဒင်ဥယျာဉ် ပရိသတ်ကြီးအားလုံးလည်း ကျေနပ်နှစ်သက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ်ပတ်တွေမှာလည်း ဘယ်သူတွေအကြောင်းကို ဘယ်လိုဆန်းသစ်တင်ဆက်လာဦးမလဲဆိုတာ စောင့်မျှော်ခံစားရင်း ဒီတစ်ပတ်အစီအစဉ်လေးကို ဒီမှာပဲ ရပ်နားလိုက်ကြရအောင်နော်။ ပရိသတ်ကြီးများကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ... See you next round!

အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ.များ

မြန်မာနိုင်ငံ၌ ပြန်တမ်းဝင်ရုံးပိတ်ရက်နေ. မပာုတ်သော အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ.များ ရှိကြ၏ ။ ထိုနေ.များကား---



၁။ ကမ္ဘာ.ကုလသမဂ္ဂနေ. (အောက်တိုဘာလ ၂၄-ရက်)

၂။ ကမ္ဘာ.ကျန်းမာရေးနေ. (ဧပြီလ ၇ ရက်)

၃။ ကမ္ဘာ.ကြက်ခြေနီနေ. (မေလ ၈ ရက်)

၎။ ကမ္ဘာ.ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ. (ဒီဇင်ဘာလ ၁ ရက်)

၅။ ကမ္ဘာ.စာပို.တိုက်နေ. ( အောက်တိုဘာလ ၉ ရက်)

၆။ ကမ္ဘာ.စားနပ်ရိက္ခာနေ. ( အောက်တိုဘာလ ၁၆ ရက်)

၇။ ကမ္ဘာ.ဆရာများနေ. (အောက်တိုဘာလ ၅ ရက်)

၈။ ကမ္ဘာ. ဆေးလိပ်မသောက်ရေးနေ. (မေလ ၃၁ ရက်)

၉။ ကမ္ဘာ.ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ. (ဇွန်လ ၅ ရက်)

၁၀။ ကမ္ဘာ.မိခင်နို.တိုက်ကျွေးရေးနေ. (သြဂုတ်လ ပထမပတ်)

၁၁။ ကမ္ဘာ.မျက်မမြင် ပပျောက်ရေးနေ. ( အောက်တိုဘာလ ၁၁ ရက်)

၁၂။ ကမ္ဘာ.ရေသယံဇာတနေ. (မတ်လ ၂၂ ရက်)

၁၃။ ကမ္ဘာ.သက်ကြီး ရွှယ်အိုများနေ. (အောက်တိုဘာလ ၁ ရက်)

၁၄။ ကမ္ဘာ.သစ်ပင်စိုက်ပျိုးရေးနေ. (ဇူလိုင်လ ၇ ရက်)

၁၅။ ကမ္ဘာ.အိုဇုန်းလွှာ ကာကွယ်ရေးနေ. (စက်တင်ဘာလ ၁၆ ရက်)

၁၆။ နိုင်ငံတကာစာတတ်မြောက်ရေးနေ. (စက်တင်ဘာလ ၈ ရက်)

၁၇။ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ. (ဒီဇင်ဘာလ ၃ ရက်)

၁၈။ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ. (ဇွန်လ ၂၆ ရက် )

၁၉။ အပြည်ပြည်ဆိုင်ရာ သမ၀ါယမနေ. (ဇူလိုင်လ ပထမပတ်၊စနေနေ.။)

၂၀။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ. (မတ်လ ၈ ရက်)


မြန်မာသူငယ်ချင်းများအဖွဲ့ မှ ကူးယူဖေါ်ပြပါသည် ….

အရာအားလုံးအဆင်ပြေချောမွေ့ကြပါစေနော် …….. :)

ရဟန်းဘ၀၏ ပစ္စုပ္ပန်အကျိုးများနှင့် တန်ဆောင်မုန်းလပြည့်

ရဟန်းဘ၀၏ ပစ္စုပ္ပန်အကျိုးများနှင့် တန်ဆောင်မုန်းလပြည့်
posted by အရှင်သုနန္ဒာလင်္ကာရ

ငယ်စဉ်က တန်ဆောင်မုန်းလပြည့်နေ့ဟူသည် ပံ့သုကူဖွတ်သူက ဖွတ်၊ ရှာသူက ရှာဖြင့် ပျော်စရာကောင်းသော ညတည ဟူ၍သာ သိမှတ်ခဲ့ဖူးသည်၊ ထိုညတွင် လမင်းကြီး ထိန်ထိန်သာ နေသည်ကိုတော့ မှတ်မိနေသည်။ ထိုလ မင်းကြီး ထိန်ထိန်သာနေ သည်ကို အကြောင်းပြုကာ ထင်ရှားသော အဖြစ်အပျက်များစွာဖြင့် သာသနာ့ဘောင် ရဟန်း ဘောင် ၀င်ရခြင်း၏ ပစ္စုပ္ပန်ဘ၀ရရှိနိုင်သော အကျိုးကျေးဇူးများကို ဖော်ပြသော တန်ဖိုးဖြတ်မရသော သုတ္တန်ဒေသနာ တစ်ခု ရှိခဲ့သည်ကိုတော့ ယခုမှ သဘောပေါက်ရသည်။

တန်ဆောင်မုန်းလပြည့်နေ့ နှင့်စပ်ဆက်အဖြစ်အပျက်များ

ကြယ်တွေ စုံသောည၊ နက္ခတ်တာရာများ အားလုံး စုံသောည၊ ဆေးပေါင်းခ-သောည စသည်ဖြင့် ယနေ့ခေတ် လူတို့ ခေါ်ဝေါ်နေကြသည်ကား အခြားမဟုတ်၊ နက္ခတ် ကြယ်တာရာများ စုံလင်နေချိန်တွင် ဆေးဖော်ခြင်း၊ မန္တာန်စီရင်ခြင်း စသည်များ ပြုလုပ်ပါက အောင်မြင်ပေါက်မြောက်နိုင်သည်ဟု ဆရာတို့ ဆိုခဲ့ကြသောကြောင့် ခေတ်စား နေကြဆဲပင်။

ဟိုးလွန်ခဲ့သော နှစ်ပေါင်း (၂၅၅၅) လောက်ဆီကတော့ လမင်းကြီး ထိန်ထိန်သာနေသည်ကို ကြည့်ကာ အေးချမ်း သောညအခါတွင် တရားနာချင်စိတ် ပေါက်လာသော ဘုရင်တပါး ရှိခဲ့ဖူးသည်၊ သောတာပန် ဖခင်ကြီးကို မင်းအာဏာ ရလိုမှုဖြင့် နည်းအမျိုးမျိုး ညှင်းဆဲကာ သတ်ခဲ့မိသော အရွယ်ငယ်ငယ်၊ မာန်တကြွကြွ၊ သန်လျက်တကိုင်ကိုင်ဖြင့် အာဏာ ရူးခဲ့သော ထိုအဇာတသတ် မည်သော ဘုရင်ကလေးအား ဆေးဆရာဇီဝက က ဘုရားရှင်အထံ ဦးဆောင်ကာ ခေါ်သွားရပုံ၊

အသက်ကလည်းငယ်၊ အာဏာကလည်း ပြင်းထန်၊ တရားကလည်း မရှိခြင်းကြောင့် ဘုရားရှင်သည် ဆရာဒကာ မဆက် ဆံလိုသဖြင့် ရာဇဂြိုလ် မှ ၀ါတော်( ၂၁ ) ၀ါနောက်ပိုင်းတွင် သာဝတ္ထိသို့ ပရိနိဗ္ဗာန်စံတော်မူခါနီးအချိန်အထိ အပြီးအပိုင် ပြောင်းရွှေ့ သီတင်းသုံးခဲ့ပုံ၊
ထိုသို့ ကြဉ်ဖယ်ထားသောကြောင့်နောင်တရချိန်တွင် ဆရာဇီဝကကိုခေါင်းဆောင်တင်ကာ ယခုလိုတန်ဆောင်မုန်း လပြည့်ညအခါ လမင်းကြီးထိန်ထိန်သာနေချိန်တွင် ပိတုဃာတကကံကြီးကို ကျူးလွန်ပြီးမှ နောင်တရကာ ဘုရားရှင်ကို ဆည်းကပ် ၍ သာမညဖလသုတ္တန် ( ရဟန်းဘ၀၏ ပစ္စပ္ပန်ခံစားခွင့်များ ) အကြောင်းကို နာယူသော်လည်း သောတာပန် အဖြစ်မှ အလွဲကြီးလွဲရပုံ၊

ထိုမှနောက်တွင် ဆက်စပ်တွေးမိလာသော ယနေ့ခေတ် ဗုဒ္ဓဂါယာ မှ ရာဇဂြိုလ် ရှုခင်းများ၊ ဒေ၀ဒတ် ကျောက်မောင်း ဆင်ကာ ဘုရားရှင်အား သတ်ရန် ရည်ရွယ်ခဲ့သော ဂိဇ္ဈကုဋ်တောင်စောင်း တောင်တန်းများ၊
ဖခင် ဗိမ္ဗိသာရကြီးကို သတ်ခဲ့သည်မှ စကာ ဖခင်ကို သတ်ပြီး အာဏာယူခဲ့သော စနစ်ဆိုးကြီးသည် ဘုရင် ငါးဆက် တိုင်တိုင် ကြီးစိုးနေခဲ့ပုံ၊
အဇာတသတ်မင်းမှနောက်တွင် ဥဒယဘဒ္ဒမင်း၊ အနုရုဒ္ဓါမင်း၊ မုဏ္ဍိကမင်း၊ နာဂဒါသမင်းအားဖြင့် ငါးဆက်မြောက် ဘုရင်လက် ထက်တွင် သည်းမခံနိုင် မနေနိုင်သော သိသုနာဂမည်သော အမတ်တစ်ဦးက ဘုရင်ကို သတ်ကာ ပိတုဃာတက မျိုးဆက်ကို ဖြတ်ပြစ်ခဲ့ရပုံ စသည်များကား အံ့သြစရာ တုန်လှုပ်ခြောက်ခြားစရာ များဖြင့် ပြည့်နှက်နေ ခဲ့သည်။

သာမညဖလသုတ္တန် အနှစ်ချုပ်

ဘုရားရှင်သည် ရာဇဂြိုလ်မြို့၏ အရှေ့ဖက် ဂိဇ္ဈကုဋ်တောင်ခြေတွင် ရှိနေသော ဇီဝကဆေးဆရာ၏ သရက်ဥယျာဉ် တွင် နောက်ပါရဟန်းပေါင်း( ၁၂၅၀) ဖြင့် သီတင်းသုံးနေစဉ် ဘုရင်အဇာတသတ် ရောက်လာကာ ရဟန်းဘ၀၏ ပစ္စုပ္ပန်ခံစားခွင့် များကို မေးလျောက်ခဲ့သည်။
မြတ်စွာဘုရား သာသနာ့ဘောင်မှာ နေသူတယောက်အတွက် ယခုဘ၀မှာဘယ်လို အကျိုးတွေ ရနိုင်ပါသလဲဘုရား ….
ဒီမေးခွန်းကို ဘယ်သူတွေကို မေးခဲ့သေးသလဲ…
တိတ္ထိဆရာကြီး (၆) ယောက်ကို မေးခဲ့ပါတယ်ဘုရား …
သူတို့ ဘယ်လို ဖြေခဲ့သလဲ ဆိုတာ တင်လျောက်ပါအုံး …..

အရှင်ဘုရား ပုရာဏကဿပ ပြောပုံကား .. လူတယောက်သည် ငါးပါးသီလ ချိုးဖောက်သော်လည်း အကုသိုလ်မမည်၊ အပြစ်မဖြစ် ပါ၊ သတ္တ၀ါအားလုံးကို စွမ်းနိုင်လျင် အကုန်လုံးသတ်ကာ အသားစုပုံကြီးဖြစ်အောင် လုပ်သော်လည်း ပါဏာတိပါတကံမမြောက်ပါ၊ အလှူဒါနပြုခြင်း၊ သီလဆောက်တည်ခြင်းကြောင့်လည်း ကုသိုလ်ကောင်းမှုမဖြစ်ပါ၊ ကုသိုလ် အကျိုး၊ အကုသိုလ်အကျိုး ကို ဘယ်သောအခါမှ ခံစားရမှာမဟုတ် …ဟု ပြောဆိုကာ သူ၏ အကိရိယ၀ါဒ ကိုသာ ဖြေကြား ခဲ့ပါသည်၊ သရက်သီး ဘယ်မှာလဲ ဟုမေးရာတွင် ဟိုမှာ ပိန္နဲသီးရှိတယ် ဆိုသကဲ့သို့ သူပြောချင်ရာ ဖြေချင်ရာကိုသာ ဖြေကြားပါသည်ဘုရား ဟု လျောက်ထားခဲ့သည်။
ဤသို့ဖြင့် အခြားသော တိတ္ထိဆရာကြီးများ၏ နတ္ထိက၀ါဒ၊ အဟေတုက၀ါဒ၊ ဥစ္ဆေဒ၀ါဒ များကိုလျောက်ထားခဲ့သေးသည်၊ နောင်မှ ထိုဝါဒများအကြောင်းကို အလျင်းသင့်လျင်ရေးပါမည်။

မင်းမြတ်. သူတို့အဖြေတွေကို ထားလိုက်ပါတော့ … သင့်ကိုပဲ ပြန်ပြီး မေးခွန်းထုတ်ရလိမ့်မယ်၊ သင့်ထံမှာ ခစားနေတဲ့ မင်းအကြိုက်ေ ဆာင်ကာ အမြဲတာဝန်ကျေပွန်သော မင်းခစား မင်းချင်းတစ်ယောက်ဟာ အော် ကုသိုလ်တွေက အံ့သြစရာ ကောင်းလိုက်တာ၊ လူချင်းအတူတူ ဖြစ်ပါလျက် ရှင်ဘုရင်ကတော့ ကာမဂုဏ်တွေကို စိတ်ကြိုက်ခံစားနေရတယ်၊ ငါကတော့ သူ့အတွက် ကျွန်ဖြစ်နေတယ်၊ ငါ့ဘ၀မြင့်မြတ်ဖို့ သာသနာ့ဘောင်ဝင်ရရင်ကောင်းမယ် လို့ တွေးပြီး သံဝေဂရလို့ သာသနာ့ဘောင် ၀င်သွားခဲ့ရင် သူ့ကို အပြစ်ပေးမှာလား သတ်မှာလား ဒကာတော် …

အပြစ်မယူပါဘူးဘုရား၊ တကယ်တော့ တပည့်တော်ကတောင် လက်အုပ်ချီကာ ရှိခိုး၊ အရိုအသေပေးပြီး ပစ္စည်းလေးပါး ဒကာအဖြစ် ထောက်ပံ့ရအုံးမှာပါ …
မင်းမြတ်.. ဒါဆိုရင် ရဟန်းဘ၀ရဲ့ မျက်မှောက်အကျိုး ခံစားခွင့်ဆိုတာကို လက်ခံပြီ မဟုတ်လား …
အဲဒါ ပထမဦးဆုံး အကျိုးပဲ ရှိသေးတယ်။
နောက်တဖန် သင်မင်းကြီးရဲ့ နောက်လိုက်တွေ ဖြစ်တဲ့ လယ်သမားတွေ၊ ကုန်သည်သူကြွယ်တွေ ၊ တနေ့လုပ် တနေ့စားရ သော ဆင်းရဲသားတွေဟာလဲ လူ့ဘ၀မှာနေစဉ်က သင်မင်းမြတ်ထက် အဆင့်အတန်းနိမ့်ကျသော်လည်း သာသနာ့ ဘောင်ဝင်ရောက်ခဲ့ရင် သူတို့ဘ၀ဟာလဲ မြင့်မြတ်သွားတာပဲ မဟုတ်လား …ဒါဟာလဲ ဒုတိယ ခံစားခွင့်အကျိုးတွေပါပဲ …

ထိုရဟန်းဟာ သာသနာ့ဘောင်မှာ နေစဉ်အတွင်း ငါဘုရားရဲ့ တရားတော်တွေကို ယုံကြည်သောကြောင့် စူဠသီလ၊ မဇ္ဈိမသီလ၊ မဟာသီလစသော သီလတွေကို လုံလုံခြုံခြုံ စောင့်စည်းတယ်၊ ဣနြေ္ဒတို့ကို စောင့်စည်းရင်း၊ သတိ သမ္ပဇဉ် မပြတ် ထားရင်း၊ ပစ္စည်းလေးပါးကို ရသမျှဖြင့် တင်းတိမ်ရောင့်ရဲခြင်းဖြင့် ဓုတင်အကျင့်များကို ကျင့်ကြံရင်း နီဝရဏတရား တွေ ကင်းကွာကာ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်အားဖြင့် အဆင့်ဆင့် ရရှိသွားနိုင်တယ်။

နောက်ပိုင်းမှာ သမာပတ် ရှစ်ပါး၊ အဘိဥာဉ် (၆)ပါးတို့ကိုပါ ပွားများရရှိလာပြီး အရဟတ္တမဂ်-ဖိုလ်ကို မျက်မှောက်ပြုကာ ရဟန္တာဖြစ်နိုင်ဖို့ အခွင့်အရေးလဲ ရှိနိုင်တယ်၊ ကိုယ်တိုင်ကျင့်ကြံလျင် ကိုယ်တိုင် ခံစားခွင့်ရှိတယ်၊ ဒီထက် သာလွန်တဲ့ ခံစားခွင့်တော့ မရှိတော့ဘူး၊ ဒီအကျိုးကျေးဇူးခံစားခွင့်ဟာ ငါဘုရားရှင်ရဲ့ သာသနာတော်မှာ အမြင့်မြတ်ဆုံး အသာလွန်ဆုံး အခွင့်အရေးပဲ မင်းမြတ် … ဟု မိန့်တော်မူကာ သုတ္တန်ကို နိဂုံးချုပ်တော်မူသည်။ တရားတော်အဆုံး၌ သရဏဂုံတည်သော ဥပါသကာအဖြစ် ခံယူခဲ့သည်။ ( တိတ္ထိဆရာကြီးများ၏ ၀ါဒမျိုးစုံနှင့် သမာပတ်ရှစ်ပါး၊ အဘိဥာဉ်ခြောက်ပါး ကျင့်စဉ်များကို ပို့စ်ရှည်မည် စိုးသောကြောင့် အကျဉ်းချုပ်ထားပါသည် )




အထက်ပါပုံဟာ တန်ဆောင်မုန်းလပြည့်နေ့ညဦးပိုင်းတွင် တရားနာလိုသောကြောင့် နောက်ပါအခြွေအရံများနှင့်တကွ မီးတုတ်များ ကိုယ်စီကိုင်ကာ ဘုရားရှင်ထံ လာကြသောဘုရင် အဇာတသတ်နှင့် ဆရာဇီဝကတို့ ရှုခင်းသရုပ်ဖော် ဓာတ်ပုံပါ။ သံဃာ ၁၂၅၀ အင်အားရဲ့ တိတ်ဆိတ်မှုကို ဘုရင်အဇာတသတ် ကြက်သီးမွေးညှင်းများ ထလောက်အောင် တုန်လှုပ်ခဲ့ပါသတဲ့
ယနေ့ခေတ်တွင်တွေ့မြင်ရသော သာမညဖလသုတ္တန်ဟောကြားခဲ့ရာ ဇီဝက၏ သရက်ဥယျာဉ်ပါ




အာဏာမက်သော သားတစ်ယောက်က ထောင်သွင်း အကျဉ်းချထားသော်လည်း သောတာပန်တယောက်ရဲ့ ဓမ္မပီတိကိုတော့ အရှုံးပေးခဲ့ရတယ်၊
စင်္ကြလျောက်ကာ မြန်မြန်မသေနိုင်သော ခမည်းတော်ကြီးအား စင်္ကြံမလျောက်နိုင်အောင် ခြေဖ၀ါးကို ဓားဖြင့်ခွဲစေသော အဖြစ် အပျက်ကား တကယ့်ဖြစ်ရပ် ဟုပင် ထင်စရာမရှိပါပေ၊ လောဘ များရင် မမှားသင့်တဲ့ အမှားတွေကို ကျူးလွန်တတ်တဲ့ လူ့စိတ်သဘာဝကို သံဝေဂရစေသော မြင်ကွင်းများပါ ...

ရာဇဂြိုလ်၏ နောက်ခံပုံရိပ်များ

ရာဇဂြိုလ်မြို့သည် သမိုင်းကြောင်း ကောင်းခဲ့သောမြို့ဟု ဆိုရပါမည်၊ ယင်းမြို့သည် ဂေါတမဘုရားရှင်လက်ထက်တွင် မဂဓတိုင်း၊ ကဿပဘုရားရှင်လက်ထက်တွင် သုပ္ပိယတိုင်း၊ ကောဏာဂုံဘုရားလက်ထက်တွင် ရောဟိတတိုင်း၊ ကကုသန် ဘုရားလက်ထက် တွင် ပါစိန၀ံသတိုင်းဟူ ၍ ဘုရားလေးဆူတိုင်တိုင် ထင်ရှားခဲ့သော နေရာဖြစ်သည်။

ဂိဇ္ဈကုဋ်တောင်၊ ဝေပုလ္လတောင်၊ ဝေဘာရတောင်၊ ပဏ္ဍ၀တောင်၊ ဣသိဂိလိတောင်ဟူသော တောင်ငါးလုံးတို့သည် ရာဇဂြိုလ်မြို့၏ ပတ်ပတ်လည်တွင် သဘာဝအတိုင်း ကာရံထားသလို ဖြစ်နေခြင်းကြောင့် ဒယ်အိုးပုံသဏ္ဍာန်ဖြင့် တောင်ငါး လုံး ကာခို မြို့ရာဇဂြိုလ် ဟူ၍၄င်း၊ တောင်ခံတပ်မြို့ ဂိရိဗ္ဗဇ ဟူ၍၄င်း၊ ၀သုမတီမြို့တော်၊ ရာဇဂဟ၊ ရာဇဂိရိ ဟူသော နာမည်များလည်း အစဉ်အတိုင်း ခေတ်အဆက်ဆက် ထင်ရှားခဲ့ပြန်သည်။

သမိုင်းအထောက်အထားများအရ ယနေ့ခေတ်တွင်ရာဇဂြိုလ်မြို့ဟောင်း၊ မြို့သစ်ဟူ၍ နှစ်နေရာ ရှိရာ မြို့ဟောင်း နေရာ သည် တောင်ငါးလုံး ကြားထဲတွင် တည်ရှိခဲ့သည်၊ ဖခင်ကို သတ်ပြီးသော အဇာတသတ်သည် သံဝေဂကြီးစွာ ရရှိပြီး မြို့ဟောင်းနေရာတွင် မနေလိုပဲ မြို့သစ် နန်းသစ်တည်ထောင်ကာ စိတ်သစ် လူသစ်အဖြစ် ပြန်လည် သစ်ဆန်းလိုခြင်း ဖြစ်ဟန် တူသည်။
ထို့ကြောင့် မြို့ဟောင်းနှင့် အတန်ငယ်ဝေးကွာသော ဝေဠုဝန်ကျောင်းတော်နှင့် မလှမ်းမကမ်းတွင် နန်းတော်ရာသစ်ကို တည်ဆောက်ကာ ထီးနန်းစိုးစံခဲ့သည်၊ ရာဇဂြိုလ်မြို့အကြောင်းကား ဘုရားဟောပါဠိတော် စာပေများတွင် အဖြစ်အပျက် များ ပြောမကုန်အောင် ရှိခဲ့သည်၊ သာသနာထွန်းကားခဲ့သောကြောင့်ပင် မြို့အနီးဝန်းကျင်တွင် ကျောင်းပေါင်း ( ၁၈ ) ကျောင်းတိတိ ရှိခဲ့၏၊

ရာဇဂြိုလ်မြို့၏ အရှေ့ဖက်တွင် ဂိဇ္ဈကုဋ်တောင် ရှိပြီး ထိုတောင်ခြေတွင် သာမညဖလသုတ္တန် ဟောကြားခဲ့ရာ ဇီဝက သရက်ဥယျာဉ် ရှိနေသည်၊ မြို့ကို တံတိုင်းနှစ်ထပ် ကာရံထားပြီး တံခါးကြီး ၃၂ ပေါက်၊ တံခါးငယ် ၆၂ ပေါက်ရှိခဲ့သည် ဟု သမိုင်းများက ဆိုသည်။ ဘုရားလက်ထက်တော်အခါက စီးပွားရေး၊ ဘာသာရေး အထူးကောင်းမွန်ခဲ့သော မြို့အဖြစ် ထင်ရှားခဲ့သည်။
ယနေ့ခေတ် မြေပုံအရ ရာဇဂြိုလ် မြို့တော်သည် အိန္ဒိယနိုင်ငံ၊ ဗီဟာ Bihar ပြည်နယ်၊ ပတ္တနား Patna မြို့မှ အရှေ့တောင် ဖက် (၉၀) ကီလိုမီတာအကွာ၊ ဗီဟာရှရစ် Biharshrif မြို့၏ အနောက်တောင်ဖက် (၂၁)ကီလိုမီတာ ဝေးသောအရပ်တွင် မြို့ဟောင်းရုပ်ကြွင်းများ တည်ရှိနေဆဲဖြစ်ပါသည်။

ဗိမ္ဗိသာရမင်း၊ အဇာတသတ်မင်း မျိုးဆက်များ

သောတာပန် ဘုရင်ဗိမ္ဗိသာရမင်းကြီးသည် သေနိယမျိုးနွယ်မှ ဆင်းသက်လာသည်ဟု ဗုဒ္ဓစာပေများတွင် လာရှိပြီး သူ၏ခမည်းတော် ဘဒ္ဒိယမင်းကြီးနှင့် ဘုရားအလောင်း သိဒ္ဓတ္ထ၏ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးတို့သည် အလွန်ခင် မင်ရင်းနှီးသော သူငယ်ချင်းများ မိတ်ဆွေများဖြစ်သည် ဟူ၏၊
ဘုရားရှင်နှင့် ဗိမ္ဗိသာရဘုရင်သည် မမြင်ဖူးကြသော်လည်း ဘုရားမဖြစ်ခင်ကပင် ကြည်ညိုရင်းစွဲ ရှိသည့်အတိုင်း ဘုရားဖြစ်ခဲ့လျင် မိမိနိုင်ငံသို့ ရှေးဦးစွာ ကြွရောက် ချီးမြှောက်ပါရန် ကတိတောင်းခံခဲ့သည်အထိ သံယောဇဉ်ရှိကြ ဟန် တူသည်၊ ဘုရင်ကြီးသည် ဘုရားရှင်ထက် အသက်ငါးနှစ် ငယ်သည် ဟု သိရ၏။

ဗိမ္ဗိသာရမင်းသည် မိဖုရားများစွာ ရှိသည့်အနက် ကောသလတိုင်း ပသေနဒီကောသလမင်းကြီး၏ နှမ ဝေဒေဟီ မိဖုရားမှ အဇာတသတ်ကိုမွေးသည်၊ ထို့နောက် ၀ဇ္ဇီတိုင်း လိစ္ဆ၀ီမင်း၏သမီး ဆေလ္လနမိဖုရား၊ မဒ္ဒတိုင်းသာဂလမင်း၏ သမီး ခေမာ မိဖုရား (နောင်တချိန်ရဟန္တာဖြစ် ) အဘယမာတာမိဖုရား၊ ဥဒုမ္ဗရိကာ မိဖုရားအားဖြင့် မှတ်တမ်းများအရ ငါးယောက် ရှိခဲ့သည်။

အဇာတသတ်မင်းသား၏ ဖအေတူ ညီအကိုများဖြစ်ကြသော အဘယမင်းသား၊ ဥဒယဘဒ္ဒမင်းသား၊ ၀ိမလကောဏ္ဍ ညမင်းသား၊ သီလ၀မင်းသား တို့သည် အသက်ရန်ရှာမည် စိုးသောကြောင့် နောက်ပိုင်း ရဟန်းပြုကာ သာသနာ့ဘောင် ၀င်ရောက်သွားကြသည်။
ရှေးဟောင်းသုတေသနဋ္ဌာနသည် ရာဇဂြိုလ်မြို့နေရာဟောင်းကို ခရစ်နှစ် (1957-1958 )များတွင် တူးဖော်ကြည့်ခဲ့ သေးသည်၊ ဘုရားခေတ်က သပ္ပိနီမြစ်သည် ယခုအခါ ပဉ္စာနမြစ် နာမည်ဖြစ်နေပြီး ဘုရားအလောင်း ဆံတော်ပယ်ဖြတ်ရာ အနော်မာမြစ်ကို အာမီမြစ်ဟု ယနေ့ခေတ်တွင် ခေါ်ဝေါ်နေကြဆဲဖြစ်သည်။

ဝမ်းသာစရာကောင်းသည်ကား ထေရ၀ါဒဗုဒ္ဓဘာသာသည် ဘုရားရှင်လက်ထက်က အဖြစ်အပျက်များနှင့် ယနေ့ခေတ် အနေအထား များ၊ သမိုင်းအထောက်အထားများ၊ အကြွင်းအကျန်များဖြင့် သက်သေပြစရာအားလုံး ရှိနေခြင်းကြောင့် စိတ်ကူးဖြင့် ဖန်တီးကာ လိုက်နာကျင့်သုံးရသော magic ဆန်ဆန် ဘာသာရေးတခု မဟုတ်ဘူး ဆိုတာ ထင်ရှားနေသည်။
တနှစ်တခါ ကြုံခွင့်ရသော ကြယ်တာရာနက္ခတ်များ စုံလင်သော နေ့ထူးနေ့မြတ် တန်ဆောင်မုန်းလပြည့်မှာ သာမညဖလ သုတ္တန်ကို ဟောကြားခဲ့ သောကြောင့် သာမညဖလအခါတော်နေ့ ဟု သမုတ်ခဲ့သည်ကို တွေးဆကြည်ညိုကာ တင်ပြလိုက်ရပါသည်။

မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date.4.Nov. 2011

ကျမ်းညွန်း။ ။ သာမညဖလသုတ်၊
သီလက္ခန္ဓပါဠိတော်၊ ဒီဃနိကာယ်၊
သာဝတ္ထိမြန်မာကျောင်းဆရာတော် ဦးသြဘာသ၏ မဇ္ဈိမဒေသမြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ
einstein








ကိုယ်ရေးအကျဉ်းနဲ့ ငယ်ဘဝ

1(^AnGeL^) သိပံ္ပပညာရှင် Einstein ရဲ့ နာမည်အရင်းကတော့ Alert Einstein ဖြစ်ပါတယ်။ Einstein ကို ၁၈၇၉ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးရပ်ဇာတိကတော့ German Empire ကြီးထဲက မြို့တစ်မြို့ဖြစ်တဲ့ Ulm မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူရဲ့ဖခင်ကတော့ အရောင်းအ၀ယ် စီးပွားရေး သမား၊ အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Hermann Einstein ဖြစ်ပြီး မိခင်ကတော့ Pauline Einstein ဖြစ်ပါတယ်။ ၁၈၈၀ ပြည့်နှစ်မှာ Einstein တို့မိသားစုဟာ Munich မြို့ကို ပြောင်းရွေ့ခဲ့ပြီး အဲဒီမြို့မှာပဲ သူ့အဖေနဲ့ သူ့ဦးလေးဖြစ်သူတို့ဟာ လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ Company တစ်ခုကို စတင်ထူထောင်ခဲ့ပါ တယ်။ Einstein ဟာ အသက် ၅ နှစ်ကစပြီး Catholic Elementary School မှာ သုံးနှစ်ကြာ ပညာစတင် သင်ယူခဲ့ပါတယ်။ အသက် ၈ နှစ်အရွယ်မှာ Einstein ဟာ primary နဲ့ secondary ကို Luitpold Gymnasium ကျောင်းမှာ ၇ နှစ်တတ်ခဲ့ပြီးတော့ Germany ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ကလေးဘ၀တုန်းက Einstein ဟာ စကားစပြောဖို့ တော်တော်လေး အချိန်ယူခဲ့ရပေမယ့်လည်း elementary school မှာတော့ ထူးချွန်ထက်မြတ်တဲ့ ကျောင်းသားစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

Einstein ဟာ အတွေးအခေါ်နဲ့ စူးစမ်းလေ့လာစိတ်ရှိသူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူငယ်ရွယ်စဉ်မှာ သူ့ဖခင်ဆီကနေ အိတ်ဆောင်သံ လိုက်အိမ်မြောင်လေးတစ်ခုကို စပြီးမြင်ဖူးတဲ့ အချိန်မှာပဲ Einstein ဟာ လေဟာနယ်ထဲက အရာတစ်ခုခုက သံလိုက်အိမ်မြှောင်ရဲ့ လက်တံကို လှုပ်ရှားအောင် လုပ်နေတာဖြစ်မယ်ဆိုပြီး တွေးတောမိခဲ့ပါတယ်။ Einstein ဟာ ကြီးပြင်းလာတာနဲ့အမျှ စက်ကိရိယာတချို့ကို ကိုယ်တိုင်ဒီဇိုင်း ဆွဲတီထွင်ပြီး သူ့ရဲ့သချာင်္စွမ်းရည်ကို ပြသခဲ့ပါတယ်။ ၁၈၈၉ ခုနှစ်ကနေ ၁၈၉၄ ခုနှစ်တွေမှာတော့ Poland နိုင်ငံသား ဆေးကျောင်းသား တစ်ယောက်ဖြစ်တဲ့ Max Talmey က ၁၀ နှစ်သားအရွယ် Einstein ကို သိပံ္ပပညာရပ်တွေ၊ သချာင်္သင်ခန်းစာတွေနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ တွေးခေါ်ချက်တွေကို သူတို့နှစ်ယောက် ထမင်းအတူတူစားရတဲ့ အချိန်ပိုင်းလေးမှာ သင်ကြားပေးခဲ့ပါတယ်။ ဒီလိုမျိုး သင်ကြားပေးခဲ့မှုဟာ Einstein အတွက်တော့ သိပ္ပံပညာရပ်အပေါ် ရူးသွပ်မှုကို အစဖော်ပေးလိုက်ခြင်းပါပဲ။

2(Bene) ၁၈၉၄ ခုနှစ် AC/DC current wars ဖြစ်တဲ့အချိန်မှာတော့ Einstein အဖေဖြစ်သူရဲ့ Company ဟာ အရှူံးပေါ်ခဲ့ပြီး စီပွားရေးအခြေအနေကြောင့် သူတို့မိသားစုဟာ အီတလီကို ပြောင်းရွေ့ခဲ့ကြပါတယ်။ စစချင်းမှာတော့ Milan မြို့ကို ပြောင်းရွေ့ခဲ့ပြီး နောက်တော့ Pavia ဆိုတဲ့ မြို့လေးမှာ အခြေချဖြစ်ခဲ့ကြ တယ်။ ဒါပေမယ့် Einstein ကတော့ Munich မြို့လေးမှာပဲ ကျန်ရစ်ခဲ့ပြီး သူ့ရဲ့ပညာရေးကို မထိခိုက် အောင် ဆက်လက်လေ့လာခဲ့ပါတယ်။ သူ့အဖေကတော့ သူ့သား Albert Einstein လေးကို Electrical Engineer တစ်ယောက် ဖြစ်စေချင်ခဲ့တာပါ။ ဒါပေမယ့်လည်း Einsteinဟာ စာသင်ကြားမှုလမ်းစဉ်နဲ့ ပက်သက်ပြီးတော့ ကျောင်းကအာဏာပိုင်တွေနဲ့ ကတောက်ကဆ ဖြစ်လိုက်ပါသေးတယ်။ နောက်နှစ်အ နည်းငယ်အကြာမှာ Einsteinက အလွတ်ကျက်မှတ်ပြီး စာသင်ကြားခြင်းဟာ တီထွင်နိုင်မှုစွမ်းရည်ကို ကျဆင်းစေတယ်လို့ ရေးသားခဲ့ပါတယ်။ Einstein ဟာ သူ့ရဲ့ကိုယ်ပိုင် ဖုန်းနံပါတ်ကိုတောင် မှတ်မိသူ မဟုတ်ပါဘူး။ ၁၈၉၅ မှာတော့ သူ့မိသားစုရှိတဲ့ဆီကို ဆရာဝန်ရဲ့ထောက်ခံစာနဲ့ ကျောင်းထွက်ပြီး သွားခဲ့ ပါတယ်။ အဲဒီ့အချိန်ကစပြီး Einstein ဟာ "The Investigation of the State of Aether in Magnetic Fields" ဆိုတဲ့ သူ့ရဲ့ပထမဦးဆုံး သိပံ္ပလက်တွေ့ စမ်းသပ်ချက်ကို ရေးသားခဲ့ပါတယ်။

Einstein ဟာ Zurich, Switzerland က Eidgenössische Polytechnische Schule (ETH) ကျောင်းဝင်ခွင့် ဖြေဆိုခဲ့ပါသေးတယ်။ အဲဒီ စာမေးပွဲကို သူကျခဲ့ပေမယ့်လည်း Mathematics နဲ့ Physics ဘာသာတွေမှာတော့ အမှတ်အလွန် ကောင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Einstein ကို သူ့မိသားစုက Switzerland မြောက်ဘက်ပိုင်းမှာရှိတဲ့ Aarau ကိုလွှတ်ပြီး Secondary School ကို ပြီးအောင် ပညာဆက်လက် သင်ကြားစေခဲ့ပါတယ်။ Aarau မှာ Einstein ဟာ Maxwell ရဲ့ Electromagnetic Theory ကို သင်ကြားခဲ့ပြီး အသက် ၁၇ နှစ်မှာ သူကျောင်းပြီးခဲ့ပါတယ်။ ကျောင်းပြီးပြီးချင်းပဲ Einstein ဟာ စစ်မှုထမ်းဥပဒေကို ရှောင်ဖယ်ဖို့အတွက် သူ့ဖခင်ရဲ့ သဘောတူညီမှုနဲ့ German နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခဲ့ပါတယ်။ ၁၈၉၆ ခုနှစ်မှာတော့ Zurich Polytechnic မှာ Mathematics နဲ့ Physics ကို ၄ နှစ်ကြာ ဆက်လက်သင်ကြားခဲ့ပါတယ်။



အိမ်ထောင်ရေးနှင့် မိသားစု

3(^AnGeL^) Einsten ရဲ့ အိမ်ထောင်ရေးနဲ့ မိသားစုရေးရာကို ပြောရမယ်ဆိုရင်တော့ ၁၉၀၃ ခုနှစ်မှာ Einstein ဟာ သူနဲ့ ကျောင်းအတူတူတက်ခဲ့တဲ့ Mileva Maric နဲ့ ဇန်န၀ါရီလမှာ လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းအဖြစ်ကနေ အတူတူသွားလာ၊ စာပေအကြောင်း ဆွေးနွေးရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာပါ။ ၁၉၉၀ ခုနှစ်မှာ Einstein ဟာ Diploma ရခဲ့ပေမယ့် Maric ကတော့ သချာင်္ဘာသာရပ်မှာ အမှတ်နည်းတာကြောင့် စာမေးပွဲ ကျရှုံးခဲ့ပါတယ်။ ၁၉၀၄ ခုနှစ် မေလမှာ သူတို့ရဲ့သားဦး Hans Albert Einstein ကို Switzerland နိုင်ငံ Bern မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဒုတိယသား Eduard ကိုတော့ Zurich မြို့မှာ ၁၉၁၀ ပြည့်နှစ်၊ ဇူလိုင်လမှာ မွေးဖွား ခဲ့ပါတယ်။ ၁၉၁၄ ခုနှစ်မှာတော့ Einstein ဟာ Berlin ကို ပြောင်းရွေ့ခဲ့ပြီး သူ့အမျိုးသမီးကတော့ သားနှစ် ယောက်နဲ့ ကျန်ခဲ့ပါတယ်။ ကံမကောင်းစွာပဲ Einstein တို့ အိမ်ထောင်ရေးဟာ ၅ နှစ်ကြာ ခွဲပြီးနေထိုင်ခဲ့တဲ့အတွက် ၁၉၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ လမ်းခွဲခဲ့ကြပါတယ်။ ၁၉၁၉ ဇွန်လ ၂ ရက်နေ့မှာတော့ Einstein ဟာ နောက်အိမ်ထောင်ဖြစ်တဲ့ Elsa နဲ့လက်တွဲခဲ့ပါတယ်။ အမှန်တော့ Elsa နဲ့က ၁၉၁၂ ခုနှစ်ကတည်းက ဆက်သွယ်မှုရှိခဲ့ပြီး Einstein နဲ့ အမျိုးလည်းတော်ပါတယ်။ ၁၉၃၃ ခုနှစ်မှာတော့ သူတို့ဟာ United States ကို အပြီးအပိုင် ပြောင်းရွှေ့ခဲ့ကြပါတယ်။ Elsa ဟာ ၁၉၃၅ ခုနှစ်မှာ နှလုံးနဲ့ကျောက်ကပ်ရောဂါ ရရှိခဲ့ပြီး ဒီရောဂါနဲ့ပဲ ဒီဇင်ဘာ ၁၉၃၆ မှာ ကွယ်လွန်ခဲ့ပါတယ်။





အလုပ်အကိုင်

4(Bene) ဆက်လက်ပြီးEinstein ရဲ့လုပ်ငန်းခွင်အကြောင်းလေးတွေကို ပြောပြပါမယ်။ Einstein ဟာ ဘွဲ့ရပြီးပြီးချင်း ၂ နှစ်လောက် စာသင်တဲ့အလုပ်ကို ရှာဖွေခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ Einstein ရဲ့ အတန်းဖော်တစ်ယောက်ရဲ့ ဖခင်အကူအညီနဲ့ Bern မြို့က Patent Office မှာ လက် ထောက်စာမေးပွဲစစ်ဆေးသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၀၃ ခုနှစ်မှာတော့ Einsteinဟာ SwissPatent Office မှာ ရာသက်ပန် ၀န်ထမ်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ များသောအား ဖြင့်တော့ သူ့အလုပ်တွေက Electric signal တွေရဲ့ Transmission ဖြစ်ပေါ်မှုတွေအကြောင်းနဲ့ Electrical, mechanical နဲ့ပတ်သတ်တဲ့ မေးခွန်းများစွာကို ဖြေရှင်းလေ့လာရပါတယ်။ Bern မြို့က သူငယ်ချင်းတစ်ခုနဲ့အတူ Einstein ဟာ Olympia Academy အဖွဲ့ဆိုပြီး နောက်နောက် ပြောင်ပြောင်ဖွဲ့ပြီးတော့ Scienceနဲ့ philosophyအကြောင်းတွေကို မကြာခဏ လေ့လာဆွေးနွေးလေ့ရှိပါတယ်။ သူတို့ဖတ်တဲ့၊ လေ့လာတဲ့ အကြောင်းအရာတွေထဲမှာ Einsteinရဲ့ သိပံ္ပပညာနဲ့ အတွေးအခေါ်တွေအပေါ် လွမ်းမိုးမှုအများကြီးရှိတဲ့ Henri Poincare', Ernst Mach နဲ့ David Hume တို့အကြောင်းတွေ ပါဝင်ပါတယ်။



ပညာရေးအလုပ်အကိုင်

5(^AnGeL^) ၁၉၀၁ ခုနှစ်မှာတော့ Einstein ရဲ့ စာတမ်းတစ်စောင်ဟာ Physics စာအုပ်တစ်အုပ်မှာ ပါဝင်ခဲ့ပါတယ်။ ၁၉၀၅ ခုနှစ် ဧပရယ်လ ၃၀ ရက်နေ့မှာတော့ Einstein ဟာ သူ့ရဲ့စာတမ်းပြုစုချက်ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အဲဒီစာတမ်းကြောင်းပဲ Einstein ကို Zurich University က PhD ချီးမြှင့်ခဲ့ ပါတယ်။ ၁၉၀၅ ခုနှစ်ကို အများကတော့ Einstein ရဲ့ ကံအကောင်းဆုံးခုနှစ်လို့ ပြောရလောက်အောင် အဲဒီနှစ်မှာပဲ သူ့ကိုပညာရေးနယ်ပယ်က အသိအမှတ်ပြုသွားစေတဲ့ စာတမ်း ၄ စောင်ကိုလည်း ထုတ်ပြန်နိုင် ခဲ့ပါသေးတယ်။ ၁၉၀၈ ခုနှစ်မှာတော့ သူ့ကိုထက်မြတ်တဲ့ သိပ္ပံပညာရှင် တစ်ယောက်အဖြစ် အသိအမှတ် ပြုခြင်းခံရပြီး Bern University မှာ ဆရာအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ မကြာခင်မှာပဲ Einstein ဟာ Patent office ကနေ အလုပ်ထွက်လိုက်ပြီးတော့ Zurich University မှာ Physics ပညာရပ်ကို သင်ကြား ပို့ချခဲ့ပါတယ်။ ၁၉၁၁ ခုနှစ်မှာတော့ Professor တစ်ယောက် ဖြစ်လာခဲ့ပြီး ၁၉၁၄ ခုနှစ်မှာ Germany ကို အလုပ်တာဝန်နဲ့ ပြန်သွားခဲ့ပါတယ်။ ၁၉၁၆ ခုနှစ်မှာ Einstein ဟာ German Physical Society ရဲ့ President အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

၁၉၁၁ ခုနှစ်မှာ Einstein ဟာ သူ့ရဲ့ general relativity ကို အခြေခံပြီးတော့ နေရောင်ခြည်ရဲ့ ဆွဲငင်အားကြောင့် ကြယ်တစ်စင်းရဲ့ အလင်းရောင်ဟာ ကွေ့ကောက်သွားနိုင်တယ်ဆိုတာကို တွက်ချက်လို့ ရခဲ့ပါတယ်။ အဲဒီတွက်ချက်မှုကို ၁၉၁၉ ခုနှစ် မေလ ၂၉ ရက် Solar Eclipse မှာ အတည်ပြုခြင်း ခံခဲ့ရပါတယ်။ ဒီလိုဖြစ်ရပ်ဟာ Einstein ကို ကမ္ဘာကျော် သိပ္ပံပညာရှင်တစ်ယောက် ဖြစ်လာစေခဲ့ပါတယ်။ ၁၉၂၁ ခုနှစ်မှာတော့ Einstein ဟာ Physics ပညာရပ်မှာ Nobel Price ချီးမြှင့်ခြင်းခံခဲ့ရတဲ့အပြင် Royal Society က Copley Medal ကိုလည်း ၁၉၂၅ ခုနှစ်မှာ ရရှိခဲ့ပါသေးတယ်။



ကမ္ဘာအနှံ့ လှုပ်ရှားမှုများ

7(Bene) ၁၉၂၁ ခုနှစ် ဧပရယ်လ ၂ ရက်နေ့မှာတော့ မြို့တော်ဝန်ရဲ့ ဖိတ်ခေါ်မှုနဲ့ New York မြို့တော်ကို စာပေ ပို့ချဖို့အတွက် ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။ ဆက်လက်ပြီး Washington ကိုလည်း သွားရောက်ခဲ့ ပြီး အိမ်ဖြူတော်ကို နိုင်ငံတကာ သိပ္ပံပညာရှင်များကိုယ်စား သွားရောက်ခဲ့ပါတယ်။ Europeကိုအပြန်လမ်းမှာလည်းသိပ္ပံပညာရှင်များစွာနဲ့ တွေ့ဆုံခဲ့ပြီးတော့ ပညာရေးဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ၁၉၂၂ ခုနှစ်မှာ အာရှဘက်ကို သွားရောက်ခဲ့ပြီး Japanမှာတော့ တော်ဝင်မိသားစုနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ သူတွေ့ခဲ့ဖူးသမျှ လူတွေထဲမှာ Japanလူမျိုးတွေကို အနှစ်သက်ဆုံးဖြစ်တယ်လို့ Einsteinဟာ သူ့ရဲ့သားဖြစ်သူကို ရေးထားခဲ့တဲ့ စာတစ်စောင်ထဲမှာ ဖော်ပြခဲ့ဖူးပါတယ်။

Germany ကို Hitler အုပ်ချုပ်ပြီးတဲ့နောက်တော့ Einstein ဟာ ၁၉၃၃ ခုနှစ်မှာ United States ကို အပြီးအပိုင် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ၁၉၃၃ ခုနှစ် ဧပရယ်လမှာ Einstein ဟာ US က University တွေကို သွားရောက်နေတုန်း သူကြား သိလိုက်ရတာက German အစိုးရက ဥပဒေအသစ်တစ်ခုကို ထုတ်ပြန်လိုက်ပြီးတော့ Nazi Booking Burnings ဖြစ်ပွားခဲ့ကာ သူ့ကိုလည်း $5000နဲ့ ဖမ်းဝရမ်းထုတ်ပြန်လိုက်တယ်ဆိုတဲ့ အကြောင်းပါပဲ။ သူ့ရဲ့ ထက်မြတ်မှုဟာ Nazi တွေအတွက်တော့ ကြောက်မက်ဖွယ်ရာတစ်ခု ဖြစ်နေတဲ့အတွက်ကြောင့်ပါ။ Germany က အခြားသော သိပ္ပံပညာရှင်တစ်ချို့လည်း ဒီအဖြစ်အပျက်ကြောင့် United States ကို ပြောင်းရွှေ့ ခဲ့ကြပါတယ်။ ၁၉၄၀ မှာတော့ Einstein ဟာ US နိုင်ငံသားအဖြစ် ခံယူခဲ့ပါတယ်။




သိပ္ပံပညာ လှုပ်ရှားမှုများ

(^AnGeL^) Einstein ဟာ သူ့ဘ၀တစ်လျှောက်လုံး စာအုပ်ပေါင်းစွာနဲ့ စာတမ်းများစွာကို ရေးသားပြုစုခဲ့ပါတယ်။ များသောအားဖြင့် သူ့ရဲ့ စာအုပ်တွေဟာ Physics အကြောင်းဖြစ်ပေမယ့် တချို့စာအုပ်တွေကတော့ နိုင်ငံရေးအကြောင်း၊ ဘာသာရေးအကြောင်းနဲ့ လူမှုရေး အကြောင်းတွေဖြစ်ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့ သိပ္ပံလှုပ်ရှားမှုတွေနဲ့ တွေ့ရှိချက်တွေကို ဖော်ပြပေးပါမယ်။


Annus Mirabilis papers

Annus Mirabilis papers ကတော့ ၁၉၀၅ ခုနှစ် Annalen der Physik မှာ ပါဝင်ခဲ့တာပါ။ ဒီစာတမ်းမှာတော့ Einstein ဟာ photoelectric effect, Brownian motion, the special theory of relativity နဲ့ E = mc2 အကြောင်းကို ရေးသားထားပါတယ်။

Thermodynamic fluctuations and statistical physics
ဒီစာတမ်းကတော့ Einstein ရဲ့ ပထမဦးဆုံး ထုတ်ဝေခဲ့တဲ့ စာတမ်းဖြစ်ပါတယ်။ ဒီစာတမ်းရဲ့နောက်ဆက်တွဲ စာတမ်းတွေကိုလည်း ၁၉၀၂ ခုနှစ်၊ ၁၉၀၃ခုနှစ် နဲ့ ၁၉၀၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပါသေးတယ်။

General principles
Einstein ဟာ the Principle of Relativity ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တခြား Principle တွေဖြစ်တဲ့ the Principle of Equivalence, the Principle of Adiabatic Invariance of the Quantum Number နဲ့ Mach's Principle တို့ကိုလည်း တွေ့ရှိခဲ့ပါသေးတယ်။

Theory of relativity and E = mc2
Theory of Relativity ကို အခြေခံပြီးတော့ Einstein ဟာ E = mc2 ဆိုတဲ့ ညီမျှခြင်းတစ်ခုကို ထုတ်ခဲ့ပါတယ်။ အဲဒီညီမျှခြင်းကတော့ Nuclear စွမ်းအား ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ Einstein ရဲ့ အကျော်ကြားဆုံး ညီမျှခြင်းလို့လည်း ပြောလို့ရပါ တယ်။

Photons
၁၉၀၅ ခုနှစ်မှာ Einstein က အလင်းရောင်ထဲမှာ အလွန်သေးငယ်တဲ့ အမှုန်တွေ ပါဝင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီအဆိုကိုတော့ ၁၉၁၉ ခုနှစ်ကမှ အသိအမှတ်ပြုခြင်း ခံခဲ့ရတာပါ။

Einstein ရဲ့ အခြားတွေ့ရှိချက်တွေကတော့

Quantized atomic vibrations
Adiabatic principle and action-angle variables
Wave-particle duality
Theory of critical opalescence
Zero-point energy
General relativity and the Equivalence Principle
Hole argument and Entwurf theory
Cosmology
Modern quantum theory
Bose–Einstein statistics
Energy momentum pseudotensor
Unified field theory
Wormholes
Einstein–Cartan theory
Equations of motion တို့ဖြစ်ပါတယ်။



နောက်ဆုံးနေ့ရက်များ
9(Bene) ၁၉၅၅ ခုနှစ် ဧပရယ်လ ၁၇ ရက်နေ့မှာ ကလီစာတွင်း သွေးကြောပေါက်ကွဲမှုကြောင့် ကွယ်လွန်ခဲ့ပါ တယ်။ ၁၉၄၈ ခုနှစ်တုန်းကလည်း ဒီနေရာကိုပဲ Dr. Rudolph Nissen နဲ့ ခွဲစိတ်ကုသမှု ခံယူခဲ့ပါသေးတယ်။ သူမကွယ်လွန်မှာ Nuclear စွမ်းအင်ကို ကောင်းတဲ့ဘက်မှာ အသုံးချဖို့ တိုက်တွန်းခဲ့ပြီးတော့ ပေါင်းစပ် စက်ကွင်း Theory ကို တင်ပြခဲ့ပါသေးတယ်။ အဲဒီ Theory ကို ပြီးပြည့်စုံအောင် ထပ်မံရှင်းမပြနိုင်ခင် ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁၈ ရက် မနက် ၁ နာရီ ၂၅ မိနစ်က Priceton ဆေးရုံမှာ သူကွယ်လွန်သွားခဲ့ပါတယ်။ တကယ်တော့ Einstein မသေဆုံးခင်မှာ သူ့ရောဂါအတွက် ထပ်မံခွဲစိတ်ကုသဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ဒါပေမယ့် Einstein က သူ့ဘ၀မှာ လုပ်သင့်တာတွေ လုပ်ခဲ့ပြီးပြီမို့ အခုအချိန်မှာ သူသွားဖို့အချိန်တန်ပြီ။ ကံကိုသာ ပုံအပ်လိုက်တော့မယ်ဆိုပြီး ခွဲစိတ်မှုကို ပယ်ချခဲ့ပါတယ်။ သူကွယ်လွန်သွားပြီးတဲ့နောက် သူ့ရဲ့ ဦးနှောက်ကို အလှူခံပြီး Einstein ဟာ ဘာကြောင့် ဒီလောက်ထိ ဥာဏ်ကောင်းခဲ့တယ်ဆိုတာကို အဖြေရှာ ခဲ့ကြပါသေးတယ်။

Einstein ဟာ ဒီကမ္ဘာမှာ နောက်တစ်ကြိမ် ပေါ်ပေါက်လာဖို့ ခဲယဉ်းတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့တွေ့ရှိချက်တွေဟာ အံ့မခန်းတွေချည်းပါပဲ။ ကဲ.. ဒီလောက်ဆိုရင်တော့ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး Albert Einstein အကြောင်းကို MYMC ပရိသတ်ကြီး အတော်အသင့် သိပြီလို့တော့ ထင်ပါတယ်နော်။ မပြည့်စုံမှုများ ရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။


Posted by www.mymclub.net

ဂြိုဟ်အသစ်တစ်ခု မွေးဖွားခြင်း

ဂြိုဟ်အသစ်တစ်ခု မွေးဖွားခြင်းကို ဟာဝိုင်အီမှ သိပ္ပံပညာရှင်တစ်ဦး
မှတ်တမ်းတင်နိုင်ခဲ့





ဟာဝိုင်အီတက္ကသိုလ်မှ နက္ခတ္တဗေဒပညာရှင်တစ်ဦး သည် ၁၀ မီတာရှည်သော
ကက်ခ်တယ်လီစကုပ် ညီနောင်ကို အသုံးပြုပြီး ကြယ်(နေ) တစ်စင်းကိုပတ်ပြီး
ဂြိုဟ်သစ်တစ်ခု မွေးဖွားခြင်း ကို ပထမဆုံးအကြိမ် တိုက်ရိုက်
မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

LkCa 15b ဟုခေါ်သော ယင်း ဂြိုဟ်မှာ ဂြိုဟ်လောင်း အဆင့်သာရှိသေးပြီး
အေးသောဖုန်နှင့်ဓာတ်ငွေ့များ ၀န်းရံနေသည်ဟု သိရသည်။ ကမ္ဘာနှင့် အလင်းနှစ်
၄၅၀ အကွာတွင်ရှိသော ယင်းဂြိုဟ်မှာ တွေ့ရှိရသမျှထဲတွင်
အငယ်ဆုံးဂြိုဟ်ဖြစ်သည်ဟု သိရသည်။

LkCa 15b ဟာ တွေ့ရှိရသမျှထဲမှာ အငယ်ဆုံးပါပဲ။ အရင်စံချိန်တင်ထားတဲ့
ဂြိုဟ်ထက် ငါးဆလောက် ပိုငယ်ပါတယ်။ အရင်တုန်းကဆိုရင်
ဒီလိုမျိုးဖြစ်စဉ်တွေက ကြယ်(နေ)တွေနဲ့ အနီးမှာဖြစ်တော့ လေ့လာလို့
မရခဲ့ပါဘူး။ ဒါပေမဲ့အခု အချိန်မှာတော့ ကျွန်တော်တို့က ဒီဂြိုဟ်နဲ့
သူ့ပတ်ဝန်းကျင်က အခြေအနေတွေကို တိုက်ရိုက်တိုင်းတာ လေ့လာနိုင်ခဲ့ပါပြီ''
ဟု လေ့လာတွေ့ရှိခဲ့သည့် ပညာရှင် အဒမ်ခရောက်ဇ်က ဆိုသည်။

Friday, November 4, 2011

ဆန်းလွင် ( ရတနာသုံးပါးကိုကိုးကွယ်ဆည်းကပ်လာသူတစ်ယောက် )

ဘာသာခြား မှနေ၍ ရတနာသုံးပါးကို ယုံကြည်စွာကိုးကွယ်လာသူတစ်ယောက်၏ ဘ၀အကြောင်းကို စာရေးသူကိုယ်တိုင် ဖော်ကျူးတင်ပြထားသောစာအုပ်တစ်အုပ်ဖြစ်သည့်အတွက် ၊ စာပေ၀ါသနာရှင်များလေ့လာဖတ်ရှုသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ ။

ဆန်းလွင် ( ရတနာသုံးပါးကိုကိုးကွယ်ဆည်းကပ်လာသူတစ်ယောက် )

မဇိမ္မဒေသ ( အရှင်ကေလာသ )

ဘုရားရှင်ပွင့်ထွန်းပေါ်ပေါက်ရာနေရာဖြစ်သော မဇိမ္မဒေသ အကြောင်းကို လေ့လာမှတ်သားလိုသူများ အဆင်ပြေစေရန်အတွက် အရှင်ကေလာသမှနေ၍ ပြုစုရေးသားထားခြင်းဖြစ်ပါသည် ။
အရှင်ကေလာသ ( မဇိမ္မဒေသ )

ဆန်းလွင် ( ဥာဏ်လမ်းပေါ်လျှောက် လူတစ်ယောက်အကြောင်း )

ရတနာသုံးပါးစာအုပ်ပြီးနောက် ထွက်ရှိလာသော ဆရာဦးဆန်းလွင် ၏ ဥာဏ်လမ်းပေါ်လျှောက် လူတစ်ယောက်အကြောင်း စာအုပ်တွင် ၀ိပသနာ အားထုပ်မှုဆိုင်ရာ ဥာဏ်စဉ်များကို မှတ်သားလေ့လာနိုင်သည့် အတွက် အထူးပင်အကျိုးကျေးဇူး အလွန်များပြားသော စာအုပ်တစ်အုပ်ဖြစ်ပါသည် ။
ဆန်းလွင် ( ဥာဏ်လမ်းပေါ်လျှောက် လူတစ်ယောက်အကြောင်း )

မိုးကုတ်ဆရာတော်ဘ၀အကြောင်း

ဦးကျော်သိန်းရေးသားထုပ်ဝေသော မိုးကုတ်ဆရာတော်၏ ဘ၀ဖြစ်စဉ်စာအုပ်သည် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဘ၀သာမကပဲ သူ၏ကျင့်စဉ်များကိုပါ ထည့်သွင်းရေးသားထားသည့်အတွက် ၀ိပသနာတရားအားထုပ်လိုသောသူတို့အတွက် အလွန်တရာကျေးဇူးကြီးမားလှသော စာအုပ်ကောင်းတစ်ခုဖြစ်၍ မရှိမဖြစ်ဆောင်ထားသင့်ပါကြောင်း ။

ဦးကျော်သိန်း ( မိုးကုတ်ဆရာတော်ဘ၀အကြောင်း )

တကယ့်ဗုဒ္ဓဘာသာ

မေတ္တာရှင် ( တကယ့်ဗုဒ္ဓဘာသာ )