Saturday, October 22, 2011

Buddhism & World Celebrities

ကျွန်တော်တို့ တွေဟာ ဗုဒ္ဓဘာသာနိုင်ငံ ထဲမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေပါ ။ ကျွန်တော်တို့ဆီက ဗုဒ္ဓဘာသာ နဲ့ ပတ်သက်ပြီး စိတ်ဝင်တစား ပြောဆိုဆွေးနွေးကြတာတွေဟာ သိပ်မထူးဆန်းလှပေမယ့် တိုင်းတပါး မှာရှိနေတဲ့ လူတွေက တဆင့် ဗုဒ္ဓဘာသာ အပေါ် ခံယူချက်တွေက တော့ စိတ်ဝင်စားဖို့ကောင်းပါတယ် ။ အထူးသဖြင့် အနုပညာရှင်တွေဆီက လာတဲ့ စကားသံတွေဖြစ်ပါတယ်။ လူတွေအားလုံးမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိကြတဲ့အတွက် ကိုယုံကြည်လက်ခံလာတဲ့ ဘာသာတရားတခုကို ကိုးကွယ်ပြီး အဲဒီဘာသာဝင်အဖြစ်ခံယူလာကြတာ ယနေ့ ကမ္ဘာမှာ အများအပြားတွေ့နေရပါတယ် ။

ကျွန်တော်တို့ ဗုဒ္ဓဘာသာကို လည်း စိတ်ပါဝင်စားပြီး ဗုဒ္ဓဘာသာဝင်တွေအဖြစ် ရောက်ရှိလာကြတဲ့ ကမ္ဘာတ၀န်းမှ ကျော်ကြားတဲ့သူတွေ ၊ အနုပညာရှင်တွေရှိပါတယ် ။

သူတို့ကတော့

အစရှိတဲ့ ပဂ္ဂိုလ်တွေပဲဖြစ်ပါတယ် ။

နောက်ပိုင်းလည်း အများကြီးရှိသေးပေမယ့် ၊ ယခု လက်ရှိ ကျွန်တော်တို့မြန်မာတွေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ လူတွေရဲ့ နာမည်ကို ပဲ ဖော်ပြပေးထားပါတယ် ၊ အဲဒီအထဲက မှ အနုပညာရှင်တချို့နဲ့ ကျော်ကြားသူတချို့ရဲ့ ဗုဒ္ဓဘာသာ အပေါ် ခံယူချက် လေးတွေကိုဖော်ပြပေးလိုက်ပါတယ် ။

လူမှုရေးအရှုပ်အထွေးတွေပေါ်လာတဲ့အခါမှဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ပိုပြီးသက်ဝင်ယုံကြည်မှုရှိလာပါတယ် လို့ ထိုင်းလူမျိုးမိခင်က မွေးဖွားလာတဲ့ ဗုဒ္ဓဘာသာဝင် ကမ္ဘာကျော် ဂေါက်သီးရိုက်သမား တိုက်ဂါးဝုဒ် ကဆိုပါတယ် ။ သူဟာ သူ့မိခင်ရဲ့ ညွှန်ကြားချက်နဲ့ ၀ိပသနာလုပ်ငန်းစဉ်များကို ယနေ့အခါမှာ လုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ် ။

အီတလီက နာမည်ကျော် ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ ရော်ဘတ်တို ဘက်ဂီယိုကလည်း သူ့ရဲ့ကစားသမားဘ၀ ခြေစွမ်းကျချိန် ၊ ဒဏ်ရားများနဲ့ ရုန်းကန်နေရတဲ့အချိန်မှာ သူကိုးကွယ်ယုံကြည်ထားတဲ့ ဗုဒ္ဓဘာသာက နည်းလမ်းများပြသပေးခဲ့တယ်လို့ ပြောပါတယ် ။

တရုပ်ပြည်က နာမည်ကျော်ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ ယောင်မင်းကလည်း ယခုအခါမှာ အမေရိကန် နိုင်ငံ ရဲ့ NBA ဘတ်စကတ်ဘောလဂ်မှာ ကစားလျက်ရှိပြီး ဗုဒ္ဓဘာသာ ကသာသူ့ကို အချိန်တိုင်း လွှမ်းမိုးလျက်ရှိတယ်လို့ ပြောပါတယ် ခင်ဗျာ ။

ကမ္ဘာကျော်ရုပ်ရှင်မင်းသား ကနူးရိစ်က တော့ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ ရုပ်ရှင် ဖြစ်တဲ့ The Little Buddha ကို ရိုက်ကူးနေရင်း ဗုဒ္ဓဘာသာကို စိတ်ပါဝင်စားလာတာလို့သိရပါတယ် ။သူဟာသူ့ကို ဗုဒ္ဓဘာသာဝင်ပါလို့ ပရိသတ်က ပြောဆိုနေကြတာကိုလည်း မငြင်းဆိုသလို ဗုဒ္ဓဘာသာဝင်ပါလို့လဲ တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး ။

နောက်ထပ် ကမ္ဘာကျော် ရုပ်ရှင်မင်းသား ဗုဒ္ဓဘာသာဝင် တဦးဖြစ်တဲ့ Richard Gere ကလည်း Sharon Stone , Harrison Ford တို့နဲ့အတူ Gere Foundation ကနေတဆင့် အနောက်ကမ္ဘာမှာ ဗုဒ္ဓဘာသာပြန့်ပွားလာဖို့အတွက် ပရဟိတလုပ်ငန်းတွေ အထူးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ် ။

ရုပ်ရှင်မင်းသမီး ၊ အဆိုတော် Jennifer Lopez ကတော့ Richard Gere နဲ့အတူတူ ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်တဲ့ Shall we dance ကို ရိုက်ကူးရင်းနဲ့ ဗုဒ္ဓဘာသာအပေါ်မှာ စိတ်ပါဝင်စားလေ့လာမှု ရှိလာတာပါတဲ့ ။

ကမ္ဘာကျော် ဘောလုံးသမား ဒေဗစ်ဘက်ခမ်း ကတော့ သူ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိ စာအုပ်ထဲမှာ သူဟာ ဗုဒ္ဓဘာသာကို ကူးပြောင်းပြီးပြီဟု ဖော်ပြထားတယ်လို့ သိရှိရပါတယ် ။

ဗုဒ္ဓဘာသာဘုန်းကြီးတပါးလည်း ဖြစ်ခဲ့ဘူးပြီး ၊ယခုအခါ ကိုလံဘီယာတက္ကသိုလ် မှာ ပါမောက္ခ တဦးလည်းဖြစ် ၊ တိဘက် ဗုဒ္ဓဘာသာ ကျွမ်းကျင်သူ တဦးလည်းဖြစ်တဲ့ ဖခင်ကြောင့် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်လာတဲ့သူကတော့ အမေရိကန်ရုပ်ရှင်မင်းသမီး Uma Thurman ဖြစ်ပါတယ် ။

Pirate of Caribbean ရုပ်ရှင်ဇတ်ကားရဲ့ သရုပ်ဆောင်ဆောင်မင်းသားတဦးဖြစ်တဲ့ Orlando Bloom ကလည်း ဗုဒ္ဓဘာသာဝင်တဦးပါ ။ ချစ်သူ က ဗုဒ္ဓဘာသာ ဖြစ်လို့ ဗုဒ္ဓဘာသာအပေါ်ကို စိတ်ပါဝင်စား ပြီး ဗုဒ္ဓဘာသာဝင် ဖြစ်လာတဲ့ လူတစ်ယောက်ကတော့ Orlando Bloom ရဲ့ချစ်သူ Kate Boswoth ဖြစ်ပါတယ် ။ ဗုဒ္ဓရဲ့တရားနဲ့ ပတ်သက်ပြီး Kate Boswoth ရဲ့ ပြောပြချက်တွေကတော့ ဗုဒ္ဓရဲ့တရားဟာ မယုံကြည်နိုင်စရာ စိတ်အခြေအနေကို တွေ့ရပြီး အလွန်လှပတဲ့နေရာတစ်ခုအနေနဲ့လဲ တွေ့မြင်မိပါတယ် ။အခြေခံအားဖြင့် မိမိကိုယ်ကို ကောင်းတဲ့လူတစ်ယောက်အဖြစ် ပြောင်းလဲရောက်ရှိစေပြီး ဘာတွေအဓိကဖြစ်ချင်တယ်ဆိုတာကို ညွှန်ပြပေးပါတယ် ။ နောက်ထပ်ပြောချင်တာကတော့ တကယ့်ကို အံ့မခန်းပါဘဲ လို့ 0rlando Bloom ရဲ့ ချစ်သူဟောင်း Kate Boswoth ကဆိုပါတယ် ။

အသက် ၁၇ နှစ်အရွယ်တည်းက ဂျပန်ကိုရောက်ရှိပြီး ဂျပန်နိုင်ငံရဲ့ ဗုဒ္ဓဘာသာ အကြောင်းတွေ ၊ ယဉ်ကျေးမှုလက်ရာတွေကို လေ့လာသင်ယူခဲ့တဲ့လူကတော့ ကမ္ဘာကျော် ရုပ်ရှင်မင်းသား Steven Seagal ဖြစ်ပါတယ် ။သူဟာ အမေရိကကို မပြန်ခင် ဂျပနိုင်ငံမှာ ၁၅ နှစ်ကျော် နေထိုင်ခဲ့တယ်လို့ သိရပါတယ် ။ Steven Seagal က ၂၇ နှစ်လုံးလုံး သူဟာ တရားရှုမှတ်မှုကို လေးလေးနက်နက် လုပ်ကိုင်ခဲ့ပါတယ်လို့ ပြောပါတယ် ။ ဒါပေမယ့် သူယုံကြည်တာက ဇင် ဗုဒ္ဓဘာသာဖြစ်လို့ သူ့ရဲ့တရား ရှုမှတ်မှုဟာ ထေရ၀ါဒ နည်းကျမကျဆိုတာကတော့ ပြဆိုထားတာမတွေ့ရပါဘူး ။

ဘယ်လိုပဲဖြစ်နေပါစေ ၊ ကျွန်တော်တို့ လေးစားအားကျ တဲ့ celebrities တွေက ကျွန်တော်တို့ ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဂရုတစိုက်လေ့လာမှုတွေ ပြုလုပ်လျက်ရှိတယ်ဆိုတာ ယုံမှားသံသရရှိစရာ မလိုပါဘူး ။ အဲဒီလောက်ဆိုရင် စာဖတ်သူ သူငယ်ချင်းများလည်း ကျေနပ်အားရလိမ့်မယ်လို့ ယုံကြည်ပါတယ် ။ နောက်ထပ်လည်း စိတ်ဝင်စားဖွယ် အကြောင်းအရာလေးတွေကို အလျဉ်းသင့်သလို ဖော်ပြပေးအုံးမှာပါ ။ ဝေဖန် ၊ အကြံဥာဏ်ပေးချက်တွေကို လည်း အမြဲတမ်း ကြိုဆိုလျက်ရှိပါတယ်ခင်ဗျာ ။

မှတ်ချက် ၊ အင်တာနက်စာမျက်နှာရှိ အချက်အလက်များနှင့် ပြည်တွင်းထုပ် ဂျာနယ်တချို့ရှိ အချက်အလက်များ ပေါ်တွင် အခြေခံ၍ ကိုးကားရေးသားပါသည် ။

မေတ္တာဖြင့် ( h.pyae )

www.facebook.com/hpyae

www.ybt.yadanarbon.net

No comments: